ပွဲခံဂူး

0
416

ကျီးကန်းတို့ တစာစာအော်နေသည်။ ရွာဦးစေတီဘေး မြေတလင်းပြင်ကျယ် တွင် တစ်စစီ ပြန့်ကျဲနေသော စားကြွင်း စားကျန်များ၊ ပလူပျံနေသော ကြွပ်ကြွပ် အိတ်များ၊ တစ်စစီလွင့်ပျံနေသော ရောင်စုံ အမှိုက်မျိုးစုံကြားတွင် ဖော်ပြပါ ကျီးကန်းတို့ မနက်စာ ရရှိရန် အလို့ငှာ အလုအယက် ရှာဖွေစားသောက် အော် ဟစ်နေ ကြလေသည်။

နံနက်ခင်းနေခြည်အောက်တွင် တစပြင်တစ်ခုကဲ့သို့ ကျီးတစာစာဖြင့် ပွက်လောရိုက် နေသော အနှီတလင်း ပြင်သည် ရွာအဝင်လမ်း နံဘေး၌ အရုပ် ဆိုးလှပေစွ။ အသို့ဖြစ် သနည်း။ တစ်စုံ တစ်ယောက်သည် တစ်ရွာလုံးတစ်နယ် လုံးမှ အမှိုက်များကို မော်တော်ကား ဖြင့် တင်လာပြီး ဤနေရာတွင် လာရောက်စု ပုံခဲ့လေသလော။ သို့ဆိုလျှင် ဖော်ပြပါ ကွင်းပြင်သည် ရွာဘုံအမှိုက်ပုံ တစ်ခုလော။ မဟုတ်ရေးချမဟုတ်။ အနှီရွာဦးစေတီ အနီးရှိ ကွင်းပြင် သည် “ပွဲခံဂူး” တည်း။
pwe_khan_gu_aung_lwin
ထားဝယ်စကားဖြင့် “ပွဲခံဂူး” ဟု ခေါ်သည့်နေရာသည် ဇာတ်ပွဲကျင်းပရာ နေရာတည်း။ ဇာတ်ပွဲများကျင်းပရခြင်းရည်ရွယ်ချက် အမျိုးမျိုးရှိကြောင်းကား အထူးရှင်းနေရန် မလိုပြီထင်။ ၁၂ လ ရာသီပွဲတော်များဖြင့်တစ်နှစ်ပတ်လုံး တခြိမ့်ခြိမ့်စည်ကား နေလေ့ရှိသော ကျွန်ုပ်တို့ မြန်မာပြည်တွင် ဇာတ်ပွဲများ ပေါများလှကြောင်း လူတိုင်းအသိ။ တစ်နည်းဆိုရသော် ဇာတ်ပွဲများသည် မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့်ခွဲမရ။ ဤနေရာ တွင်ဆွေးနွေး လိုရင်းမှာ ဇာတ်ပွဲများ အကြောင်းမဟုတ်။ ဇာတ်ပွဲများ ကျင်းပ ရာ နေရာအကြောင်း မျှသာ။ အထူးသဖြင့် ထားဝယ်ဒေသတွင်း ကျေးရွာများရှိ “ပွဲခံဂူး” များအကြောင်းတည်း။

ပြန်ကောက်ရသော် ဆိုခဲ့ပြီးသည့် ရွာဦးစေတီဘေးရှိ တလင်းပြင်သို့ တစ်စုံ တစ်ယောက်သည် တစ်နယ်လုံးရှိအမှိုက် များကို မော်တော်ကားဖြင့် သယ်လာခြင်း မဟုတ်။ တစ်နယ်လုံးရှိ လူပေါင်းများစွာ သည် အနှီကွင်းပြင်သို့ရောက်လာကြပြီး ကျီးကန်းတို့ မနက်စာရှာဖွေနေသော ဖွေး ဖွေးလှုပ်နေသည့်အမှိုက်များကို တလင်း ပြင်တစ်ခွင် ဖြန့်ကျဲချထားခဲ့ခြင်းသာ ဖြစ် လေတော့သည်။
“ပွဲခံဂူး” တွင် အမှိုက်များနည်းတူ ဂုဏ်သိက္ခာကင်းမဲ့စွာ အရုပ်ဆိုးနေသည် ကား မစင်ပုံများတည်း။ အနှီမစင်ပုံများ ၏သိက္ခာကင်းမဲ့မှုကို ထပ်မံအားဖြည့် နေသည်ကား ရွာဦးစေတီရှေ့ လမ်းဘေး တစ်လျှောက် အကွက်အကွက်ထနေသော ကျင်ငယ်ကွက်များဖြစ်ပေသည်။ ရွာဦး စေတီသည်ရွာ၏ အထွတ်အထိပ်တည်း။ ရွာ့ဦးသျှောင်တည်း။ သို့ဖြစ်၍ပင် ရွာဦး ကျောင်းဆရာတော်၏ဩဝါဒခံယူလျက် ရွာမိရွာဖ ဘုရားဂေါပကဆိုသူများ ဦး ဆောင်ပြီး ရွာဦးစေတီပွဲတော်ကို ကျင်းပ ခြင်းမဟုတ်ပါလော။

