မီးသင့် ကမြောကြီးရွာနေအိမ်များ သုံးပတ်အတွင်း အပြီးပြန်ဆောက်မည်

0
453

ကြက်ခြံမှတဆင့် မီးလောင်ကျွမ်း ရာမှ ဆုံး ရှုံးခဲ့သည့် လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာမှ မီးဘေးသင့်ပြည်သူများ ကို ရက်သတ္တပတ် ၃ ပတ်အတွင်း အစား ထိုး နေအိမ်အပြီး ဆောက်ပေးမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် မီးလောင်ဆုံးရှုံးခဲ့ သည့်နေအိမ် ၁၃ လုံးအတွက် ကျပ်သိန်း ၄၀ ကုန်ကျမည့်သွပ်မိုးပျဉ်ကာအိမ်များကို ပြန်ဆောက်ပေးမည် ဖြစ်ကြောင်း ဦးသိန်းအောင်က ပြောကြားသည်။
” အခုတောင်စဆောက်နေပါပြီ။ သုံး ပတ်အတွင်း အပြီးဆောက်ပေးမယ်” ဟု ၎င်းက ဆိုသည်။
မျက်နှာစာ ၁၈ ပေ၊ အရှည် ၂၄ ပေ နှင့်အမြင့် ၉ ပေအရွယ်အစားရှိ အိမ် များကို F22 Sunny ကုမ္ပဏီက တည် ဆောက်လုပ်မည်ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

မီးဘေးသင့်သူများအတွက် မီးဘေး ကယ်ဆယ်ရေးစခန်းတစ်ခုကို ဖွင့်လှစ် ထားပြီး လာရောက်နေထိုင်သည့် အိမ် ထောင်စု ၈ စုမှ လူဦးရေ ၄၅ ဦး ရှိကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ် ၁၂နာရီကျော်က လောင်းလုံး မြို့နယ် ကမြောကြီးရွာ ကဘူတောင် အနီးကြက်ခြံမှတဆင့် မီးလောင်ရာမှ ကြက်ခြံအပါအဝင် နေအိမ် ၁၃ လုံး မီးလောင် ကျွမ်းခဲ့သည်ဟု ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။