မီးသုံးစွဲမှု တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးအကြံပြုမည်

0
360

ပူပြင်းခြောက်သွေ့သည့် ရာသီဖြစ် လာပြီး မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ် ပွားလာသည့်အတွက် ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှစတင်ကာ မီးသုံး စွဲမှုအား တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေး အကြံပြုသွားမည်ဟု တနင်္သာရီတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ တိုင်းဦးစီးမှူးရဲသူရိန် ဦးခင်မောင် ရီက ပြောကြားသည်။


မီးဘေး အန္တရာယ်ကင်းဝေးစေရန် အတွက် ဖေဖော်ဝါရီလ နောက်ဆုံးအပတ် မှ စတင်ကာ တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်^ကျေးရွာများတွင် ဒေသအရန် မီးသတ်တပ်ဖွဲ့များ ပါဝင်သည့် မီးဘေး တားဆီးရေးနှင့် ကြီးကြပ်မှု ကော်မတီမှ မီးသုံးစွဲမှု တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ စစ်ဆေးခြင်းနှင့် ရပ်ကွက် အလိုက် ဆော်ဩခြင်းအပြင် ရပ်ကွက် အတွင်း လမ်းဆုံလမ်းခွများ၊ လူစည်ကား သည့်နေရာများတွင်လည်း မီးဘေး အန္တရာယ်နှင့်ပတ်သက်သည့် ပညာပေး လက်ကမ်းစာစောင်များကိုလည်း လိုက်လံ ဝေငှသွားမည်ဟု တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ဦးစီးမှူးက ဆိုသည်။
“ကိုယ့်အိမ်ကစပြီး မီးမလောင် အောင် ကာကွယ်တားဆီးပေးစေ ချင် တယ်”ဟု တိုင်းဦးစီးမှူး ရဲသူရိန် ခင်မောင်ရီက ပြောသည်။
ထို့အပြင် တိုင်းအတွင်းရှိ မြို့နယ် များတွင် မနက်၊ နေ့လယ်နှင့်ည တစ် ရက် သုံးကြိမ် မီးဘေးကြိုတင် ကာကွယ် ရေး ဆော်ဩခြင်း ကို ပုံမှန်ဆောင်ရွက် လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကဲ့သို့ မီးဘေးဆော်ဩသည့် ကားမှာ ရပ်နားခြင်း မရှိဘဲ တောက် လျှောက် မောင်းနှင်သွားသည့် အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးအတွက် လိုက်လံနှိုးဆော်နေမှန်းသိ သော်လည်း မီးဘေးနှင့်ပတ်သက်၍ မည် သည့် အချက်များကို ပြောဆိုသွားသည် ကို လုံးဝမသိရှိကြောင်း ထားဝယ်မြို့ တလိုင်းမရပ်ကွက်မှ ဦးတိတ်လွင်က ဆိုသည်။
“တကယ် နှိုးဆော်မယ်ဆိုလည်း ထိထိရောက်ရောက် လုပ်စေချင်တယ်”ဟု ဦးတိတ်လွင် ကပြောသည်။
ယင်းအပြင် တိုင်းဒေသကြီးအတွင်း မီးချိတ်၊ မီးခတ်၊ သဲပုံး၊ ရေပုံးများ အိမ် တိုင်း ထားရှိစေရန်လည်း စည်းရုံး လုပ် ဆောင်သွားမည်ဟု တိုင်းဦးစီးမှူးက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း ဇန်န ဝါရီလ၁ ရက်မှ ဖေဖော်ဝါရီလ ၁၃ရက် အထိ မီးလောင်မှု၁၄ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာန မှတ် တမ်းအရ သိရသည်။