ကောင်းလှပေစွ။ သာဓုခေါ်စရာ ကောင်းလှပေစွ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံ တော်၏ နိုင်ငံသားကောင်းများ ပီသပါ ပေစွ။ သို့ရှိသော်ဖော်ပြပါ ရွာဦးစေတီ ဘုရားပွဲ၏ “ပွဲခံဂူး” တလင်းပြင်တွင် အနှီဦးဆောင်သူဂေါပကလူကြီးများ၊ ရွာမိရွာဖများနှင့် ဘုရားပွဲလာ ပရိသတ် အပေါင်းသည် ရွာ့ဦးသျှောင်စေတီ ပတ် ပတ်လည်တွင်မစင်ပုံများအဘယ့် ကြောင့် ချန်ထားရစ်သနည်း။ ကျင်ငယ်ကွက်များ ဘာကြောင့်စွန့်ထားရစ်သနည်း။ အဖြေ ကားရှင်း၏။ ယိုသောကြောင့်တည်း။
ဘုရားပွဲလာလျှင်မုန့်စားသည်။ ကွမ်းယာဝါးသည်။ ဆေးလိပ်သောက် သည်။ အချို့ (အတော်များများ) အရက် သောက်သည်။ ထို့နောက် စားကြွင်းစား ကျန်များကို တလင်း ပြင်တွင် ချထားရစ် သည်။ ဗိုက်ထဲမှ အန္တရာယ်ကို မလွယ် နိုင်သဖြင့် ချုံကွယ်တွင် မစင်]]ယို}}ကြသည်။ လမ်းဘေးတွင် ကျင်ငယ် “စွန့်” ကြသည်။ သို့ဖြင့် ပထမပိုင်းတွင် ဖော်ပြခဲ့သကဲ့သို့ ဘုရားပွဲပြီးလတ်သော် “ပွဲခံဂူး” သည် ကျီးတစာစာ၊ မစင်ပုံ ယင် တလောင်းလောင်း၊ လမ်းသွားလမ်းလာများနှာခေါင်းတရှုံ့ရှုံ့ဖြစ်ရသည့် ကျင် ငယ်ကွက်များစသည်တို့ဖြင့် ပြည့်နှက်နေ လေတော့သည်။
“ပွဲခံဂူး” များတွင် မစင်စွန့်ချင်လျှင် စွန့်ရန်နေရာရှိရမည်။ ကျင်ငယ်စွန့်ရန် နေရာ ဖန်တီးထားရမည်။ အမှိုက်ပစ်ရန် အမှိုက်ပုံးရှိရမည်။ ကျေးရွာများ မဆို ထားနှင့်ဦး၊ မြို့ပေါ်တွေမှာပင် စည်ပင် သာယာစနစ် ကောင်းကောင်း မရှိသေး သည့် အခြေအနေတွင် “ပွဲခံဂူး” များ၌ ယာယီ အိမ်သာဆောက်ရန်တိုက်တွန်း မည့်၊ ကျင်ငယ်စွန့်မည့်နေရာ ဖန်တီး စေမည့်၊ အမှိုက်ပုံးများ စနစ်တကျထား ရှိပေးရန် တောင်းဆိုမည့် ဤဆောင်းပါး ၏ အဆိုသည် တဆိတ်လွန်လွန်းရာကျ၏ဟုအချို့စာဖတ်သူများစောဒက တက်ချင် တက်ပေလိမ့်မည်။ သို့သော် မဖြစ်နိုင် ဟူ၍ ကားမရှိ။ လုပ်လျှင်ဖြစ်မည် သာ တည်း။

