ပစ္စတိုသေနတ်နှင့်အတူ ဖမ်းမိသည့် စိတ်ကြွဆေးအမှု ကွင်းဆက်အဖြစ် မူးယစ်ဆေးများ ဆက်တိုက်ဖမ်းမိ

0
456

ပြီးခဲ့သည့်ဇန်နဝါရီလက ထားဝယ် တွင် ပစ္စတိုနှင့်အတူ ဖမ်းမိသည့် စိတ်ကြွ ဆေးပြားအမှု၏ ကွင်းဆက်အဖြစ် ICE ပုံဆောင်ခဲများနှင့် WY စိတ်ကြွဆေးပြား များကို ဆက်တိုက်ဖမ်းမိလာကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

drugs_1

ဇန်နဝါရီလ ၃၀ ရက် နေ့လည်က ထားဝယ် တက္ကသိုလ်အနောက်ဖက်ချုံ အတွင်း WY ဆေးပြား ၁၀ ပြား ဖမ်းမိခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်ညကထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် WY ဆေးပြား ၉၁၃ ပြားနှင့် Iဃန ပုံဆောင်ခဲ ၆၆ တောင့် (၃၇၃.၅ ဂရမ်)၊ ငွေကျပ် ၁၁ သိန်း တို့ကို ဖမ်းမိခဲ့ကြောင်း ထားဝယ် မြို့မရဲစခန်း ၏ မှတ်တမ်းများအရ သိရသည်။”အရင်အမှုရဲ့ ကွင်းဆက်ဖမ်းဆီး ရမိမှုတွေပါ” ဟု ထားဝယ်မြို့မ ရဲစခန်း မှ စခန်းမှူးဒုရဲမှူးမျိုးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၀ ရက် ဥဿရံရပ်ကွက်မြို့ပတ်လမ်းရှိ နေအိမ် တွင် ပစ္စတို သေနတ်တစ်လက်နှင့်အတူ WY စိတ်ကြွဆေး (၁၃၃၅)ပြား၊ Iဃန (အိုက်စ်) ၁၆တောင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှ ကွင်းဆက် အဖြစ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းထားဝယ်မြို့ရဲစခန်း စခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ဆိုသည်။
ထားဝယ် တက္ကသိုလ် အနောက် ဘက်ချုံအတွင်း မူးယစ်ဆေး ရောင်းချ သုံးစွဲနေသူများအားသတင်းအရ ဝင်ရောက် ရှာဖွေခဲ့သည့်ဖြစ်စဉ်တွင် မူးယစ်ဆေး ရောင်းချသုံးစွဲနေသူ အမျိုးသား ငါးဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့က ထွက်ပြေးသဖြင့် လုံးထွေးဖမ်းဆီးရာ အမျိုးသားတစ်ဦး အား Wဗဠန-၁၀၀ ဆိုင်ကယ်တစ်စီးနှင့် အတူ ဖမ်းဆီးရမိခဲ့ကာ ထွက်ပြေးသွား သူများအနက် ကမြောကင်းလမ်းပေါ် တွင်တစ်ဦးနှင့် ယင်းနေရာအနီး ကြက်ခြံ တွင်တစ်ဦးထပ်မံဖမ်းမိခဲ့သည်ဟု ရဲမှတ် တမ်းများအရ သိရသည်။

ယင်းနောက် ထားဝယ်တက္ကသိုလ် အနောက်ဘက်ရှိ ချုံတောအားဆက်လက် ရှာဖွေရာ Dream-125(နံပါတ်မပါ) တစ်စီးအား ထပ်မံတွေ့ရှိရပြီး ယင်းဆိုင် ကယ် ဖင်ထိုင်ခုံအတွင်းရှိ ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ်သုံးသိန်းကျော် (၃၅၂၀၀၀)ကျပ်နှင့် ၎င်းနေရာအနီး သစ်ပင်ခြေရင်းတွင် WY စိတ်ကြွဆေး ၁၀ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ် တမ်းတွင် ဖော်ပြပါရှိသည်။ညောင်ရမ်းတောင်ရပ်ကွက် ဖြစ်စဉ် တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို အထက်ပါ မူးယစ်ဆေးများ နှင့်အတူ ဖမ်းမိခဲ့ကြောင်း ထားဝယ်ရဲခန်း မှတ်တမ်းအရသိရသည်။
၂၀၁၆ခုနှစ် ဇန်နဝါရီလ၁ရက်မှ ဇန်နဝါရီလ ၃၁ရက်အထိ တစ်လအတွင်း ထားဝယ်မြို့နယ်တွင် မူးယစ်ဆေးဝါး အမှု ၇ မှု ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။