လာမည့်မိုးရာသီ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်ဖွယ်ရှိဟု ကျန်းမာရေးဌာန ခန့်မှန်း

0
470

ရာသီဥတု အပြောင်းအလဲကြောင့် လာမည့်မိုးရာသီတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်ဖွယ်ရှိသည်ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

တိုင်းအတွင်း ၂၀၁၄-၂၀၁၅တွင် အဖြစ်များခဲ့သည့် သွေးလွန်တုပ်ကွေး ရောဂါမှာ ၂နှစ်လျှင်တစ်ကြိမ် ရောဂါ ဖြစ်ပွားမှု များတတ်သည့်သဘောရှိသည့် အတွက် လာမည့်နှစ်တွင် ရောဂါဖြစ်ပွား မှုနည်းမည်ဟု ယူဆရသော်လည်း အယ်နီညိုကဲ့သို့သော ရာသီဥတုပြောင်း လဲမှု အခြေအနေအရ ဆက်လက်မြင့် တက်မည်ဟု ခန့်မှန်းထားကြောင်း တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူက ဆိုသည်။

“ခြင်တွေ ပေါက်ဖွားခိုအောင်း လာ တဲ့ နေရာဒေသ ပြောင်းလဲလာမှုနဲ့ ဆိုင် တယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ဒေသဖွံ့ဖြိုးတိုးတက်မှု၊ လူဦးရေ သိပ်သည်းမှု ၊ခြင်ပေါက်ဖွားမှု၊ ရွှေ့ ပြောင်းလုပ်သားနှင့်ရာသီဥတု အခြေ အနေများအပေါ် အခြေခံကာ ဖြစ်ပွား လေ့ရှိပြီး သဘာဝအရသွေးလွန်တုပ်ကွေး ဖြစ်ပွားစေသည့် ခြင်များမှာ မြို့ပြများမှ ကျေးလက်သို့လည်းကောင်း၊ ငှက်ဖျား ရောဂါ ဖြစ်စေသည့် ခြင်များမှာ ကျေး လက်တောတောင်များမှ မြို့ထဲသို့လည်း ကောင်း ပြောင်းလဲရောက်ရှိလာသည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

နောက်တက်လာမည့် အစိုးရ အသစ်အနေဖြင့် အယ်နီညိုကြောင့် ရေ ရှားပါးမည်ကို စိုးရိမ်သကဲ့သို့ သွေးလွန် တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးကဏ္ဍကိုလည်း အရင်က ထက်ပိုမိုဖိဖိစီးစီးအလေးထား ကြပ်မတ် သင့်သည်ဟု သင်္ဘောဆိပ်ရပ်ကွက်မှ အသက်၄၀အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။ “နေရာဒေသ အနေအထားအရ ဒီလိုရာသီဆိုရင် လူနာထားဖို့ ကုတင် မဟုတ်ဘူး၊ ထားဖို့နေရာ ရှိကို မရှိတော့ တာ” ဟုအဆိုပါ အသက်၄၀ အရွယ် အမျိုးသားက ပြောသည်။

တနင်္သာရီတိုင်းအတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၄၂၃ ဦးရှိရာမှ ၂၀၁၄ -၂၀၁၅ခုနှစ်တွင် ၁၈၁၈ဦး အထိရှိခဲ့ ကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး မှတ်တမ်းအရ သိရသည်။