ရေးမြို့နယ် မာရဒေဝီ ပညာရေး ဖောင်ဒေးရှင်းမှ ပညာသင်ဆု ပေးမည်

0
458

ရေးမြို့နယ်အတွင်းမှ ပညာထူးချွန် ပြီး တက္ကသိုလ်တက်ရန် အခက်အခဲဖြစ်နေ သူများအား ၂၀၁၅ – ၂၀၁၆ ခုနှစ် ပညာ သင်နှစ်မှစပြီး မာရဒေဝီပညာရေး ဖောင် ဒေးရှင်းမှ ပညာသင်ဆုပေးမည် ဖြစ် ကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများ က ပြောသည်။

ပညာသင်ဆု လျှောက်ထားသူသည် ရေးမြို့နယ်အတွင်းရှိ ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဖြစ် ရမည်ဖြစ်ပြီး တက္ကသိုလ်ပညာရေးဆုံးခန်း တိုင်သည်အထိ ထောက်ပံ့မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူများက ပြော သည်။အသက်မွေးပညာအတွက် ဥပမာ – ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် တွေကို တစ်နှစ်ကို တစ်ဆု ၃သိန်းနှုန်း၊ ဝိဇ္ဖာ^သိပ္ပံပညာအတွက် တစ်နှစ်ကို တစ်ဆု ကျပ် ၂ သိန်းနှုန်းနှင့် အဝေးသင်အတွက် က နှစ်ဆု၊ ကျပ် ၁ သိန်းနှုန်း ချီးမြင့် မည်ဟု အဆိုပါ ဖောင်ဒေးရှင်း ဒု-ဥက္ကဋ္ဌ ဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

ရေးမြို့နယ် မာရဒေဝီပညာရေး ဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ပညာရည်ချွန်ဆုများကို ချီးမြှင့် ပေးအပ် ခြင်း၊ ရေးမြို့နယ်အတွင်း ရှိအထက်တန်း ကျောင်းများသို့ သွားရောက်ကာ အောင် ချက်မြင့်မားရေး အားပေးစကားများ ပြောကြားခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှ စတင်ကာ ပညာသင်ဆု ပေး အပ်သွားမည်ဖြစ်သည်။
ယင်းဖောင်ဒေးရှင်းကို အငြိမ်းစား ပညာရေးဝန်ထမ်းများ၊ မြို့မိ၊ ဖများ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များဖြင့်ပါဝင် ဖွဲ့စည်းထားသည်။