“အခွင့်အရေးရှိတဲ့အချိန်မှာ ယူပါလို့ ပြောချင်တယ်” – သပြေပညာရေးဖောင်ဒေးရှင်းမှ စီနီယာပရိုဂရမ် မန်နေဂျာ ဦးစိုးလေးနှင့် တွေ့ဆုံခြင်း

0
1171

ပြည်ပကို ပညာသွားသင်ချင်သည့် အိပ်မက်ရှိသည့် လူငယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်ချင်သည့် လူငယ်များ၊ အင်္ဂလိပ်စာကို လေ့လာချင်သည့် လူငယ်များအတွက် အထောက်အကူဖြစ်မည်ဟု ရည်ရွယ်ပြီး ယင်းအစီအစဉ်များကို လုပ်ကိုင်နေသည့် သပြေပညာရေး ဖောင်ဒေးရှင်းမှ စီနီယာ ပရိုဂရမ် မန်နေဂျာ ဦးစိုးလေးအား တွေ့ဆုံ မေးမြန်းခဲ့သည်။

ပထမဆုံး သပြေက လုပ်နေတဲ့ အစီအစဉ်တွေကို ပြောပြပေးပါခင်ဗျာ။
သပြေမှာက Program ၄ ခုရှိတယ်။
နံပါတ် ၁ က CLASS (Community Leadership And Social Study)။ အဲဒါက တစ်နှစ်သင်တန်းပါ။ ဒီသင်တန်း က Scholar အပြည့်အဝ ထောက်ပံ့တယ်။ အဆောင်ထား ပေးတယ်။ ကျောင်းစရိတ် က Free။ တိုင်းရင်းသား ပေါင်းစုံကို ရွေးတယ်။ ၁၈ နှစ်အထက် ဖြစ်ရမယ်။ အနည်းဆုံး ၁၀ တန်းအောင်တဲ့သူ ဖြစ်ရ မယ်။ ကိုယ့်နေရာဒေသကို ပြန်ပြီး ဦးဆောင်မယ့် သူမျိုး ကို အဓိက ရွေး တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာ ပညာသင်ကြားချင်တဲ့သူ တွေကို ရွေး တယ်။ သင်တန်း ကာက ၉ လပါ။ သုံးလ တက် တစ်လနား။ တစ်နှစ်ကို သုံးခါ ခေါ်တယ်။ မေလ၊ စက်တင်ဘာနဲ့ ဇန်နဝါရီလတွေမှာ။ တစ်ခါခေါ်ရင် ၂၀ ကနေ ၂၂ ယောက်အထိ ခေါ်ပါတယ်။ သင်ကြားရေးအပိုင်းကတော့ နိုင်ငံခြား ဆရာ ^ မတွေများတယ်။ ဆရာ ၅ ယောက်ရှိရင် နိုင်ငံခြားသားက ၄ ယောက်၊ ပြည်တွင်းက ဆရာတစ် ယောက်ပေါ့။

