ထားဝယ်တက္ကသိုလ်သည် မူးယစ်ဆေးသုံးစွဲသည့်နေရာ တစ်ခု ဖြစ်လာဟု မော်ကွန်းထိန်းပြော

0
668

ထားဝယ် တက္ကသိုလ်ကျောင်းဝင်း သည် ကျောင်းသားနှင့် ပြင်ပလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရာ နေရာတစ်ခုကဲ့သို့ ဖြစ်လာကြောင်း ထားဝယ်တက္ကသိုလ် မော်ကွန်းထိန်းက ပြောကြားလိုက်သည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ နေ့လယ်က ထားဝယ်တက္ကသိုလ် အနောက်ဘက်ချုံအတွင်း WY စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရောင်းချသုံးစွဲ နေသူ ငါးဦးကို တွေ့ရှိခဲ့ပြီး လူသုံးဦးနှင့် ဆေးပြား ၁၀ ပြားဖမ်းဆီးမိခြင်းအပေါ် ထားဝယ်တက္ကသိုလ်မှ မော်ကွန်းထိန်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထားဝယ်တက္ကသိုလ်က ကျောင်း သားတွေအပြင် အပြင်လူတွေပါ ဆေး သုံးတဲ့ နေရာကြီးတစ်ခုလိုကို ဖြစ်နေ တယ်”ဟု မော်ကွန်းထိန်းက ဆိုသည်။
တက္ကသိုလ်ဝင်းအတွင်းသို့ တက္ကသိုလ် ကျောင်းသားများသာမက အပြင်လူများ ပါ လာရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲ သည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေကာ တက္ကသိုလ် ကျောင်းသားများသည်လည်း မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု ယူဆရ ကြောင်း တက္ကသိုလ်မော်ကွန်းထိန်းက ပြောသည်။
ကျောင်းသားများ မူးယစ်ဆေးဝါး သုံးစွဲသည်ကိုတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ကျောင်းမှလည်း ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ထားဝယ်တက္ကသိုလ်ထဲမှာ မူးယစ် ဆေးဝါးပျံ့နှံ့မှုက အရင်ကထက်တော့ ပိုများလာတယ်”ဟု တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း က ပြောသည်။

မူးယစ်ဆေးဝါးပျံ့နှံမှု ကျယ်ပြန့် နေပြီး ဇန်နဝါရီလ ၃၀ ရက်က ဖမ်းဆီး မိသည့်အမှုတွင် တက္ကသိုလ်အောက်ခြေ အဆင့်ဝန်ထမ်းတစ်ဦးပါ ပါဝင်နေကြောင်း ရဲမှူးကြီးက ပြောသည်။”ကျောင်းသား တော်တော်များများ သုံးနေတာ မြင်ရတယ်။ ဆေးသုံးတဲ့ ကျောင်းသားအများစုက ဒုတိယနှစ် ကနေ နောက်ဆုံးနှစ်အထိ ကျောင်းသား တွေများတယ်လို့ ထင်တယ်”ဟု ထားဝယ် တက္ကသိုလ်မှ အထူးပြု ဘာသာရပ် အမည် မဖော်လိုသည့် ဒုတိယနှစ်ကျောင်းသား တစ်ဦးက ပြောသည်။အဓိက အသုံးများသည့်နေရာများ မှာ တက္ကသိုလ်ဝင်းအတွင်းရှိ ချုံများ၊ ဘောလုံးကွင်းနှင့် မသုံးစွဲတော့သည့် အိမ်သာစသဖြင့် လူရှင်းသည့် နေရာတွင် သုံးစွဲလေ့ရှိကြသည်ဟု ၎င်း က ဆိုသည်။

