တနင်္သာရီမြို့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို စတင်အရေး ယူမည်

0
389

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စည်းကမ်းမဲ့မော်တော်ယာဉ်များကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး စတင်အရေးယူ ဆောင်ရွက်သွားမည် ဟု ယင်းမြို့နယ် ရဲစခန်း တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ် များ ကိုဥပဒေအရအရေးယူ ဆောင်ရွက် သွားမည်ကို ဌာနဆိုင်ရာများ၊ သက်ဆိုင် ရာ ရပ်ကွက်^ ကျေးရွာ အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် ကျေးလက်နေ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ကြိုတင်သိရှိ နိုင်ရေးနှင့် လေးစား လိုက်နာနိုင်ရန်အတွက်ကိုလည်း အသိပေးခြင်း၊ ကြော်ငြာ စာရွက်များ ဝေငှဖြန့်ဝေထားပြီး ဖြစ်ကြောင်း တနင်္သာရီ မြို့နယ်ရဲစခန်းမှ သိရသည်။

“အရင်တုန်းက အရေးယူမှုတွေ မရှိခဲ့ဘူး၊ အခုလမ်းတွေကောင်းလာပြီ၊ ယာဉ်တွေက များလာတယ်၊ စည်း ကမ်းမဲ့ မောင်းပြီး ယာဉ်တိုက်မှုတွေ ခဏခဏဖြစ်နေလို့စတင် အရေးယူ ရခြင်းဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
မော်တော်ဆိုင်ကယ် ဦးထုပ် မဆောင်းခြင်း၊ ဦးထုပ်ဆောင်းထား သော်လည်း မေးသိုင်းကြိုး တပ်ဆင် မထားခြင်းနှင့် အိတ်ဇောပိုက်ဖွင့်ပြီး အသံဆူညံစွာ မောင်းနှင်ခြင်းတို့အား ဦးစားပေးအနေဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ပြီး မော်တော်ယာဉ် ဥပဒေသစ်အရ ဒဏ်ငွေကျပ် သုံး သောင်းမှ ကျပ်ငါးသောင်းအထိ ဒဏ် ကြေး ပေးဆောင်ရမယ်ဟု ၎င်းက ပြောသည်။