ဘုရားပွဲကျင်းပရန် ကျင်းပခွင့် “ပါမစ်” တင်ရ၏။ ဇာတ်ပွဲပြုလုပ်ရန် “ပါမစ်” ခံရ၏။ အနှီ “ပါမစ်” ရရန် သက်ဆိုင်ရာဌာန အသီးသီးကိုပိုက်ဆံပေး ရ၏။ “ပွဲခံဂူး” များပေါ်လာရန် ငွေပေး လုပ်ဆောင်ရ၏။ အစိုးရဌာနအုပ်ချုပ်ရေး ပိုင်း တာဝန်ရှိသူများနှင့် “တည့်အောင်” ပေါင်းရ၏။
အနှီ”ပါမစ်” ၌အဓိကပါသည့် အချက်များကား လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးမှုကို မထိခိုက် စေရေးဖြစ်သည်။ ပွဲမကျင်းပမီ၊ ကျင်းပစဉ်နှင့်ကျင်းပပြီးချိန် တွင် သန့်ရှင်းရေးကိုတာဝန်ယူရမည်ဟု ဖော်ပြပါရှိ၏။

ဤနေရာတွင် အနည်းငယ်ချဲ့ထွင် စဉ်းစားမိသည်ကား ပွဲဈေးတန်းရှိ စား သောက်ဆိုင်များ အကြောင်းတည်း။ အရွယ်ရောက်ပြီး သူဇာတ်ပွဲလာ ယောက်ျား များစွာတို့သည် အနှီစားသောက်ဆိုင် များတွင် အရက်သောက်၏။ ထို့အပြင် လူပျိုဖော်ဝင်ကာစ ယောက်ျားလေး အများစုသည်လည်း အရက်သောက် ခြင်းကို ထိုနေရာ၌ စတင်သင်ယူကြ လေသည်။ အချို့ဆိုင်များတွင် ရဲအရာ ရှိများနှင့် လုံခြုံရေးတာဝန်ယူထားသည့် အရံမီးသတ်များကိုပင် ဘီယာပုလင်းနှင့် အရက်ခွက်များကိုင်ထားသည်ကို ပြောင် ပြောင်တင်းတင်း တွေ့ရပေဦးမည်။ ထူး ခြားမှုအနေနှင့် ဇာတ်ပွဲကျင်းပခွင့် ပါမစ် တွင် “ပွဲပရဝုဏ်၌ပြင်ပတွင် အရက်သေစာ ရောင်းချခြင်းလုံးဝမပြုလုပ်ရ”ပွဲခံဂူး”ဟု ဖော်ပြ ပါရှိသည်။ ဤစာသား၏အလိုအရ ပွဲပရ ဝုဏ် အတွင်း၌ဆိုပါက ရောင်းချခွင့်ပြုသကဲ့သို့ဖြစ်နေသည်။
လိုင်စင်မဲ့ အရက်ဘီယာလုံးဝရောင်း ချခွင့်မပြုတော့သော လတ်တလောအခြေ အနေတွင်ပင် ပွဲဈေးတန်းရှိ အနှီစား သောက်ဆိုင်များတွင် ပုန်းလျှိုးကွယ်လျှိုး ရောင်း၍ ကောင်းဆဲ။

