လိုအပ်ပါက မီးသုံးစွဲချိန် ကန့်သတ်မည်

0
383

မီးလောင်မှုများ မကြာခဏ ဖြစ်ပွားပြီး အပူချိန် ဆက်လက်မြင့်တက် လာနိုင်သဖြင့် လိုအပ်ပါက ပြည်သူများ ၏မီးသုံးစွဲချိန်ကိုပါ ကန့်သတ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ရဲသူရိန် ဦးခင်မောင်ရီက ပြောကြားသည်။

မီးသတိပြုရေး ညဘက်အပြင်နေ့ ဘက်တွင်လည်း ဆော်ဩခြင်းများ ပြုလုပ်ရန်ရှိပြီး မီးငြိမ်းသတ်ရေးအတွက် လှည့်ကင်းများကိုပါ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။”ပိုပူလာလို့အရင်ကထက်ပိုသတိထားဖို့လိုတယ်”ဟု ရဲသူရိန်ဦးခင်မောင်ရီ ကပြောသည်။
လောင်စာဆီ အရောင်းဆိုင်များ ထားဝယ်မြို့တွင်းတွင် သိုလှောင်ရောင်း ချနေသဖြင့် မြို့ခံ လူထုက မီးအန္တရာယ် စိုးရိမ်မှုများ ရှိနေခြင်းအပေါ် စိုးရိမ်မှုရှိ ကြောင်း မြို့နေ ပြည်သူအချို့ကဆိုသည်။

“မီးအသံကြားတိုင်း လမ်းထိပ်က ဆီဆိုင်ကိုပဲ စောင့်ကြည့်နေရတယ်။ ဆီဆိုင်တောင် မဟုတ်တော့ ဆီဂိုဒေါင် ဖြစ်နေပြီ။ ဘယ်လူကြီးမှလာမပြော၊ ရင်မောနေရ”ဟု ထားဝယ်မြို့ညောင်ပင် ကြီးလမ်းမှမြို့ခံတစ်ဦးက ပြောကြားသည်။
ယင်းဆီဆိုင်များ ရောင်းချခွင့်အတွက် ထောက်ခံချက်ပေးရာတွင် မီးဘေးလုံခြုံ ရေးစီမံချက်များပါ တင်ပြခိုင်းပြီး ဆိုင် ဝန်ထမ်းများကိုလည်း မီးငြိမ်းသတ်ရေး သင်တန်းများပေးခဲ့ကြောင်း ရဲသူရိန် ဦးခင်မောင်ရီက ဖြေရှင်း ပြောဆိုသည်။
ယင်းအပြင် ဆိုင်နှင့်အနီးဆုံးရှိ မီးသတ်စခန်းများ၏ ဆက်သွယ်ရန်ဖုန်း နံပါတ်များကိုပါ ပေးထားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။