ဆိုင်ကယ်တိုက်ရာမှ မူးယစ်ဆေး ကွင်းဆက်တရားခံဟု ယူဆရသူအား ဖမ်းမိ

0
445

ထားဝယ်တွင် ဆိုင်ကယ်ချင်း တိုက်မှုဖြစ်ပွားရာက ထားဝယ်မြို့မ ရဲစခန်းမှ အလိုရှိနေသည့် မူးယစ် ဆေးဝါးအမှုတစ်ခု၏ တရားခံဟု သံသယရှိသူအား မူးယစ်ဆေးပြားများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ထား ဝယ်မြို့ မြို့မစခန်းထံမှသိရသည်။

ထားဝယ်မြို့ကမြောကင်းလမ်းတွင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ၂၀ရက်မွန်းလွဲပိုင်း က ဆိုင်ကယ်ချင်းတိုက်မိရာမှ ဒဏ်ရာရရှိသူသည်ရဲတပ်ဖွဲ့မှအလိုရှိနေသည့် ထားဝယ်တက္ကသိုလ် အနောက်ဖက်ချုံ အတွင်း ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှု၏ ကွင်းဆက်တရားခံဖြစ်ကြောင်း ထားဝယ် မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှုဖြစ်သည့်ဆိုင်ကယ် အား ထားဝယ်ရဲစခန်းတွင် စစ်ဆေးရှာဖွေရာဆိုင်ကယ်ထိုင်ခုံအောက်ခံခွက် အတွင်းမှ WY စိတ်ကြွဆေးပြား ၁၈၂ ပြား တွေ့ရှိခဲ့သည်ဟု ရဲစခန်းမှတ်တမ်း တွင်ဖော်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက် နေ့က ထားဝယ်တက္ကသိုလ် အနောက် ဖက်ချုံအတွင်း မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲသူငါးဦးအား ဝင်ရောက်ဖမ်းဆီးစဉ် သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးလွတ် မြောက်နေရာ ဖမ်းဆီးရမိသူမှာ ထွက်ပြေး လွတ်မြောက်နေသူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်ကြောင်း ထားဝယ်ရဲစခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ထားဝယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းကို ထားဝယ်မြို့မရဲစခန်းမှ မယ(ပ)၉ ^ ၂၀၁၆၊ မူးစိတ်ပုဒ်မ-၁၅ /၁၉(က)/ ၂၀ (က) အရအမှုဖွင့်ထားကြောင်းသိရသည်။