ကော့သောင်းတွင် မီးဘေး သရုပ်ပြ ပညာပေးမှုများ ဆက်တိုက်ပြုလုပ်

0
415

နိုင်ငံအနှံ့ မီးဘေးအန္တရာယ် ကျ ရောက်နေသည့်အတွက် ကော့သောင်းမြို့ တွင် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အန္တရာယ်ကျရောက်ပါက အရေးပေါ် ကာကွယ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ် ပြီး မီးဘေးသရုပ်ပြ ပညာပေးမှုများကို ယခုလအတွင်း ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ကော့သောင်းမြို့နယ် မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။


စာသင်ကျောင်း ၊ ဈေး ၊ လှေဒေါင့်၊ အိမ်တွင်းမူကျောင်းနှင့် မြို့ပေါ် ရပ်ကွက် များတွင် မီးသတိပေး လက်တွေ့ သရုပ်ပြခြင်း ၊ ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပုံ ပညာပေး ရှင်းလင်းပွဲများ ပြုလုပ်လျက်ရှိသည်ဟု ကော့သောင်းမြို့ နယ် မီးသတ် ဦးစီးမှူးက ပြောသည်။
“ညအချိန် မီးသုံးစွဲမှု သတိပြုဖို့၊ သုံးစွဲပြီးကျန်တဲ့ မီးကြွင်း မီးကျန်တွေ မထားဖို့ နေရာတိုင်း မီးသတ် ဆေးဗူး အသင့်ဆောင်ထားဖို့စတဲ့ လိုအပ်ချက် တွေကို  ပြည်သူတွေ ဘက်က ဂရုစိုက်ဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကျေးရွာများတွင်လည်း ယင်းသို့ ပညာပေးမှုများ ပြုလုပ်နေ သည်ဟု ပြောသည်။
၂၀၁၆ ခုနှစ် နှစ်စ ဇန်နဝါရီလ ၄ ရက်က ကော့သောင်း ဘုရင့်နောင်ဈေး အပေါ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။