ထားဝယ်ဈေးကွက်အတွင်း ပျံ့ နေသည့် ထိုင်းရှာလကာရည် စားသုံးရန် မသင့်

0
520

ထားဝယ် ဒေသဈေးကွက်အတွင်း ပျံ့နှံ့နေသည့် ပုလင်းတွင်အပြာရောင် တံဆိပ်နှင့် ထိုင်းစာပါ ရှာလကာရည် သည် စာသုံးရန်မသင့်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက် နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော် ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည့် စားသုံးရန်မသင့်သော အစားအစာ အမျိုးအစား ၁၉ မျိုးမျိုး တွင် ထားဝယ်ဒေသအတွင်း တွင်ကျယ် စွာ အသုံးပြုနေသည့် ပုလင်းတွင် အပြာ ရောင်တံဆိပ်ပတ်ပါ ရှာလကာရည်များ ပါဝင်လာခြင်းဖြစ်သည်။”အဲဒီရှာလကာရည်က ဈေးကွက် ထဲမှာ တော်တော်လေး ကျယ်ပြန့်နေ တယ်” ဟု တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာန(FDI)မှ တိုင်းတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြော သည်။
နိုင်ငံပိုင် သတင်းစာများကတဆင့် ထုတ်ပြန်သည့်ထုတ်ပြန်ချက်တွင် အဆိုပါရှာလကာရည်သည် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ဖော်ပြထားသည်။
thai_vinegar
” အဏုဇီဝ သတ်မှတ်ချက်နဲ့ မညီ ဘူးဆိုတာက မှိုတက်နေတာဖြစ်နိုင်သလို ဘက်တီးရီးယား တစ်မျိုးမျိုးပါဝင်နေ တာလည်း ဖြစ်နိုင်တယ်။ စားမိရင် အနည်းဆုံးတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်။ အစာအဆိပ်သင့်တာတွေ ဖြစ် မယ်။ ရေရှည်အကျိုးသက်ရောက်မှု တွေ လည်း ရှိနိုင်တယ်” ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

စားသုံးရန်မသင့်ကြောင်း သတင်း စာတွင်မကြေညာမီ ပြီးခဲ့သည့် ဇန်နဝါရီ လလယ်က တိုင်း FDI သို့ ကြိုတင် အကြောင်းကြားထားပြီး ဇန်နဝါရီလ ကုန်က ထားဝယ်မြို့ရှိ စည်ပင်သာယာ ဈေးကြီးတွင် ဝင်ရောက် စစ်ဆေးခဲ့ပြီး မရောင်းချရန် အသိပေးခဲ့ကာ ဖေဖော်ဝါရီ လဆန်းတွင် ယင်းဈေးရှိ ဆိုင်ရှင်များ အားလုံးအား ကြေညာခဲ့သည်ဟု ၎င်းက ပြောသည်။

ထပ်မံ၍ ကွင်းဆင်းစစ်ဆေးရန် အစီအစဉ်ရှိပြီး တွေ့ရှိပါက သိမ်းဆည်း ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဆိုင်ရှင်ကို ခံဝန် ကတိလက်မှတ် ထိုးခိုင်းခြင်းတို့ကို လုပ် ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
“အဲဒီ ရှာလကာရည်ကသိပ်မချဉ်လို့ မသုံးဘူး။ အခြားဆိုင်တော်တော်များ များတော့သုံးကြတယ်” ဟု မောင်းမကန် ကမ်းခြေမှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦး က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးဦးစီးဌာနက စားသုံးရန် မသင့်သည့် အစားအစာများကို အလျဉ်း သင့်သလို ထုတ်ပြန်လေ့ရှိပြီး ယင်းသို့ မထုတ်ပြန်ခင်ကတိုင်းအစား အသောက် နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ဦးစီး ဌာနသို့ကြိုတင် စာပို့လေ့ရှိကာ တိုင်းမှ တဆင့် ခရိုင်^မြို့နယ်တိုင်း အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေးများကိုစစ်ဆေးရန် အကြောင်း ကြားလေ့ရှိကြောင်း သိရသည်။
တိုင်းအစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီက အခါ အားလျော်စွာဈေးများနှင့် ကျောင်းမုန့် ဈေးတန်းများတွင် ကွင်းဆင်းစစ်ဆေး လေ့ရှိပြီး သံသယဖြစ်ဖွယ် (ဥပမာ-အရောင်တောက်သော) မုန့်များ၊ အစား စာများကို နမူနာယူကာ ရန်ကုန်သို့ ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်လေ့ရှိပြီး စားသုံးရန်မသင့်ပါက နေပြည်တော်ရှိ တိုင်းအစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးဦးစီးဌာနက သတင်းစာ မှတဆင့် စားသုံးရန်မသင့်အစားစာများ ကို ကြေညာလေ့ရှိကြောင်း သိရသည်။