လွှတ်တော်ဝင်းသစ်တွင် လူငါးရာ ဆံ့ ဆန္ဒပြရန် နေရာထားရှိမည်

0
518

ထားဝယ်မြို့၊ ကမြောကင်းလမ်း တွင် အသစ်ဆောက်လုပ်နေသည့် လွှတ် တော်ရုံးဝင်းအတွင်း လူဦးရေငါးရာ ဆန္ဒပြနိုင်သော ပြည်သူ့ဟစ်တိုင် ထားရှိ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

ပြည်သူလူထု၏ ဆန္ဒကို လာရောက် ထုတ်ဖော်နိုင်စေရန်အတွက် ဟစ်တိုင် နေရာကို ထားရှိမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်ဖြင့် ဆောက် လုပ်မည်ဖြစ်ကြောင်း ဦးခင်မောင်အေး က ပြောသည်။new_hluttaw_building” ဒီနေရာမှာ လာပြီး ပြည်သူ့ဆန္ဒ တွေလာပြောနိုင်တယ်။ လူငါးရာလောက် ဆံ့တဲ့ ကွင်းပြင်ကြီးတစ်ခုကို Floor(အင်္ဂတေ) လောင်းဖို့ အစီအစဉ်ရှိတယ်။ အဲဒါက တကယ်လည်း လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
ဟစ်တိုင်ထားရှိခြင်းသည် ပြည်သူ့ အသံနားထောင်ပြီး အလုပ်လုပ် မည်ဟု ဆိုသည့် လွှတ်တော်အတွက် သာမက ပြည်သူလူထုအတွက်ပါ အကျိုးရှိမည် ဖြစ်ကြောင်း ဦးခင်မောင်အေးက ဆို သည်။

ဟစ်တိုင် ထားရှိမည့်အစီအစဉ် သည် လွှတ်တော် ဥက္ကဋ္ဌဟောင်း၏ အစီအစဉ်တစ်ခုဖြစ်ပြီး ယင်းအစီအစဉ် ကို ဆက်လုပ်ရန် ၎င်းကိုယ်တိုင်ကလည်း သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌ အသစ်ဖြစ်လာသည့် ဦးခင်မောင်အေးက ပြောသည်။
ဆောက်လုပ်နေသည့် လွှတ်တော် အဆောက်အအုံအသစ်သည် လက်ရှိ အချိန်တွင် ပြီးစီးသလောက်ရှိနေပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆောက် အအုံအတွင်းပိုင်း ပြင်ဆင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။