သင်တန်းမှာ ဘာတွေ သင်ကြားပေး တာလဲဆရာ။
အင်္ဂလိပ်စာ၊ လူမှုရေးသိပ္ပံ၊ အဲဒီမှာ Politic တို့ International Relation -ship တို့ ပါတာပေါ့။ ပြီးရင် ပြည်သူ့ နီတိ၊ Environment ၊ Research ၊ Project Management အဲဒါတွေသင် တယ်။ တစ်ပတ်တစ်ခါ စနေနေ့တွေဆိုရင် DVB Debate Class ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ လွှတ်ပေးတယ်။ ပြီး တော့ ကျွန်တော်တို့ဆီက ကျောင်းသား တွေကို နိုင်ငံခြားက အထူးသဖြင့် US၊ ကိုရီးယားနဲ့ အခြားနိုင်ငံက ကျောင်း သားကျောင်းသူတွေ လာတယ်။ အချင်း ချင်း ပညာရပ်တွေ ဖလှယ်ကြတယ်။ မြန် မာနိုင်ငံက နာမည်ကြီး ခေါင်းဆောင် တွေကို ဖိတ်ပြီး စကားပြောခိုင်းတဲ့ Special Talk အစီအစဉ်တွေလည်း ရှိတယ်။ နောက်ပြီးတော့ Service Learning အတွက် နယ်တွေမှာ အင်္ဂလိပ်စာ တစ်လ သွားသင်ခိုင်းတယ်။ ကိုယ်လာတဲ့ နေရာ မျိုး မပို့ဘူး။ ဥပမာ ထားဝယ်က လာတဲ့ သူဆိုရင် ထားဝယ်ပြန် မပို့ဘူး။ အခြားနေ ရာမှာ သွားသင်ဖို့လွှတ်တယ်။ အတွေ့ အကြုံ အသစ်အဆန်းတွေ ရအောင်လို့။
u_soe_lay
နိုင်ငံခြားမှာ တက်ချင်တဲ့ ကျောင်း သားတွေရှိရင် ကျွန်တော်တို့နဲ့ တိုင်ပင်ပြီး လျှောက်လို့ ရတယ်။ ကျောင်းပြီးသွားလို့ ELP နဲ့ သုံးလ အလုပ်လုပ်လို့ရတယ်။ ကလေးတွေက သူတို့လုပ်ချင်တဲ့နေရာ ရှိပြီဆိုရင် ကျွန်တော်တို့က အဲဒီအဖွဲ့နဲ့ ချိတ်ဆက်တယ်။ ဩ့ ထိုးတယ်။ ကလေးက အဲဒီမှာ အလုပ်ဝင်ရင် သုံးလ အတွက် ကျွန်တော်တို့က ထောက်ပံ့ပေး တယ်။ သုံးလကျော်သွားလို့ အဲဒီအဖွဲ့ အစည်းက ဆက်ခန့်မယ်ဆိုရင်တော့ သူတို့က ပေးရတာပေါ့နော်။ ဦးစီးဦး ဆောင် လုပ်ချင်တဲ့သူတွေအတွက် ဒီသင် တန်းက အရမ်းကောင်းပါတယ်။ ဒါကြောင့် ဖိတ်ခေါ်ပါတယ်လို့။

အခြားအစီအစဉ်တွေကိုလည်း ပြောပြပေးပါဦးဆရာ။
နောက်တစ်ခုကတော့ SSSELP (Scholarships Student Support and Experiential Program) ပါ။ Scholarship နဲ့ ပတ်သက်ပြီးတော့ သပြေက စီမံခန့်ခွဲမှု လုပ်ပေးတာပါ။Decision အပိုင်းကို မလုပ်ပါဘူး။ သပြေက ကမကထ လုပ်ပေးတဲ့ Scholar တွေက နံပါတ်(၁)United World College ၊ အဲဒီမှာ ၁၀ တန်းအောင် ၁၆ နှစ်က နေ ၁၉ နှစ်အထိ လျှောက်လို့ ရတယ်။ ဘယ်သူမဆို လျှောက်လို့ ရတယ်။ ကလေးတစ်ယောက်က အနည်း ဆုံး အင်္ဂလိပ်စာ Pre-Intermediate Level ရှိရင် ပိုသင့်တော်တယ်။ ဒီနှစ်ဆို ၄ နိုင်ငံက ခေါ်တယ်။ US ၊ နော်ဝေး၊ ဟောင်ကောင်နဲ့ တရုတ်။ ဒီဟာကို လျှောက်ရင် ပထမဆုံး ဖောင်ဖြည့်ရမယ်။ လျှောက်တဲ့သူ အားလုံး စာမေးပွဲမေး တယ်။ Reading နဲ့ Essay နှစ်ခုပါမယ်။ စာမေးပွဲကို သပြေက ကြီးကြပ်ပေးတယ်။ ရန်ကုန်မှာ လာဖြေရမှာပါ။ အဲဒါက Full Scholarship ပါ။ ရတဲ့နိုင်ငံမှာ အခမဲ့ ကျောင်းသွားတက်လို့ ရပါမယ်။
နောက်တစ်ခုက IB Diploma ၂ နှစ် သင်တန်းပါ။ ၂ နှစ်ပြီးရင် Full Scholar နဲ့ US မှာကြိုက်တဲ့မေဂျာပြန် လျှောက်လို့ ရတယ်။ ပုံမှန်ကတော့ ဟောင်ကောင်က နှစ်စဉ်ခေါ်တယ်။

