မြိတ်မြို့အထက်တန်းကျောင်းများတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များအကြောင်း ပညာပေး

0
397

မြိတ်မြို့အထက်တန်းကျောင်းများတွင် စားသုံးရန်မသင့်သည့်စားသောက် ကုန်များအကြောင်း ဖေဖော်ဝါရီ လဆန်း ကစပြီး စတင်ပညာပေးလျက်ရှိကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ သိရှိရသည်။


လက်ရှိတွင် အသိပညာပေး ကာလ ဖြစ်သည့်အတွက် ကျောင်းတွင်းနှင့်   ကျောင်းပရဝုဏ်အနီးရှိ ကျောင်းဈေးဆိုင် များတွင် အဓိကထား စစ်ဆေးနေပြီး ဈေးများနှင့် ရပ်ကွက်အတွင်းရှိဆိုင်များ တွင် မစစ်ဆေးသေးဘဲ တိုင်ကြားမှုရှိပါ က သွားရောက်စစ်ဆေး အရေးယူမည်ဟု အထက်ပါဌာနမှ သိရသည်။မြိတ်မြို့တွင် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင်       စားသုံးရန် (လုံးဝ) မသင့်သည့် myeik_food_educationစားသောက်ကုန်များ အများအပြား ရှိနေပြီး၊ ဓါတုပစ္စည်းများ ပါဝင်သော အရောင်ဆိုးဆေးများကို အလွန်အကျွံ သုံးစွဲထားသောအချို ရည်ဘူးများ၊ ဂျယ်လီဘူးများ၊ သကြားခဲ များနှင့် ရောင်စုံမှုန့်များသည်၊ ကလေး ငယ်များနှင့်ကျောင်းသူ/ သားများအတွက် ဘေးအန္တရာယ်များသည့် စားသောက်ကုန် များဖြစ်နေ၍ ထိရောက်စွာတားမြစ် အရေးယူပေးသင့်ကြောင်း ကျောင်းသူ/ သား မိဘများက ထောက်ပြသည်။