၎င်းအပြင် ကျောင်းစာကြည်တိုက် အတွင်း သုံးစွဲနေသူများကိုလည်း တွေ့ ဖူး ကြောင်း ဥပဒေဘာသာရပ် အထူးပြု ကျောင်းသားတစ်ဦးက ပြောသည်။
ယခင်က ကျောင်းသူ^သားများ နားနေဆောင်အတွင်း၌ပင် မူးယစ်ဆေးသုံးစွဲမှုများရှိခဲ့ပြီး နောက်ပိုင်းတွင် ကျောင်း ဝန်ထမ်း လုံခြုံရေးများအား တာဝန်ချ ထားခဲ့သဖြင့် မူးယစ်ဆေးသုံးစွဲသူများ သည် ကျောင်းဝင်းအတွင်းရှိ ဘောလုံး ကွင်းထဲတွင် သွားရောက်သုံးစွဲနေသည် ဟု သိထားကြောင်း မော်ကွန်းထိန်းက ပြောသည်။

“စာသင်ဆောင် ဝန်းကျင်လောက်ပဲ မူးယစ်ဆေးကင်းအောင် လုပ်နိုင်သေး တယ်”ဟု မော်ကွန်းထိန်းက ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲသည့် ကျောင်း သားများနှင့် ကျောင်းသားမဟုတ်သူများ သည် ကျောင်းအိမ်သာ တံခါးကို ပိတ်၍ သုံးစွဲသည်ကို တွေ့ရလေ့ရှိကြောင်း တက္ကသိုလ်ဆရာတစ်ဦးက ပြောကြား သည်။
“တက္ကသိုလ်နဲ့ ပတ်သက်ပြီး တောက် လျှောက်တော့ လုပ်နေတယ်။ ကျောင်းသား တွေထက် ကျောင်းသားတွေ နောက်ကွယ် က ရောင်းချခိုင်းတဲ့ သူတွေကို ဖော်ထုတ် နိုင်ဖို့ လိုက်နေတယ်”ဟု ရဲမှူးကြီးကြည် လင်းက ဆိုသည်။တက္ကသိုလ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးအတွက် ဆောင်ရွက် နေသ ကဲ့သို့ ဟောပြောပွဲများကိုလည်း အကြိမ် ကြိမ်ပြုလုပ်လျက်ရှိသည်ဟု ရဲမှူးကြီးက ဆိုသည်။

မူးယစ်ဆေးဝါးကင်းစင်ရေး ဟော ပြောပွဲများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ် နေကျ ပုံမှန်ဟောပြောပွဲ မျိုးမဟုတ်ဘဲ ကျောင်းသားကျောင်းသူများ အမှန်တကယ် စိတ်ဝင်စားစွာ ဆွေးနွေးနိုင်သည့် စကား ဝိုင်းအသွင်ဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားဖွယ် တင်ဆက်မှုများဖြင့် ထိရောက်စွာ ဟောပြော ဆွေးနွေးမှုများ ပြုလုပ်ရန်လိုကြောင်း အထက်ပါ တက္ကသိုလ်ဆရာက ပြောကြားသည်။
“ကျောင်းထဲကို လူတိုင်းဝင်ခွင့် ရှိနေတာက မူးယစ် ဆေးဝါး ပျံ့နှံ့လာတဲ့ လမ်းစတစ်ခုပဲ။ ဒါပေမယ့် တက္ကသိုလ် တိုင်းမှာတော့ အနည်းနဲ့ အများ တော့ရှိ ကြတာပဲ။ ထားဝယ် တက္ကသိုလ်က လူ များတော့ နာမည်ပိုထွက်တယ်”ဟု မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိသူ ထားဝယ် မြို့ခံလူငယ်တစ်ဦးက ဆိုသည်။
တက္ကသိုလ်ဝင်းအတွင်း မူးယစ် ဆေးဝါးကင်းစင်ရန် ကျောင်းသူ ကျောင်း သားများက သတင်းပေးရန် လိုအပ် ကြောင်း ရဲမှူးကြီးက ဆိုသည်။
သို့သော် လက်ရှိအချိန်အထိ ကျောင်း အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေမှုနှင့် ပက်သက်၍ သတင်းပေးသည့် ကျောင်းသူ ကျောင်းသားမရှိသေးဟု ၎င်းက ပြောသည်။

ထားဝယ်တက္ကသိုလ်နှင့် ဆက်စပ် ဧရိယာ (ဥပမာ ကျောင်း အနောက်ဘက် ချုံတော)အတွင်း မူးယစ်းဆေးဝါးသုံး ကြိမ် ဖမ်းမိဖူးကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။