ထပ်မံ၍စဉ်းစားမိသည်ကား ဘုရား ပွဲများသည် မြတ်စွာဘုရား၏ ဂုဏ်တော် ကို ပူဇော်သော ပွဲများဖြစ်၏။ တရားတော် နှင့်သံဃာကို ပူဇော်ခြင်းလည်းမည်၏။ မြတ်စွာဘုရားသည် အရက်သောက်ခြင်း ကို အားမပေး။ ပွဲလမ်းသဘင်များ ကျင်းပခြင်းကို အပြစ်ပြော၏။ လူသား အားလုံးကို သံသရာမှ လွတ်ကြောင်း တရားကိုသာ ညွှန်းခဲ့သည်။ သို့ရှိသော် ပူဇော်အထူးကိုခံယူတော်မူထိုက်သော ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်ခြင်းအားဖြင့် ကျင်းပသည့် ရွာဦးစေတီဘုရားပွဲတွင် ဘုရားမကြိုက်ဟု အတိအလင်းဖော်ပြ ထားသည့် ဇာတ်ပွဲများကျင်းပခြင်း၊ အရက်ဆိုင်များ ရောင်းချခြင်းများသည် မြတ်စွာဘုရားကိုပူဇော်ခြင်းမည်ပါ သလော။ ဆရာတော်တစ်ပါး၏မိန့်ကြား စကား ခဏငှားပြောရလျှင် ပူဇော်ခြင်း လုံးဝမမြောက်။ မြတ်စွာဘုရားကိုပြောင် ပြောင်တင်းတင်း စော်ကားခြင်းပင်တည်း။ ယခုနောက်ပိုင်း အချို့ဒေသများရှိ ဘုရား ပွဲများတွင် ဇာတ်ပွဲအစား တရားပွဲများ ပြောင်းလဲကျင်းပလာသည်ကို တွေ့လာ ရသည်မှာများစွာ သာဓုခေါ်ဖွယ်ကောင်း ပေသည်။

ပြန်ကောက်ရသော် ပွဲပါမစ်တွင် သန့်ရှင်းရေးဟု ယေဘုယျကျကျသာဖော် ပြပါရှိပြီး “ပွဲခံဂူး” ၌ အိမ်သာ မည်မျှ ဆောက်ထားမည်၊ ကျင်ငယ်စွန့်ရန်နေရာ မည်သည့်နေရာတွင် ထားရှိမည်၊ ဇာတ်ပွဲ ပြီးဆုံးပါက ကျန်ရစ်သည့်အမှိုက်များ ကိုမည်သူက မည်သို့ မည်ပုံ တာဝန်ယူ ရှင်းလင်းမည် အစရှိသည်တို့ကို အသေး စိတ်ဖော်ပြမထား။ မည်သည့် တာဝန်ရှိသူ မျှလဲ ထဲထဲဝင်ဝင် စောင့်ကြပ်ထိန်းမတ် သည်ကိုမတွေ့ရ။ ဇာတ်ပွဲတာဝန်ယူ ကျင်းပသည့် ဂေါပကအဖွဲ့ သို့မဟုတ် ကန်ထရိုက်အချို့သာ ဇာတ်ပွဲအပြီး “ပွဲခံဂူး”တွင် ကျန်ရစ်သည့် အမှိုက်များကို ငွေပေးရှင်းခိုင်းသည်ကို တွေ့ဖူးသည်။
များသောအားဖြင့်ကား”ပွဲခံဂူး” များ သည် အားလုံးသိသည့်အတိုင်း ပွဲပြီး မီးသေကများသည်။ ကျီးတအာအာ၊ ယင်တလောင်းလောင်း မစင်ပုံများသည် “ပွဲခံဂူး” များကို ခွင့်ပြုပေးသူများ၊ တာ ဝန်ယူဆောင်ရွက်သူများ၊ လာရောက် ပါဝင်သူများ၏ တာဝန်ယူမှု အဆင့် အတန်းနှင့် လူ့အဖွဲ့အစည်း၏ ဂုဏ် သိက္ခာကို ဖော်ညွှန်းနေသည်။

မြန်မာပြည်သည် ပြောင်းလဲနေပြီ ဆို၏။ တိုင်းပြည် တစ်ခုပြောင်းလဲခြင်းဟု ဆိုရာတွင် အစိုးရဌာနများ ပြောင်းလဲရုံမျှ နှင့် မလုံလောက်ကြောင်း အထူးပြောရန် မလိုပြီ။ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူ များဘက်မှ ပြည်သူ့တာဝန် ကျေပွန် အောင်ထမ်း ရွက်ရမည်။ တချိန်တည်း တွင် အစိုးရလူကြီးမင်းများ တာဝန်ယူ မှုရှိရန် တစာစာတောင်းဆိုနေသည့် ကျွန်ုပ်တို့ပြည်သူများလည်း ဘက်ပေါင်း စုံ မှပြုပြင်ပြောင်းလဲကြရမည်။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်၊ အထူး သဖြင့် ထားဝယ်ဒေသ၏ ရိုးရာပွဲတော်များ ကျင်း ပရာတွင် မပါမဖြစ်ပါနေဦးမည့် “ပွဲခံဂူး” များတွင် ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ယူမှုကို ပြသရန်လည်းလိုအပ်ပေ မည်။