မီတာခ နှစ်လစာ ပေါင်းကောက်သဖြင့် မီးသုံးစွဲသူ အချို့အခက်တွေ့

0
390

ထားဝယ်မြို့တွင် လျှပ်စစ်သုံးစွဲ ခကို နှစ်လစာပေါင်း ကောက်ခြင်းကြောင့် ဓာတ်အား သုံးစွဲခပေးဆောင်ရန် အခက် အခဲ ဖြစ်ခဲ့ရကြောင်း မီးသုံးစွဲသူအချို့ က ပြောသည်။


ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့ တွင် ၂၀၁၅ ဒီဇင်ဘာလနှင့် ၂၀၁၆ ဇန်နဝါရီ လတို့အတွက် ဓာတ်အားသုံးစွဲခ နှစ်လစာ အတွက် ပေါင်းကောက်ခြင်းကြောင့် ငွေအလုံးအရင်း ပေးဆောင်ရသည့် အတွက် သာမန်လူတန်းစားများ အခက်အခဲ ဖြစ်ခဲ့ ရသည်ဟု ထားဝယ်မြို့ သင်္ဘောဆိပ်ရပ် ကွက်မှ ကိုသိုက်ထွန်းက ပြောသည်။
“ရှိတဲ့ငွေလေးကို လိုအပ်တဲ့ နေရာ တွေမှာ လှည့်ပတ်သုံးနေရတာ” ဟု ကိုသိုက်ထွန်းက ပြောသည်။
အချိန်မီ မပေးဆောင်နိုင်ပါက ဒဏ် ကြေးပေးဆောင်ရမည်ဟု ငွေတောင်းခံ လွှာတွင် ပါရှိသဖြင့် လက်ထဲရှိသည့် ငွေဖြင့် အချိန်မီ သွားရောက်ပေးဆောင် ခဲ့ရသည်ဟု ထားဝယ်မြို့မြောက်ရွာ ရပ်ကွက်မှ အသက် ၆၅ နှစ် အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။
” ဒီလို တစ်ပေါင်းတစ်စည်းထဲ ကောက်ခံလိုက်တော့ တော်တော်လေး ဒုက္ခ ရောက်သွားတာပေါ့” ဟုအဆိုပါ အငြိမ်းစားဝန်ထမ်းက ပြောသည်။
နောင်လာမည့်လများတွင် ဓာတ် အားခ တောင်းခံလွှာအား တစ်လတစ် ကြိမ် တောင်းခံနိုင်ရန် ကြိုးစား ဆောင် ရွက်သွားမည်ဟု DDPC လျှပ် စစ်ဓာတ် အားဖြန့်ဖြူးရေးမှ တာဝန်ရှိသူ ဦးအောင် ဇော်ဟိန်းက ဆိုသည်။
စာရင်းရှိလျှပ်စစ်မီတာအချို့ကို မြေပြင်တွင် ရှာမတွေ့သည့်အတွက် ပြန်တွေ့သည့်အချိန်မှ ဓာတ်အားသုံးစွဲခ ကောက်ခံသည့်အတွက် လျှပ်စစ်ဓာတ် အားသုံးစွဲခအား နှစ်လစာပေါင်းပြီး ကောက်ခံသကဲ့သို့ ဖြစ်သွားသည်ဟု ၎င်းက ဆိုသည်။
“ပြည်သူတွေရဲ့ အခက်အခဲကို စာနာ မိသလို မီးလင်းရေးလုပ်ငန်း သဘော သဘာဝကိုလည်း နားလည်ပေးစေချင် တယ်” ဟု ဦးအောင်ဇော်ဟိန်းက ပြော သည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအား စတင်ချိန်တွင် ဝန်ထမ်းများ အသစ်ဖြစ်သည့်အတွက် နယ်မြေမကျွမ်း ကျင်ခြင်းနှင့် မီတာများ နေရာအပြောင်း အလဲဖြစ်နေခြင်းတို့ကြောင့် စာရင်းရှိပြီး မြေပြင်တွင် ရှာမတွေ့သေးသည့် မီတာအလုံးရေမှာ ဖေဖော်ဝါရီလ ၁၈ရက် အထိ ၅၀၀ခန့်ကျန်ရှိနေ သေးသည်ဟု DDPC လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးရေး ထံမှ သိရသည်။