ကျောက္ကာမီးဘေးသင့် တက္ကသိုလ် ဝင်တန်း ကျောင်းသားများအတွက် ယာယီစာသင်ဆောင်ဖွင့်

0
391

အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ဆုံးရှုံး ခဲ့သည့်ပုလောမြို့နယ် ကျောက္ကာ ကျေးရွာ မှ ဆယ်တန်းကျောင်းသူ ကျောင်းသား များကို စာမေးပွဲ မဖြေမီ ရွာရှိ နေအိမ် တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၆ ရက်မှ စပြီး ယာယီစာသင်ဆောင် ဖွင့်လှစ်သင် ကြားနေကြောင်း ပုလောမြို့နယ် ပညာ ရေးမှူး ဒေါ်လှလှအေးက ပြောသည်။

မီးလောင်သွားသည့် ကျောက္ကာ အထက်တန်းကျောင်းတွင် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသူ^သား ၂၉ ဦးရှိပြီး ၎င်းတို့ အနက် ၂၀ ဦး၏ နေ အိမ်များသည် မီးလောင် ပျက်စီးရာတွင် ပါဝင်သည်ဟု ပညာရေးမှူးက ပြောသည်။ဆရာ ၆ ဦးဆရာမ ၇ ဦးဖြင့် သင် ကြားပေးမည်ဖြစ်ပြီး စာမေးပွဲကိုမူ ယခင် နှစ်များနည်းတူ ပလကျေးရွာတွင် သွား ရောက် ဖြေဆိုရမည်ဟု ၎င်းက ပြောသည်။

မီးဘေးသင့် ဆရာ၊ ဆရာမ တစ်ဦး လျှင် ငွေကျပ် ၅ သိန်း၊ သူငယ်တန်းမှ န၀မတန်းအထိ ကျောင်းသူ^သား တစ် ဦးလျှင် ငွေကျပ် ၃ သောင်းနှင့် တက္က သိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူ/ သား တစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်း အောင်က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်က ဖြစ်ပွား သည့် ကျောက္ကာမီးလောင်မှုကြောင့် အိမ် ခြေ ၂၉၇ အိမ် မီးလောင်ပျက်စီးခဲ့ပြီး ၃၄ အိမ် ပျက်စီးခဲ့ပြီး အထက်တန်း ကျောင်းခွဲ ၂ ထပ် ကျောင်းဆောင် တစ်ဆောင်လည်း ပါဝင်ခဲ့သည်ဟု ကျောက္ကာမီးဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးကော်မတီမှ ထုတ်ပြန် ချက်အရ သိရသည်။
ကျောက္ကာကျေးရွာတွင် အိမ်ခြေ ၇၀၀ ရှိသည်။