နောက်တစ်ခုက Prospect Burma ၊ ဒီ Scholar က Level သုံးခု လျှောက်လို့ ရတယ်။ Bachelor ၊ Master နဲ့ PhD။ မေဂျာတိုင်းလျှောက် လို့ရတယ်။ ကြိုက်တဲ့နိုင်ငံ ကြိုက်တဲ့ကျောင်း လျှောက် လို့ရတယ်။ အာရှကတော့ လွယ်တာ ပေါ့နော်။ အနောက်နိုင်ငံတွေမှာကတော့ ကျောင်းကို အရင်လျှောက်ဖို့လိုတယ်။

နောက်ဆုံးတစ်ခုက Hong Kong Scholarship ။ အဲဒါက များသော အားဖြင့် Bachelor ပေးတာ များတယ်။ ဟောင်ကောင်က တက္ကသိုလ်ငါးခုက ခေါ်တယ်။ အဲဒါတွေအားလုံးက SSSELP က Scholarships Student Support (SSS) ပေါ့နော်။ ELP က တော့ ကျွန်တော်တို့ရဲ့ Class ကျောင်း သားတွေလိုမျိုး အခြား တက္ကသိုလ် ကျောင်းတွေက ကျောင်းသားတွေရော၊ ကျောင်းပြီးလို့ လုပ်ငန်းအတွေ့ အကြုံရှာ ချင်တဲ့သူတွေကို အလုပ်သင်အတွက် သုံးလထောက်ပံ့ပေးတယ်။ မြန်မာပြည် မှာ ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ ကိုယ် လုပ်ချင်တဲ့ အဖွဲ့အစည်းရှိရင် ကျွန်တော် တို့ကို ချိတ်ဆက်လိုက်။ အဲဒီအဖွဲ့အစည်း နဲ့ချိတ်ဆက်ပြီး ၃ လစာ ထောက်ပံ့ပေး တယ်။

ဆရာတို့ဆီမှာ အွန်လိုင်းကနေပြီး တော့လည်း အင်္ဂလိပ် သင်ပေးတယ်လို့ သိရပါတယ်။ အဲဒါလေး ရှင်းပြပေးလို့ ရမလား။
အဲဒါက Exam Preparation Outreach Program(EPOP) ၊ အင်္ဂလိပ်စာ တိုးတက်ချင်တဲ့သူတွေကို သင်ပေးတာတစ်ခုပေါ့။ ဒီဟာကို ဖွင့်တာ က အလုပ်သမားတွေ အလုပ်လုပ်နေရင်းနဲ့ တက်လို့ရအောင်။ တစ်နေ့ကို ၂ နာရီ အချိန်ပေးရတယ်။ စနေ၊ တနင်္ဂနွေမှာ စာမေးပွဲဖြေရတယ်။ EPOP တက်မယ် ဆိုရင်တော့ Internet ချိတ်လို့ ရမှ အဆင်ပြေမယ်။ EPOP က Level သုံးခု ခွဲတယ်။ Academic English 1 ၊ Academic 2 နဲ့ ITP TOEFL ပါ။ ITP TOEFL ပြီးတဲ့သူတစ်ယောက်ကို သပြေက ITP TOEFL real test အ တွက် အကုန်အကျခံပေးတယ်။ ထိုင်းမှာ သွားဖြေဖို့ မလိုဘူး။ ကျွန်တော်တို့ဆီမှာ ဖြေလို့ရတယ်။ တကယ်လို့ ထားဝယ်မှာ ဖြေမယ့်သူ ငါးယောက်ရှိမယ်ဆိုရင် ရန်ကုန်လာဖို့ မလိုဘူး။ ထားဝယ်မှာပဲ ဖြေလို့ရတယ်။

