မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၁၆ ရာခိုင်နှုန်းကျော်သာ ပြန်ဆပ်သေး

0
364

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၁၆ ရာခိုင် နှုန်းကျော်သာ ပြန်လည်ရရှိသေးကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး ဘဏ်ခွဲထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ဒေသခံ တောင်သူများအား ၂၀၁၅ခုနှစ်အတွက် ထုတ်ချေးထားသည့် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်းနီးပါးကို ဧပြီလ ၁၅ ရက် နောက်ဆုံးထား ပြန်ဆပ်ရန်သတ်မှတ် ထားပြီး လက်ရှိ ဖေဖော်ဝါရီလ ၁၁ ရက် အထိ သိန်းပေါင်း နှစ်သောင်းနီးပါး ပြန်လည်ကောက်ခံရရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၆.၄၉ရာခိုင်နှုန်း ပြန်ဆပ်ပေး ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (တနင်္သာရီတိုင်း ဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းနိုင်ကဆိုသည်။

“နှစ်တိုင်းတော့ ကြေအောင်ပြန် ဆပ်ကြတယ်။ ပြန်ဆပ်ချိန်တော့ တဖြည်းဖြည်း နောက်ကျလာတယ်” ဟု တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
ငွေချေးတောင်သူများအနေဖြင့် ချေး ငွေပြန်ဆပ်ရန် သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက ဒဏ်ကြေးအဖြစ် အတိုးနှုန်း အပါအဝင် ငွေကျပ်တစ်ရာ လျှင်တစ်ကျပ်နှုန်း ထပ်ဆောင်းပေးသွင်း ရမည်ဟု ဦးဝင်းနိုင်က ဆက်ပြောသည်။

လက်ရှိတွင် အတိုးနှုန်းများသည့် ပြင်ပအကြွေးများကို ဆပ်နေရသည့် အတွက် စိုက်စရိတ်ချေးငွေပြန်မဆပ်နိုင် သေးဟု လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာမှ လယ်သမား ဦးတရုတ်မဲက ဆိုသည်။”မဆပ်ဖြစ်သေးဘူး လကုန်ခါနီး မှဆပ်မယ်”ဟု ဦးတရုတ်မဲက ပြောသည်။