မောင်းမကန်မီး လျှပ်စစ်ကြောင့်ဟု စွပ်စွဲ

0
554

ကမ်းခြေစားသောက်ဆိုင် ဆယ်ချီ မီးလောင်ကျွမ်းခဲ့သော မောင်းမကန်မီးမှာ လျှပ်စစ်ဖြန့်ဖြူးရေးဌာန၏ပေါ့ဆမှု ကြောင့် ဖြစ်ကြောင်း မီးဘေးသင့် ဆိုင်ခန်းပိုင်ရှင်များက စွပ်စွဲပြောကြား လိုက်သည်။


မောင်းမကန်ရွာတွင် လေပြင်း တိုက်ခတ်စဉ်ကာလအတွင်း လျှပ်စစ် ဖြန့်ဖြူးရေးဌာနက လျှပ်စစ်မီးဖြတ် တောက်ခြင်းမရှိသောကြာင့် ထရန်စဖော် မာမှ ရှော့ဖြစ်ကာ မီးစလွင့်ရာမှ မြက် ခြောက်မှတစ်ဆင့် မီးစတင်လောင်ကျွမ်း ခဲ့ပြီးထိုမှတစ်ဆင့် ကမ်းခြေရှိဆိုင်ခန်း များအား မီးကူးစက် လောင်ကျွမ်းခဲ့ ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြသော အသနားခံစာတွင် ဖော်ပြ ထားသည်။
သို့သော် ဆိုင်ရှင်များ၏ ပြောဆို သောထရန်စဖော်မာကြောင့် စတင် လောင်ကျွမ်းခြင်းမှာ မဖြစ်နိုင်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းသီဟက တုံ့ပြန်ပြောဆိုသည်။

“မီးစလောင်တယ်ဆိုတဲ့ ထရန် စဖော်မာမှာ တပ်ဆင်ထားတဲ့ ပစ္စည်း တွေက ဘာမှမပျက်စီးဘူး”ဟု ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းသီဟက ပြောသည်။
မြို့နယ်လျှပ်စစ်ရုံးများနှင့် သက် ဆိုင်ရာ ဓာတ်အားခွဲရုံများတွင် လျှပ်စစ် ဝါယာရှော့ဖြစ်ပါက အချက်ပြသည့်စနစ် နှင့် အလိုအလျောက် မီးဖြတ်တောက် သည့် စနစ်များတပ်ဆင်ထားသည့် အတွက် ထရန်စဖော်မာမှ စတင်ရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်သည် ဆိုသည့် အကြောင်းပြချက်ကို လက်မခံနိုင် ကြောင်း ၎င်းကဆိုသည်။

မီးလောင်နေသည့် အချိန်ထိ လျှပ် စစ်မီးလာနေသေးသဖြင့် ထရန်စဖော်မာ ကြောင့်မီးစလောင်သည်ဆိုသည်မှာ မဖြစ်နိုင်ဘဲ လျှပ်စစ်ရှော့ ဖြစ်ပွားနေ ကြောင်း သက်ဆိုင်ရာလျှပ်စစ်ရုံးများတွင် အချက်မပြသည့်အတွက် လျှပ်စစ်မီး ဆက် လက်ဖြန့်ဖြူးထားခြင်းဖြစ်ကြောင်း ခရိုင်အင်ဂျင်နီယာ ဦးမင်းသီဟက ဆက်ပြောသည်။
တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးကမူ မောင်းမကန်ကမ်း ခြေမီးလောင်မှုမှာ ထရန်စဖော်မာသို့ လျှပ်စစ်ဓာတ်အားအဝင် နေရာတွင် ကြေးဂျီးတက်နေသည့် နေရာမှ မီးပွား ထွက်ကျရာက စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။
မီးလောင်ခဲ့သည့် ဆိုင်ခန်းများ ပြန်လည်တည်ဆောက်နိုင်ရန်နှင့် စား ဝတ်နေရေးအခက်အခဲကို ကူညီပေးနိုင် ရန် မီးဘေးသင့် မောင်းမကန်ကမ်းခြေဆိုင်ခန်းပိုင်ရှင်များမှ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံလိပ်မူကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသနားခံ တင်ပြထားသည်။

လျှပ်စစ်မီးသုံးစွဲသည့် ပြည်သူများ ပေါ့ဆသည့်အတွက် မီးလောင်မှု ဖြစ်ပွားရာတွင် မီးသုံးစွဲသည့် ပြည်သူ အား တရားစွဲဆိုခဲ့သလို လျှပ်စစ်မီး ဖြန့်ဖြူးသူဘက်မှ ပေါ့ဆသည့်အတွက် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုမျိုးကို မည်ကဲ့သို့ဆောင်ရွက်မည်နည်းဟု မေးခွန်းထုတ်လိုကြောင်း မီးလောင်ကျွမ်း ခံရသည့် N0 SIGNBOARD ဆိုင် ပိုင်ရှင် ဦးတင်မောင်မော်က ဆိုသည်။

“လျှပ်စစ်မီးဖြန့်ဖြူးတဲ့သူတွေ ဘက်က ပေါ့ဆလို့ဖြစ်တာကို တာဝန်ခံဖို့လိုတယ်” ဟု ဦးတင်မောင်မော်က ပြော သည်။
လျှပ်စစ်မီးအား မီးစလောင်ပြီး မိနစ် ၃၀ ခန့်ကြာမှ ဖြတ်တောက် ခဲ့ခြင်းဖြစ်ကာ လျှပ်စစ်မီးဖြန့်ဖြူးရေးဌာန ပေါ့ဆမှု ကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင် ကျွမ်းမှုနှင့် ပတ်သက်ပြီး မီးလင်းရေး ကော်မတီ တာဝန်ရှိသူများဘက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ တစ်စုံ တစ်ရာ လာရောက်ညှိနှိုင်း အားပေးနှစ် သိမ့်ခြင်းမရှိခဲ့ကြောင်း ဦးတင်မောင်မော် ကဆက်ပြောသည်။

မီးလောင်ဆုံးရှုံးခဲ့သည့် ဆိုင်ခန်း အရေအတွက်မှာလည်း ကွဲလွဲချက် အချို့ ရှိနေခဲ့သည်။ယင်းမီးလောင်မှုတွင် စားသောက် ဆိုင်နှင့် ဈေးဆိုင် ၁၁ဆိုင် မီးလောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း၉၀ ရှိခဲ့သည်ဟု တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်ထားသော်လည်း စားသောက်ဆိုင်ပိုင်ရှင်များကမူ ဆိုင်ခန်း အကြီးအသေး စုစုပေါင်း ၁၅ ဆိုင်မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ဆိုင်ကြီး တစ်ဆိုင်လျှင် ကျပ် သိန်း ၁၅၀ကျော်ခန့် ရှိသည်ဟု ဆိုသည်။