ထောင်ကျချင်တယ်

0
542

“ဘာလဲကွာ။ ဆေးရုံက ထောင် လား။ ”
“ဆေးရုံက ထောင်ဝင်းကြီး ကျနေ တာပဲ။” စသဖြင့် စသဖြင့် အပြော လေးတွေ မောင်ခက် ကြားကြားနေရတာ ကြာပြီ။ ဆေးရုံမှာ တံခါးစောင့်ထားတာ၊ လူနာစောင့်အပိုတွေ တစ်ပုံတစ်ပင် မထား တာတွေကို ပြောချင်ကြတာလေ။ တစ်ခါ တစ်လေဆို မျက်နှာစာအုပ်ကြီး (Facebook) ထက်မှာပါ သည်အပြောလေး တွေကို တွေ့ရ မြင်ရ တတ်သေးသပ။

အဲသလို အခါမျိုးမှာဆို ပြန်ရှင်းပြ ချင်စိတ်၊ မခံချိ မခံသာစိတ်၊ ပြန်ပြောလို စိတ်တွေ တစ်သီကြီး တစ်ထွေးကြီးနဲ့ မောင်ခက်မှာ နေမထိထိုင်မထိ ဖြစ်နေ တတ်ပါရော။ ကိုယ့်ရှေ့မှာ မကြားတကြား ပြောသွားတဲ့ သူတွေကျတော့လည်း ပဲပြုတ်သည် ခေါ်သလို ” ဟေး…လာပါ အုံး” လို့ အော်ခေါ်ပြီး ရှင်းပြရမှာ လည်း ခပ်ခက်ခက်။ တချို့ သူတွေကျတော့လည်း ဒေါ ကြီးမောကြီးနဲ့ ငှက်ပျောသီးကြီး ဖြစ်နေ တော့ ကိုယ်ရှင်းပြလိုက်တော့မှ ငိုချင်ရက် လက်တို့မိသလို ဖြစ်သွားမှာလည်း တွေးရ သေးတယ်။ ဖေ့ဘုတ်ကြီးထက်မှာ ကျတော့ လက်ယားပြီး ကိုယ်က တစ်မျှော် တစ်ခေါ် ကြီး ရှင်းပြနေရင်လည်း နားဝင်၊ လက်ခံ၊ ကျိုးကြောင်း ဆင်ခြင်၊ သဘော တူမယ့်သူက နည်းနည်း၊ “မင်းက ဆရာဝန်မို့ နာတာလား” ဆိုပြီး ဆဲနည်း ပေါင်းစုံနဲ့ မီးလောင်ရာ လေမပင့်ဘဲ ဓာတ်ဆီလောင်းမယ့်သူ၊ ဝင်သမမယ့် သူတွေက များများဆိုတော့သည် မောင်မှာ အသာမျိုသိပ် ကြိတ်မှိတ်နေရတာလေ။
အခုတော့လည်း လက်တို့ပြီးတော့ ပြောရဦးတော့မယ်။ ကြည်လင်သော အမြင်အကြားနဲ့ (Open Mind) ခံစားနား လည်ကြပါကုန်။
ဆေးရုံက ထောင်မဟုတ်ပါ။
want_to_jail_bakhet
ဒါပေမယ့်လို့ ဆေးရုံကို ထောင် လောက် မဟုတ်တောင် ထောင်နီးနီးတော့ လုံခြုံစေချင်တာ မောင်ခက် ဆန္ဒပါ။
ထောင်ဆိုတာကတော့ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ထိန်းသိမ်းထားရာ နေရာ၊ ပြုပြင်ပြောင်းလဲပေးရာ နေရာပေါ့။ ပြစ်မှု ကျူးလွန်ထားတဲ့ ရာဇဝတ်သား တွေကို လူ့အသိုင်းအဝိုင်းအတွင်းမှာ ဆက် လက် အန္တရာယ်မပြုနိုင်အောင် သီးခြား ထိန်းသိမ်းထားတဲ့ နေရာပါ။ ထိုသူတွေ အတွက် လုံခြုံတဲ့အစောင့်အကြပ်က မလွဲ မသွေ လိုအပ်မှာပါ။
ဆေးရုံကကော။

