ဇီကာဗိုင်းရပ်စ် မကူးစက်ရေး နယ်စပ်ဂိတ်များတွင် စောင့်ကြည့်

0
331

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ်ရှိသူ များအား တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်ပေါက်များတွင် သတိထား စောင့်ကြည့်နေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နယ်စပ်ဝင်ပေါက်များဖြစ်သည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်နေပြီး ဖျားနာခြင်းကဲ့သို့သော သံသယဖြစ်ဖွယ် လက္ခဏာ များတွေ့ရှိ ပါက ၎င်းလာရောက်ခဲ့သည့် နေရာဒေ (ဇီကာ ဗိုင်းရပ်စ် ကူးစက်ရာဒေသက လာရောက်ခြင်းဟုတ်^မဟုတ်) အား စုံစမ်းပြီး ၎င်းအားဆက်လက်စောင့်ကြည့်သွားမည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
]]အခုချိန်ထိတော့ သံသယ လူနာ မတွေ့သေးပါဘူး}} ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်းအပြင် တစ်ဖက်တွင်လည်း ပြည်သူလူထုအတွင်း ဇီကာဗိုင်းရပ်စ် နှင့် ပတ်သက်သည့် အသိပညာပေး ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ဖေဖော်ဝါရီလ လလယ်ပိုင်းမှ စတင်ကာ မတ်လအထိ အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးအတွက်(သတိပေးနှိုးဆော်သည့်အဆင့်) ပြုလုပ် သွားမည်ဖြစ်ပြီး ဧပြီလတွင် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ကာ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

တိုင်းအတွင်း ဖျားနာသည့် ကိုယ် ဝန်ဆောင်မိခင်များအားလည်း စောင့်ကြပ်ကြည့်ရှုရန် စီစဉ်ထားသည်ဟု တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ဇီကာဗိုင်းရပ်ပိုးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် နေ့ခင်း အချိန်တွင် ကိုက်တတ်ပြီး ရေကြည် ရေသန့်တွင် ပေါက်ဖွားသည့် (အေးဒီးစ်) ခြင်၊ ခြင်ကျားအုပ်စုဝင်ခြင်ကိုက်ရာမှတစ်ဆင့် ရောဂါ ကူးစက်စေသည့်အတွက် ယင်းခြင်များအဓိက ပေါက်ဖွားရာရေပုံး၊ ရေခွက်စသည့် ခြင်ပေါက်ဖွားနိုင် သည့်နေရာများကိုဖုံး၊သွန်၊လဲ၊ စစ် စသည့် အစီအစဉ်ဖြင့် မိမိပတ်ဝန်းကျင်အား ထားရှိဆောင်ရွက်သင့် သည်ဟု ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ဇီကာဗိုင်းရပ်ရောဂါမှာ ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရပါက ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားလာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပြီး WHO ကလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနစ်မှ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု ၉ ကြိမ်ရှိခဲ့ပြီး နောက်ဆုံးတွေ့ရှိခဲ့သည့်ကူးစက်မှုမှာ ဇန်နဝါရီလ ၂၄ ရက်က အသက် ၂၀ အရွယ် ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦးဖြစ်ကာ ရောဂါသက်သာ၍ ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CNN သတင်းဌာနကို ကိုးကားပြီး ၇ Dပျေ သတင်းစာတွင် ဖော်ပြသည်။