တိုင်းလွှတ်တော်ရေးရာ ကော်မတီများတွင် ကြံ့ခိုင်ရေးပါတီကို ဖိတ်ခေါ်မည်

0
368

အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တနင်္သာရီတိုင်းဒေသ ကြီး လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းရာတွင် ပါဝင်ရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကို ဖိတ် ခေါ်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြား သည်။


တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယသက်တမ်း ပထမရက်တွင် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ ရပြီးနောက် ဦးခင်မောင်အေးက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။” သူတို့တွေ ဆန္ဒရှိမယ်ဆိုရင် ခေါ်ပြီး တွဲလုပ်သွားမှာပါ”  ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၇ အရ တိုင်းဒေသကြီး လွှတ် တော်ကော်မတီနှင့် အဖွဲ့များ ဖွဲ့စည်းရာ တွင် သင့်လျော်သော နိုင်ငံသားများကို ထည့်သွင်း ဖွဲ့စည်းနိုင်သည်။

ယခင်လွှတ်တော် သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ ဥပဒေ ပြုရေးကော်မတီ၊ အစိုးရ ကတိက ဝတ်စိစစ်ရေးဆိုင်ရာ ကော်မတီတို့အပြင်  ဥပဒေလေ့လာ သုံးသပ်ရေး ကော်မရှင်နှင့် ငွေစာရင်းဆိုင်ရာ ကော်မရှင်တို့ ဖွဲ့စည်း ခဲ့သည်။ ၎င်းတို့ကို ပူးပေါင်းပါဝင်ရန် ယခု အချိန်ထိ ဖိတ်ခေါ်ခြင်း မရှိသေးသော် လည်း ဖိတ်ခေါ်လာပါက ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တိုင်း ဒေသကြီး ကိုယ်စားလှယ်ဟောင်း ဦးစိုးထွေးက ပြောကြားသည်။

“လက်ရှိအထိတော့ အဲဒီလိုဖိတ်တာ မကြားမိသေးဘူး”ဟု ယခင်လွှတ်တော် သက်တမ်းအတွင်း လွှတ်တော် ကိုယ်စား လှယ် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၎င်းက ပြော သည်။တနင်္သာရီတိုင်း ဒေသကြီးပထမ သက်တမ်းထက် ဒုတိယသက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ပြိုင်တူ တွန်းပေး သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးထင်အောင်ကျော်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို လေ့လာသူအနေဖြင့် လာရောက်သည့် လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးထင်အောင်ကျော်က အစည်း အဝေး အပြီးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ပို၍ပို၍ကောင်းဖို့ပဲလိုတယ်။ ရှေ့လူထက်နောက်လူသာရမယ်။ တိုင်း ဒေသကြီးအတွက် ပိုလုပ်နိုင်ရမယ်။ ကျွန်တော်ကြုံရင် နောက်ဆို ဘေးကပဲ ကျွန်တော်ပြောပေးမယ်။ လိုအပ်တာတွေ ဝိုင်းကူပေးမယ်။ ပြိုင်တူတွန်းကြမယ်လို့ ပြောထားတယ်”ဟု ဦးထင်အောင်ကျော် က ပြောသည်။
လွှတ်တော်ပုံမှန်အစည်းအဝေးများ ကိုလည်း အခန့်သင့်သလို လေ့လာသူ အနေဖြင့် တက်ရောက်မည်ဖြစ်ပြီး လို အပ်သည်များကို အကူအညီပေးသွား မည်ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးကို နေပျော်စရာကောင်းသည့် တိုင်းဖြစ်လာ အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသော ဦးခင်မောင်အေးက ပြောကြား ထားသည်။တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်အေး၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးကြည်စိုးတို့ NLD ပါတီ ဗဟိုက တာဝန်ပေးသည့်အတိုင်း ရွေးချယ်ခံရ   သည်။