ရေပိုက်လိုင်းပေါက်သဖြင့် သောက်သုံးရေ အခက်အခဲ ၃ ရက် ခန့်ကြုံ

0
574

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရေပိုက် လိုင်းပေါက်ကွဲခဲ့သဖြင့် သောက်သုံးရေ အခက်အခဲ ၃ ရက်ခန့် ကြုံခဲ့ရကြောင်း ယင်းမြို့နယ် ဒေသခံတစ်ချို့ထံမှ သိရ သည်။

မြို့အဝင်တံတားထိပ်တွင် မြေတူးစက် ဖြင့် ရေမြောင်းဖော်စဉ် ပင်မရေပိုက်လိုင်း ကိုထိပြီး ပိုက်ကွဲသွားသဖြင့် ယင်းသို့ ရေ ပြတ်လပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းမြို့ နယ် ရေပေးဝေကော်မတီ ဥက္ကဋ္ဌ ဦးအင် ကိုက ပြောသည်။ပိုက်လိုင်းပေါက်ကွဲပြီး ပိုက် အတွင်းသို့ ကျောက်စရစ်ခဲများ၊ ရွှံ့မြေ များပါလိုက်ခဲ့သဖြင့် ကန်ထဲရှိ ရေများကို တစ်ညလုံး ဖွင့်ချလိုက်ရကာ ရေပြန်ဖြည့် နေရသဖြင့် ရေပေးဝေမှု နှောက်နှေးမှုတစ် ချို့ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ရေပေး ဝေရေး ကော်မတီမှ သိရသည်။

“ရေမလာတာ သုံးရက်လောက် တော့ရှိပါပြီ၊ ဒီမနက်မှာ နည်းနည်းတော့ ပြန်လာနေပါတယ်” ဟု ချောင်းကြီး ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
တနင်္သာရီမြို့ရှိ နေအိမ် ၆၀၀ ကျော် အတွက် သောက်သုံးရေပေးဝေမှုကို ယင်း မြို့နယ်တစ်ဖက်ကမ်းရှိ ဓါးသွေးချောင်း မှ သွယ်ယူသည်ဟု ရေပေးဝေရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လခန့်မှ စတင်ပေးဝေနေခြင်းဖြစ်ပြီး နေအိမ်တစ် ဆောင်ကို တစ်လလျှင်ရေဖိုး တစ်ထောင် ကျပ်နှုန်းဖြင့် ကောက်ခံကြောင်း ကော်မတီ မှ သိရသည်။တနင်္သာရီမြို့နယ်ရှိ မြစ်ရေများ သည် ရေချိုဖြစ်ပြီး ဒေသခံများက သုံး ရေ ချိုးရေများအဖြစ် အသုံးပြုလေ့ရှိကြ ကြောင်း မြို့ခံများမှ သိရသည်။