နောက် Program တစ်ခုကတော့ CD (Curriculum Department) ပါ။ Educacia လို့လည်း ခေါ်တယ်။ သက်ကြီးရွယ်အိုသမားတွေကို စာပြန် လေ့လာနိုင်အောင် အင်္ဂလိပ်စာအုပ်တွေ ထုတ်ပေးတဲ့ အစီအစဉ်ပါ။ ပြီးတော့ Elementary ၊ Pre-Intermediate ၊ -Social Science စသဖြင့် CD အခွေ တွေ ထုတ်တယ်။ ရန်ကုန်မှာဆိုရင် စာအုပ်တွေနဲ့ အခွေတွေကို ဈေးချိုချိုနဲ့ ဝယ်လို့ရတယ်။ နယ်ကလူတွေဆိုရင် Download လုပ်လို့ ရပါတယ်။


ဘယ်လိုလူမျိုးတွေက ဆရာတို့ရဲ့ ဘယ်အစီအစဉ်တွေကို Join သင့်လဲ ဆရာ။

Class ကတော့ ၁၈ နှစ်အထက် လူငယ်တွေအတွက် သင့်တော်တယ်။ ကိုယ့်ဒေသကို ဦးဆောင်မယ့် သူတွေနဲ့ နိုင်ငံခြား ပညာသင်သွားမယ့်သူတွေ အတွက် ပိုသင့်တော်တာပေါ့နော်။ အင်္ဂလိပ်စာ တိုးတက်ချင်ပေမယ့် အလုပ် မအားတဲ့သူတွေအတွက်ကတော့ EPOP တက်သင့်ပါတယ်။ လူကြီးရော၊ လူငယ် ရော အင်္ဂလိပ်စာ ဗဟုသုတ တိုးချင်တယ် ဆိုရင်တော့ CD က ထုတ်တဲ့ စာအုပ် တွေကို လေ့လာသင့်တယ်။

ပြည်တွင်းရော ပြည်ပရော ပညာ သင်ဆုတွေအတွက် လူငယ်တွေအနေနဲ့ ဘာတွေ ပြင်ဆင်သင့်လဲ။
Four Skills အင်္ဂလိပ်ကို Pre-Intermediate ၊ Intermediate ပြီးအောင် သင်ထားသင့်တယ်။ လုပ်ငန်း အတွေ့အကြုံ နည်းနည်းပါးပါးရှိသင့် တယ်။ အဖွဲ့အစည်းတွေမှာ Volunteer ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒါက ပိုအကျုံးဝင် တယ်။ နောက်ပြီး ကိုယ့်ဒေသကို ဖွံ့ဖြိုး အောင် ပြန်လုပ်ချင်တဲ့သူဆိုရင်တော့ ပို ကောင်းတာပေါ့နော်။ အနည်းဆုံး ဒီသုံး ချက် ရှိသင့်တယ်။
နိုင်ငံခြား ကျောင်းတွေလျှောက် ချင်ရင် TOEFL မဟုတ်ရင် IELTS လိုလိမ့်မယ်။
Master ဘွဲ့အတွက်ဆိုရင် TOEFL အမှတ် ၅၅၀ ကနေ ၅၈၀ ကြား၊ IELTS ဆိုရင် အမှတ် ၆ ကနေ ၆.၅ အထိ။

နိုင်ငံအလိုက် ကျောင်းအလိုက် အမှတ်တွေက ဘယ်လိုကွာခြားလဲ ဆရာ
သိပ်မကွာပါဘူး။ ဥပမာ Master အတွက် ထိုင်းမှာ TOEFL ၅၅၀ ဆိုရင် အနောက်နိုင်ငံတွေမှာ ၅၇၀၊ ၅၈၀ စသဖြင့် အဲလိုတော့ ကွာတာပေါ့။