ဆေးရုံမှာ ရာဇဝတ်သားတွေလည်း မရှိပါ။ ခိုး၊ ဆိုး၊ သတ်ဖြတ်၊ မိုက်ရူးရဲ နေသူတွေနေတဲ့ နေရာမဟုတ်ပါ။ အဲသည် သူတွေလာမှာကိုသာ ကြောက်နေရတဲ့ နေရာပါ။လူနာရယ်၊ ဆရာဝန်ရယ်၊ ဆရာမ ရယ်နဲ့ ကုသမှု အထောက်အကူပြုမယ့် သူတွေပဲရှိနေတဲ့ နေရာပါ။ ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ်ပဲ ရှိနေတာပါ။အဲသည် ကိုယ်တွေ မင်းတွေ ပန်းတွေ ကို စောင့်ကြပ်ပေးနေရတာက ဆေးရုံ သန့်ရှင်းရေး တာဝန်ပါ ယူထားရတဲ့ လုပ် သားတွေပါ။ နိုင်ငံခြားတွေမှာလို ဗလ တောင့်တောင့်၊ ဂင် ကောင်းကောင်းနဲ့ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူးစတဲ့ ကိုယ်ခံပညာပေါင်းစုံ တတ်တဲ့ လုံခြုံရေး ဝန်ထမ်းတွေ မရှိပါ။ ထားလည်း မထား နိုင်သေးပါ။ ပြည်သူ့ဆေးရုံဆိုတော့လေ။ ကိုယ်တို့ ဆေးရုံကတစ်ချို့ ဝန်ထမ်းဆို လေတိုက်ရင်တောင်မှ လွင့်ပါသွားမှာ စိုးရိမ်ရလောက်အောင် ဗလကောင်းတာ တွေလည်းပါရဲ့။

ကိုယ်တို့ ဆရာဝန်တွေလည်း ဘာ ထူးလဲ။ ကိုရီးယားကားထဲကလို ဗလ တောင့်၊ ရုပ်ဖြောင့်၊ လျင်မြန် ဖျတ်လတ် နေတဲ့ ဆရာဝန်ဆိုတာ ကောက်ရိုးပုံထဲက အပ်တွေပါ။ ကိုယ်တွေမှာက လူနာရဲ့ ရောဂါရှာဖွေရေး၊ ကုသမှု ပေးရေး၊ ကျန်း ကျန်းမာမာ အိမ်ပြန်ဆင်းနိုင်ဖို့အတွက် အလုပ်တွေကြားထဲ ပိနေတဲ့ရှူနာ ရှိုက်ကုန်း နီးနီးဖြစ်နေတဲ့ ဆရာဝန်တွေရယ်ပါ။ အာ နိုး၊ ရမ်ဘို၊ ဂျက်လီ ဆရာဝန်တွေ မရှိပါ။သူနာပြုတွေထဲ ကြည့်ဦးမလား။ အမျိုးသမီး သူနာပြုတွေက အများစုပါ။ ယောင်္ကျား သူနာပြုဆိုတာ မတစ်ထောင် တစ်ကောင်ဖွားတွေပါ။
အဲတော့ ဆေးရုံမှာ သည်လို လူတွေ ရှိတဲ့နေရာဆိုတော့ တတ်ကျွမ်း ဆည်းပူး ထားတဲ့ ဥာဏ်ပညာနဲ့ လူ့အသက်ကယ် ဆယ်တဲ့ နေရာကို ကျောင်းမှန်း ကန်မှန်း မသိတဲ့ သူတွေက လုံခြုံရေး အားနည်းတာ ကို အခွင့်ကောင်းယူပြီး မြေနိမ့်ရာ လှံစိုက် ချင်တတ်ကြတယ်။
အဲဒီ “လှံကောင်”တွေက ဘာတွေလဲ ဆိုတော့ ညကြီး အချိန်မတော် မူးရူးပြီး အရက်ဆိုင်တွေက အပြန် ဆိုင်ကယ်တိုက်၊ ကားတိုက်ပြီး ဆေးရုံရောက်လာတဲ့သူတွေ လည်းပါရဲ့။

မူးပြီး တိုက်ပြီး ဒူးပြဲတာလောက်ကို ငမူးတစ်သိုက်လုံးနဲ့ ဆေးရုံမှာ လာသောင်း ကျန်းသူတွေလည်း ပါရဲ့။
သူတို့ ရောဂါကို ပြုစုကုသပေးနေတဲ့ ဆရာဝန်၊ ဆရာမလေးတွေကို မူးမူးနဲ့ တဏှာရူးပြီး ထိကပါးရိကပါး ပြောတတ် သူတွေလည်း ရှိရဲ့။
လူနာနဲ့ ဆွေမျိုး မတော်မစပ်ဘဲ အဖြစ်သည်းချင်ယောင်ဆောင်ပြီး ငပွကြီး လာလုပ်၊ မအေနှမကိုင်တုတ်ပြီး ဆဲဆိုသွား တဲ့ လူတွေလည်းပါရဲ့။
အလုပ်များနေတာကို အခွင့်ကောင်း ယူပြီး လူနာတွေရဲ့ ဖုန်းတွေ၊ လူနာစောင့် တွေရဲ့ ဖုန်းတွေ၊ စွန့်စွန့်စားစား ဆရာဝန်၊ ဆရာမတွေရဲ့ ဖုန်းတွေကို ပါ အလစ်သုတ် သွားသူတွေလည်း ရှိရဲ့။
ပြောမယ်ဆို ပြောမဆုံးပေါင် တော သုံးထောင်။

