ငြိမ်းချမ်းရေးထောက်ခံပွဲ လူဦးရေသတ်မှတ် တက်ရောက်စေသည့်အပေါ် ဝေဖန်

0
413

ရေးမြို့တွင် ဖေဖေါ်ဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက ရန်မျိုးအောင် ရပ်ကွက်၊ အ-ထ-က(၁)ကျောင်းအနီး ဘောလုံး ကွင်းတွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြိုဆို ထောက်ခံပွဲ အခမ်းအနားအတွက် လူဦးရေ သတ်မှတ် တက်ရောက် စေသည့်အပေါ် အဖွဲ့အစည်း အချို့က ဝေဖန်လျက်ရှိသည်။
ငြိမ်းချမ်းရေးဟူသည့် စကားလုံးကို သုံးပြီး ငြိမ်းချမ်းရေးကို တန်ဖိုးနည်းစေ မည့် လူအများစိတ်ပျက်စေသည့် လုပ်ရပ် မျိုးကို မလုပ်စေချင်ဟု မွန်ပြည်နယ် အရပ်သား အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းအောင်ထူးက ဆိုသည်။

peace_in_ye

“တည့်ပြောရရင် ငြိမ်းချမ်းရေး ထောက်ခံပွဲဆိုပြီး လူတွေကို အမိန့်နဲ့ ခေါ်၊ မဖြစ်မနေ လုပ်ခိုင်းတာမျိုးက အနှစ် သာရ မရှိတဲ့အတွက်ပါ။ လုပ်ပြီးရင် ပြီးရော၊ ငါတာဝန်ကျေလို့ အထက်လူ ကြီးတွေ သဘောကျရင်ပြီး ရောဆိုပြီး ဖြစ်လာမယ့် အကျိုးဆက်ကို မကြည့်ပဲ လုပ်နေတာမျိုးကိုတော့ မဖြစ်စေချင်” ဟု ဦးမင်းအောင်ထူးက ဝေဖန်သည်။ကလေးများ စာမေးပွဲဖြေနေသည့် ကာလတွင် ကျောင်းနှင့် ကပ်နေသည့် နေရာတွင် ယင်းကဲ့သို့သော ပွဲမျိုး မလုပ် သင့်ဟု မွန်ဒေသ အရပ်ဘက် ဖွံ့ဖြိုးရေး အဖွဲ့အစည်းမှ ဒါရိုက်တာ ဦးလွင်က ပြောသည်။

အင်းအားပြည့် လာရောက် ထောက် ခံအားပေးခြင်းဖြစ်သော်လည်း ငြိမ်းချမ်း ရေးကို အမှန်တကယ် လိုလားသည့် စိတ် ဓာတ်ဖြင့် လာတက်ခြင်းဖြစ်ကြောင်း ယင်း ပွဲသို့ တက်ရောက်သူတစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် အထောက်ကူပြု ကော်မတီဝင်များ၊ တိုင်းရင်းသားများ၊ ကျောင်းသား / သူအင်အား ၂၅၀ ခန့် အပါ အဝင် စုစုပေါင်းအင်အား ၁၀၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။