ထားဝယ်-မလွှဲတောင်လမ်းပိုင်း ၂၄ ပေ လမ်းချဲ့မည်

0
453

လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ထားဝယ်မလွှဲတောင်လမ်း ပိုင်းကို အာဆီယံအဆင့်မီ ၂၄ ပေ အကျယ်လမ်း ချဲ့မည်ဖြစ်ကြောင်း လမ်း အထူးအဖွဲ့ ၂၃ ထံမှ သိရသည်။ထားဝယ်-မလွှဲတောင်လမ်းပိုင်း ၂၂ မိုင် ၄ ဖာလုံမှ မလွှဲတောင် ၈၁ မိုင် ၆ ဖာလုံအထိ လက်ရှိ ၁၈ ပေလမ်းကို ၂၄ ပေအကျယ်ထိ ချဲ့ရန်အတွက် ဘတ်ဂျက် တောင်းခံထားကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“၂၄ ပေအထိ ဘာလို့ ချဲ့လဲဆိုတော့ အာဆီယံအဆင့်က ၇ မီတာရှိတယ်လေ။ အာဆီယံစံချိန်ဝင်သွားအောင် ချဲ့ဖြစ် တာပါ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ယင်းလမ်းပိုင်းချဲ့ခြင်းအပြင် ထားဝယ် မြို့ ၃ မိုင် ၂ ဖာလုံမှ ၁၃ မိုင် (ရေဖြူမြို့ အဝင်) အထိ နိုင်လွန်ကတ္တရာလမ်းခင်း မည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ထားဝယ်မှ မလွှဲတောင် အထိ လမ်းပိုင်းတစ်လျှောက်ရှိ တစ်လမ်း မောင်းတံတား ၄ စီးကိုလည်း Rဃကွန် ကရစ်တံတားအဖြစ် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း လမ်းအထူးဖွဲ့ ၂၃ ထံမှ သိရသည်။
ma_lwe_tg
လမ်းချဲ့ခြင်း၊ တံတားဆောက်ခြင်း နှင့်အတူ လမ်းအန္တရာယ်သတိပေးဆိုင်း ဘုတ်(Road Sign)များ၊ လမ်းနံဘေး ချောက်နက်သည့် နေရာများတွင် လမ်း နံဘေးသံဘောင်အကာများ(Guard Rail)နှင့် တောင်စောင်းနှင့် ကပ်လျက် နေရာများတွင်    ရေထိန်းနံရံများနှင့်      ကျောက်စီရေနှုတ်မြောင်းများကိုပါ           ထည့် သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထားဝယ်-မလွှဲတောင်လမ်းပိုင်း အထိလုပ်ငန်းအားလုံးအတွက် ဘတ်ဂျက် ကျပ်သန်းပေါင်း ၁၄၀ ကျော် တောင်းခံ ထားပြီး ခွင့်ပြုသည့်ပမာဏ အပေါ်မူ တည်၍ အထက်ပါလုပ်ငန်းများကို လုပ် ဆောင်သွားမည်ဖြစ်ကြောင်း လမ်းအထူး အဖွဲ့ ၂၃ မှ အထက်ပါ တာဝန်ရှိသူက ပြောသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ထားဝယ် မြို့ မိုင်တိုင်အမှတ် သုညမှ မလွှဲတောင် အထိ ၁၈ ပေအကျယ်လမ်းခင်း နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မိုင်တိုင် အမှတ် သုညမှ ၂၂ မိုင် ၄ ဖာလုံအထိ ၂၄ ပေ လမ်းအဖြစ် အကျယ်ချဲ့နိုင်ခဲ့ကာ မိုင်တိုင် အမှတ် သုညမှ ၃ မိုင် ၂ ဖာလုံအထိ နိုင်လွန်ကတ္တရာ ခင်းပြီးဖြစ်ကြောင်း လမ်း အထူးအဖွဲ့ ၂၃ ထံမှ သိရသည်။

ကြံ့ခိုင်ရေး အစိုးရ လက်ထက် လမ်းပန်းဆက်သွယ်ရေးတွင် ဘတ်ဂျက် အများစုကို အသုံးချခဲ့ပြီး လာမည့် NLD အစိုးရလက်ထက် မည်သို့လုပ်ဆောင် မည်ကို မသိရသေးပေ။