လွှတ်တော်တက်မည့် မွန်ပါတီကိုယ်စားလှယ်များ ခေါင်းပေါင်းတူ ဝတ်ဆင်ရန် ညှိနှိုင်းမရ

0
389

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် ပထမပုံမှန်အစည်းအဝေး တက်ကြ မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ပုံစံတူ ခေါင်းပေါင်းဝတ်ဆင်ရန် ညှိနှိုင်းမရ ဖြစ်နေသည်ဟု သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်များထံမှ သိရသည်။


မွန်နှစ်ပါတီ ညီညွတ်ရေးအတွက် အနိုင်ရ  မွန်လွှတ်တော်ကိုယ်စားလှယ် ၃ဦးနှင့် မွန်အရေး တက်ကြွလှုပ်ရှား သူတို့က၂၀၁၅  ဒီဇင်ဘာလခန့်က တွေ့ဆုံခဲ့ကြစဉ် လွှတ်တော်တက်ရာတွင် ဝတ်ဆင်ကြမည့် ခေါင်းပေါင်းနှင့် ပတ် သက်ပြီး ဆွေးနွေးညှိနှိုင်းကြရာ အလှည့် ကျ ဝတ်ဆင်ကြမည်ဟု သဘောတူညီမှု ရရှိခဲ့သော်လည်း တကယ်လွှတ်တော် တက်သည့်အခါ လိုက်နာမှုမရှိခဲ့ဟု               နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိသည့်                  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။”ကျွန်တော်တို့   ခေါင်းပေါင်းကိစ္စ ဆွေးနွေးဖြစ်ကြသေးတယ်၊       နောက်ဆုံး ဘာဆုံးဖြတ်ဖြစ်လဲဆိုတော့ အလှည့်ကျ    ဆောင်းကြမယ်လို့ သဘောတူကြတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ဟိုဘက်က ကိုယ်စားလှယ်တွေက လက်မခံဘူးလို့ ပြန်ပြောတယ်။ နောက်ဆုံး ၈ ရက်နေ့ လွှတ်တော်မှာတော့       အဲလိုဖြစ်လာတာ ပေါ့၊ ကျွန်တော့်အနေနဲ့က ကျွန်တော်တို့ ၃ ယောက် သဘောတူထားတဲ့ အတိုင်းပဲ အလှည့်ကျဆောင်းသွားမယ်”  ဦးအောင်နိုင် ဦးက ဆိုသည်။

mon_hat
သို့သော်လည်း မွန်အမျိုးသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ်နှစ်ဦးကမူ မွန်အမျိုးသားတို့တွင် တရားဝင်သတ် မှတ်ထားသည့် ခေါင်းပေါင်းမရှိသည့် အတွက် ခေတ်အဆက်ဆက်က အသုံးပြု လာခဲ့သည့် အဖြူရောင်ခေါင်းပေါင်း (ခေါင်းပတ်) ကိုသာ အသုံးပြုမည်ဟု မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“မွန်အမျိုးသားနေ့မှာ ခေတ်အဆက် ဆက် ၁၉၈၉ ကတည်းက ခုချိန်ထိပဲ၊ ဒီခေါင်းပေါင်းတစ်ခုပဲ သုံး လာခဲ့တယ်၊ ဒါပေမယ့် မကြာခင်က ခေါင်းပေါင်းတစ်ခု ပေါ်လာတယ်၊ ကျွန်တော်တို့အဲဒီမှာ မပါ ဘူး၊ ကျွန်တော်တို့မွန်မှာ သတ်မှတ် ထားတဲ့ ခေါင်းပေါင်း မရှိဘူး၊ ပြည်သူ လူထုအနေနဲ့ကလည်း သူ့တို့ခေါင်းပေါ် ကကိစ္စကို သူတို့နဲ့ ကိုက်ညီတဲ့ပုံစံနဲ့             ပဲ ပေါင်းကြမှာပဲ” ဟု ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပ ခဲ့သည့်ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်က အစနှစ်ခုပါသည့် ပန်း ရောင်ခေါင်းပေါင်းကိုလည်းကောင်း မွန် အမျိုးသားပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက အဖြူရောင် ခေါင်းပတ်ကိုလည်းကောင်း ဝတ်ဆင် ထားကြသည်။”မွန်နှစ်ပါတီကိစ္စက ကြိုးစားနေ ကြတာ အားလုံးအသိပဲ၊ ဒါပေမယ့် ကနေ့ ထိဖြစ်မလားဘူး၊ အခုလည်းရှိတဲ့ ကိုယ် စားလှယ် ၃၊ ၄ ဦးနဲ့တောင် ညှိမရ ပြန်ဘူး၊ ပြောရမယ်ဆိုရင် မာနပေါ့ ဒီအတိုင်းသာဆက်သွားရင် မွန်တွေ အတွက် ညီညွတ်ရေးဆိုတာ အလှမ်းဝေး နေဦးမှာပဲ”ဟု မွန်အမျိုးသား နိုင် အောင်ကြည်က ပြောသည်။

အစနှစ်ခုပါသည့် ပန်းရောင်ခေါင်း ပေါင်းကို မွန်အမျိုးသားခေါင်းပေါင်း အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလခန့်က မွန်ဒေသတွင်းရှိ မွန်တတ်သိပညာရှင် တို့က ဆွေးနွေးဆုံးဖြတ်ကာ တရားဝင် အတည်ပြုသတ်မှတ်ခဲ့သည်။

အဆိုပါ မွန်အမျိုးသားခေါင်းပေါင်း သတ်မှတ်ပြီးနောက်တွင် ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး သို့ တက်ရောက်ခဲ့ကြသည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ယင်းခေါင်းပေါင်း ဖြင့် လွှတ်တော်တက်ရောက်ရန် ဆုံးဖြတ် ခဲ့ကြသည်ဟု ပါတီမှ သိရသည်။