အထူးစီးပွားရေးဇုန် များ အကြောင်း ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပမည်

0
366

ထားဝယ် အထူးစီးပွားရေးဇုန် အပါ အဝင် မြန်မာ့အထူးစီးပွားရေးဇုန်များ အကြောင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊  Excel  Treasure Hotel ၌ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့အထူးစီးပွားရေးဇုန်များ- ရပ်ရွာလူထုအတွက် အခွင့်အလမ်းလား ထိန်းချုပ်မှုလား”  ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောကြမည်ဖြစ်ပြီး ဂျပန် တက္ကသိုလ် တစ်ခုမှ ပါမောက္ခတစ်ဦး၊ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းတွင် တစ်စိုက်မတ် မတ် လေ့လာနေသည့် ဂျပန်နိုင်ငံမှ ပါလီ မန်အမတ်တစ်ဦးတို့က စီမံကိန်းနှင့် ပက် သက်၍ ဟောပြော ဆွေးနွေးကြမည် ဖြစ် ကြောင်း ဆွေးနွေးပွဲစီစဉ်သူထံမှ သိရသည်။
ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပျက်နေသည့် အထူးစီးပွားရေး ဇုန် များ၏ အခြေအနေနှင့် မြန်မာနိုင်ငံ အထူး စီးပွားရေးဇုန်များ၏ အောက်ခြေ ဖြစ်ပျက်နေသည့် အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။