သူများနိုင်ငံတွေက ဆေးရုံတွေမှာ တော့ အဲသလို ဗရုတ်သုတ်ခတွေအတွက် လုံခြုံရေးဝန်ထမ်းကောင်းကောင်း ထားပေး ထားတာပါ။ သောင်းကျန်းမယ် မကြံနဲ့။ လုံခြုံရေး ဝန်ထမ်းတွေ ရောက်လာပြီး လက်မောင်းအိုးကြီး နှစ်ပေကျော်တဲ့ ဗလနဲ့ နားရင်းအုပ်ပြီး ဆေးရုံအပြင်ကို ဂုတ်ဆွဲ ခေါ်ထုတ်သွားပြီးသားပဲ။
ကိုယ်တွေ ဆေးရုံမှာက အဲသလို လုံခြုံရေးဝန်ထမ်းလည်း မရှိတော့ တစ်ခု ခုဆို “ကူညီပါရစေ” ကို ဖုန်းဆက် အကူ အညီခေါ်ရတာလေ။ “ပြည်သူ့ဝိုင်းတွေ ရဲ ထားတဲ့အချိန်” လည်း ကျရော သကောင့် သားတွေက အမြီးတောင်ရှာမတွေ့တော့။ သောင်းကျန်းလို့ ၀တော့ လစ်ပြီလေ။ မပြောကောင်း မဆိုကောင်း နိုင်ငံ ခြားက ခေတ်စားနေတဲ့ အကြမ်းဖက်သမား တွေများ ( အိုင်အက်စ်တို့၊ အယ်ကိုင်ဒါးတို့) ကိုယ်တို့ဆေးရုံလုံခြုံရေးသတင်းကို ကြား လို့ ရောက်လာပြီး ဝင်မွှေလိုက်လို့ကတော့ အတုံးအရုံးနဲ့ ကိုယ်တွေအကျအဆုံးများမှာ ဗေဒင်တွက်စရာတောင် မလို။အဲသည်လို ခြောက်ပါးမြောက် ရန်သူမျိုးတွေနဲ့ ကင်းအောင်လို့ ဆေးရုံတံ ခါးတွေမှာ တံခါးစောင့်လေးတွေ ထားရ တာပါ။ လူနာစောင့်တွေ စိစစ်ရတာပါ။ ထားခွင့်တော့ပြုပါ။ ရောဂါ အသည်း အသန် လူနာအတွက်က လူနာစောင့် လုံလုံ လောက်လောက် ခွင့်ပြုပြီးသားပါ။ လူနာ လာမေးကြတဲ့ ဆွေတော်မျိုးတော်တွေ အတွက်လည်း ဧည့်တွေ့ချိန်တွေ သတ် သတ် မှတ်မှတ် လုပ်ပေးထား ပြီးသားပါ။ ဒါတွေ မသိဘဲ ဖင်ဖြဲအော်ပြီး အပြစ်ပြော ချင်နေသူများကို မောင်ခက်က မြင်ပြင်း ကတ်ပြီး ဆေးရုံကြီးကို ထောင်ထဲတောင် ထည့်သိမ်း ထားချင်သူရယ်ပါ။

မောင်ခက်ကိုယ်တိုင်လည်း လုံခြုံ စိတ်ချရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ လူနာ တွေကို ကုသမှု ပေးချင်သူပါ။ ရင်တ ထိတ်ထိတ်နဲ့ ကိုယ့်လုံခြုံရေး၊ ကိုယ့်လူနာ လုံခြုံရေးကို ပူပန်နေရတဲ့ အလုပ်ကို ဘယ်သူမှ မလုပ်လိုကြပါ။ပြည်သူ့ဆေးရုံကို ဘီလူး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ အထပ်ထပ် စောင့်ကြပ်တဲ့ “အာသာဝတီ နတ်ပန်းနွယ်”လို လုံခြုံစေ ချင်ပါတယ်။

လမ်းကြုံ ဝင်၊ ပေါင်ကလေး နှစ် ချောင်း အသာဟပြီး အပန်းခံရမယ့် “ခွေး သေးပန်း ပြည်သူ့ဆေးရုံကြီး” တော့ မဖြစ် စေလိုပါ။