နွေရေရှားမည့်ဘေးအတွက် တိုင်းအစိုးရနှင့် NLD ကြိုပြင်

0
372

လာမည့်နွေရာသီတွင် အယ်နီညို ရာသီဥတုကြောင့် ရေရှားနိုင်သည့် အ တွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့မှ စတင်ပြင်ဆင်နေ ကြောင်း သိရသည်။


အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ရေရှားပါးမှု ပြဿနာအပါအဝင် ကျန်းမာရေး ကဲ့သို့သော အခြားပြဿနာ များအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ဌာနဆိုင်ရာ အားလုံးနှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနများကို ညွှန်ကြား ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။
“တိုင်းအစိုးရအဖွဲ့အနေနဲ့ကတော့ သူတို့(ဌာနဆိုင်ရာ)တွေက တင်ပြလာတဲ့ အပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်”ဟု ဦးကျော်စွာထွန်းက ဆိုသည်။
နွေစပါးအားကို သက်တမ်းတိုသည့် အမျိုးအား ရွေးချယ်စိုက်ပျိုးရန်၊ ရေ သေချာသည့်နေရာမျိုးတွင် စိုက်ပျိုးရန်၊ စိုက်ချိန် နောက်မကျရန် စသည့် အချက် သုံးချက်အပေါ် မူတည်၍ တောင်သူများ အား အသိပေးကာ ကြိုတင် ပြင်ဆင်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေး မှူး ဦးအောင်ကျော်ငြိမ်းက ပြောသည်။
“နွေစပါးစိုက်နည်းတဲ့ ဒေသဖြစ်လို့ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ထိခိုက် နစ်နာမှု အရမ်းနည်းမယ်လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
၎င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ရေရှားပါးမှု ပြဿနာ နှင့် ပတ်သက်၍ ကြိုတင်ပြင်မှု များ ပြုလုပ်လျက်ရှိကြောင်း ယင်းပါတီ၏ ထားဝယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ပြောသည်။”ရပ်/ကျေး(ကော်မတီ) တွေကို ရေကိုကိုယ့်အစီအစဉ်နဲ့ ကိုယ်သိုလှောင် ထားဖို့ ပြောထားတယ်။ တကယ်လို့ အခက်အခဲရှိရင် မြို့နယ်ကို အကြောင်း ကြားပေးဖို့ ပြောထားတယ်”ဟု အဆိုပါ အတွင်းရေးမှူးက ဆိုသည်။
မြို့နယ်မှ တတ်နိုင်သမျှ အကူအညီ ပေးမည်ဖြစ်ပြီး ရေရှားသည့်နေရာများသို့ ရေကိုဝယ်ယူပြီး လိုက်လံလှူဒါန်းရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။မြို့နယ်အတွင်း၌ ပြည်သူများအား သောက်သုံးရေများ အချိန်နှင့်တပြေးညီ ကူညီပံ့ပိုးနိုင်ရန်အတွက်  ကြိုတင်ပြင် ဆင်ထားရန် မြို့နယ်အလုပ် အမှုဆောင် အဖွဲ့အားလုံးသို့ လိပ်မူသည့် အကြောင်း ကြားစာတစ်စောင်ကို ဇန်နဝါရီလ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကော်မတီမှ ထုတ်ပြန် ထားသည်။