နိုင်ငံခြားတက္ကသိုလ်လျှောက်ချင်တဲ့သူတွေကို ဘယ်လို အကြံပေးချင်တာ ရှိလဲ။
လုပ်ငန်းအတွေ့အကြုံ ရှိဖို့လို တယ်။ တစ်နှစ်၊ နှစ်နှစ် ဆို ပိုသင့်တော် မယ်။ အရေးကြီးတာက Future Planကို ကောင်းကောင်း ပြောနိုင်ရမယ်။ ကျောင်းပြီးလို့ ပြန်လာရင် ဘာလုပ်မလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင် အောင် ပြောတတ်ရမယ်။ စိတ်ကူးယဉ် ဆန်တာမျိုး မဖြစ်ရဘူး။ ပြီးတော့ အာရှ ထက်စာရင် အနောက်နိုင်ငံတွေမှာက စိန်ခေါ်မှုပိုများတယ်။ စိန်ခေါ်မှု နည်းတဲ့ ဟာကို ကြိုက်ရင် အာရှကိုပဲ လျှောက်ပါ လို့ အကြံပြုချင်ပါတယ်။

စိန်ခေါ်မှုပိုများတယ်ဆိုတာက ဘယ်လို စိန်ခေါ်မှုတွေပါလဲ။
အနောက်နိုင်ငံတွေက ပညာရေး အဆင့်အတန်းလည်း မြင့်တယ်။ နောက် တစ်ခုက အာရှနဲ့ မတူတဲ့ နေရာ ထိုင်ခင်း၊ ရာသီဥတုအခြေအနေ၊ လူမှုရေး စသဖြင့် ကိုယ့်နေရာနဲ့ မတူတာတွေ အများကြီး ရှိတယ်။ ဖိစီးမှုတော့ရှိတာပေါ့နော်။ အဲ ဒါကြောင့် အဲဒီမှာနေဖို့ ဒီလို စိန်ခေါ်မှု တွေလည်း ရှိတယ်လို့ ပြောတာပါ။ အာ ရှမှာလည်း ကြိုးစားရင် ကြိုးစားသ လောက်ရပါတယ်။

နောက်ဆုံးအနေနဲ့ တနင်္သာရီတိုင်း က လူငယ်တွေကို ဘာများပြောချင်တာ ရှိပါလဲဆရာ။
ကျွန်တော့်အနေနဲ့ ဒီက လူငယ် တွေကို ပြောချင်တာကတော့ ဖြစ်နိုင်ရင် အင်္ဂလိပ်စာ သင်တန်းတွေတက်သင့်အ တယ်။ ကျွန်တော်တို့ဆီက Program တွေ၊ အင်္ဂလိပ်စာတိုးတက်ချင်ရင် ITP TOEFL ၊ EPOP တွေ ကို လုပ်တာတို့၊ စာအုပ်တွေ ဒေါင်းတာတို့ လုပ်သင့်တယ်။ ဒီမှာရှိတဲ့သူတွေကို အားပေးချင်တာ ကတော့ စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းက ကြိုးစားရင် ကြိုးစား သလောက်သွား လိမ့်မယ်။ အဲဒီအခွင့်အရေးရှိတဲ့ အချိန်မှာ ကျေးဇူး ပြုပြီးယူပါလို့ ပြောချင်တယ်။ ကျွန်တော်တို့တွေက အနာဂတ်ရဲ့ ခေါင်းဆောင်တွေမို့လို့ ဒီလိုမျိုးအခွင့်အရေးတွေက ယူတတ်ရင် ယူတတ်သလိုမျိုးသွားမယ်။ စကားပုံရှိသလို သိသူဖော်စား၊ မသိသူ ကျော်သွားပေါ့နော်။ သိတဲ့သူက ကြိုးစားပြီး လုပ်သွားလိမ့်မယ်။ မသိရင် နောက်ကျကျန်ခဲ့လိမ့်မယ်။ အဲဒါကြောင့် ဒီမှာရှိတဲ့ လူငယ် တွေအားလုံး ကြိုးစားပါ။ အခွင့်အရေးတွေ ယူကြပါလို့ ပြောချင်ပါ တယ်။