ကိုယ်ပိုင် ဆိုင်ကယ်စီး နိုင်ငံခြားသားနှစ်ဦး နယ်စပ်ဂိတ်မှတစ်ဆင့် ထားဝယ်သို့ ပထမဆုံးအကြိမ် လာလည်

0
465

ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း -မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်မှတစ်ဆင့် နိုင်ငံခြားသား ခရီးသွားနှစ်ဦး ပထမဆုံးအကြိမ် ကိုယ် ပိုင်ဆိုင်ကယ်များဖြင့် လာရောက် လည် ပတ်ခဲ့ကြောင်း ထားဝယ်ခရိုင် ဟိုတယ် နှင့် ခရီးသွား လာရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ထားဝယ်ရုံးခွဲ)မှ သိရသည်။

အမေရိကန်နိုင်ငံသား တစ်ဦးနှင့် ဩစတြေးလျနိုင်ငံသား တစ်ဦးတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်မှ ဖေဖော် ဝါရီလ၉ရက်က ကိုယ်ပိုင်ဆိုင်ကယ် နှစ်စီးဖြင့် ဝင်ရောက်လာခဲ့ပြီး ထားဝယ် ဒေသရှိ မောင်းမကန်ကမ်းခြေ ညအိပ် ရပ်နားကြမည်ဟု ခရိုင်ဟိုတယ်^ခရီးမှ တာဝန်ရှိသူကဆိုသည်။
first_foreigner_with_bike

“ထီးခီးဘက်ကဝင်တာ ပထမဆုံး အကြိမ်ပဲ” ဟု ခရိုင်ဟိုတယ်^ခရီးမှ တာဝန်ရှိသူကပြောသည်။
အဆိုပါနိုင်ငံခြားသား နှစ်ဦးမှာ ခရီးသွားကုမ္ပဏီတစ်ခု၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်အထိ ထီးခီး၊ ထားဝယ်၊ မောင်းမကန်၊ မော်လမြိုင်၊ ဘားအံ၊ ကျိုက်ထီးရိုး၊ နေပြည်တော်၊ ပုပ္ပား၊ ပုဂံ၊ မန္တလေး၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ် စသည့် နေရာများသို့ ဆိုင်ကယ်စီးကာ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ခရိုင်ဟိုတယ်/ခရီး(ထားဝယ်ရုံး)ထံမှ သိရ သည်။