ကျောက်ထုတ်စခန်းမှ ကျောက်စများ နေအိမ်အချို့ပေါ်သို့ လွှင့်စင်မှုများ ရှိနေ

0
458

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု ကျောက်ဖျာကျေးရွာရှိ ကျောက် ထုတ်စခန်းမှ ကျောက်စများ နေအိမ် အချို့ပေါ်သို့ လွှင့်စင်မှုများရှိနေကြောင်း ယင်းကျေးရွာသားတစ်ချို့ထံမှ သိရသည်။

broken_stone
ယင်းကဲ့သို့ ကျောက်စများ လွှင့်စင် လာနေသဖြင့် လူများထိခိုက်မှုများရှိလာ နိုင်ပြီး ကလေးငယ်များအတွက် စိုးရိမ်ရ သဖြင့်သက်ဆိုင်ရာဌာနများသို့ နေအိမ် တစ်ချို့မှ လက်မှတ်ထိုးပြီး ကျောက်မိုင်း လုပ်ငန်းကို ရပ်နားပေးရန် ယခုရက်ပိုင်း အတွင်း တင်ပြတောင်းဆိုသွားမည်ဟု ကျောက်ဖျာရွာသားတစ်ချို့ ဆိုသည်။
လွင့်စင်လာသည့် ကျောက်စများ သည် ခေါင်းမိုးသွပ်ပြားအား ဖောက်ပြီး မျက်နှာကျက်အထိ ကျလာကြောင်း ကျောက် ဖျာ ရွာနေ ဒေါ်မိချိုလတ်က ပြောသည်။
” အခုတော့ လက်မှတ်တွေ စု ဆောင်းနေတုန်းပါ” ဟု ကျောက်ဖျာရွာနေ ဦးမင်းလွင်က ပြောသည်။

ကျောက်ထုတ်စခန်းက တောင် ပေါ်အနေထားတွင် တည်ရှိနေပြီး နေ အိမ်များက မြေနိမ့်အနေအထားတွင် တည်ရှိနေသောကြောင့် ယင်းကဲ့သို့ ကျောက်စများ လွှင့်ထွက်လာခြင်းဖြစ် ကြောင်း နေအိမ်များတွင်နေထိုင်သူ များ က ပြောပြသည်။

အဆိုပါ ကျောက်ထုတ်စခန်းသည် မြိတ်မြို့ ကျွဲကူးကျေးရွာနှင့်ကျောက်ဖျာ ရွာသို့ဆက်သွယ်ထားသည့် ကျွဲကူး-ကျောက်ဖျာ တံတားထိပ်တွင် တည်ရှိ နေပြီး ကျောက်ထုတ်စခန်းနှင့် နေအိမ် များကြားတွင်ကားလမ်းမကြီး တစ်ခု ရှိကာ လှမ်းမြင်နေရသည့် အကွာအဝေး သာရှိကြောင်း ကျောက်ဖျာရွာသား တစ်ချို့က ပြောပြသည်။