ဘုတ်ကျွန်း ခရီးစဉ်များကို ရေတပ် စကြပ်မတ်

0
558

လောင်းလုံး ဘုတ်ကျွန်းခရီးစဉ် ပို့ဆောင်နေသည့် စက်လှေများကို ဇန်နဝါရီလ ၂၃ ရက်ကစပြီး မြန်မာ့ တပ်မတော် ရေတပ်က စတင်ကြပ်မတ် နေကြောင်း ခရီးစဉ်ကို ပို့ဆောင်ပေးနေသူ တစ်ဦးထံမှ သိရသည်။

ဘုတ်ကျွန်းသို့ သွားရောက် လည် ပတ်သည့် စက်လှေများအနက် စက်လှေ ကြီးဖြစ်ပါက ခရီးသည် ၂၅ ဦး တင် ဆောင်ရန်၊ စက်လှေငယ်ဖြစ်ပါက ၁၀ ဦးသာ တင်ဆောင်ရန်နှင့် လိုက်ပါသည့် ခရီးသည် အားလုံး အသက်ကယ်အင်္ကျီ ဝတ်ဆင်ရန် စမ်းလှမ်း ကျေးရွာကမ်းခြေမှ ထွက်သည့် ရေပြင်တွင် ကြီးကြပ်နေ ကြောင်း အထက်ပါ ပို့ဆောင်သူက ပြော သည်။
Around-to-Island
လောင်းလုံး ဘုတ်ကျွန်းသို့ သွား ရောက် လည်ပတ်မည့် သူများ အတွက် ထားဝယ်မြို့မှ အဖွဲ့ ၂ ဖွဲ့နှင့် စမ်းလှမ်း ကမ်းခြေ ကျေးရွာများမှ စက်လှေပိုင်ရှင် ၅ ဦးခန့်တို့က ပို့ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။ သို့သော် သဘော့ဆိပ်ကမ်းခြေ၊ ကမ်းပနီကမ်းခြေ(မျှော်ရစ်ဘုရားအနီး)၊ မောင်းမကန်ကမ်းခြေတို့မှ ထွက်ခွာ သည့် စက်လှေများသည် ရေတပ်၏ စစ်ဆေးမှုကို ခံယူစရာ မလိုသည့်အတွက် လူဦးရေ အကန့်အသတ်မရှိ ပို့ဆောင်ကြ ကြောင်း ဘုတ်ကျွန်းသို့ သွားရောက် လည်ပတ်သူအချို့ထံမှ သိရသည်။

မျှော်ရစ်ဘုရားအနီးရှိ ကမ်းပနီ ကမ်းခြေမှ ရေမိုင်၁၈မိုင်ခန့်အကွာအဝေး ရှိပြီး ၂ နာရီကျော် ပင်လယ်ပြင်ကို ဖြတ်သန်း၍ သွားရသည့် လောင်း လုံးဘုတ်ကျွန်း အလည်အပတ်ခရီးစဉ်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး လူစိတ်ဝင် စား မှုများလာခဲ့သည်။
သွားရောက်လည်ပတ်သူ များလာ သည်နှင့်အမျှ ခရီးစဉ်အတွက် ဝန်ဆောင် မှုပေးသူများလာပြီး ရေလမ်းခရီး လုံခြုံ မှုနှင့် ပတ်သက်ပြီး ဝေဖန်သံများ ခပ်စိပ် စိပ် ထွက်လာခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမ အပတ်ကပြုလုပ်သည့် တနင်္သာရီ တိုင် ဒေသကြီး ခရီးသွားလုပ်ငန်းနှင့် ပတ် သက်သည့် အစည်းအဝေးတွင် အဖွဲ့ ပေါင်းစုံ ပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စိစစ်ပြီးမှ ပင်လယ်ပြင်ရှိ ကျွန်းများသို့ လည်ပတ် သွားမည့်သူများကို ခွင့်ပြုရန် ဆွေးနွေးခဲ့သော်လည်း လက်ရှိအချိန်အထိ ယင်းအဖွဲ့မှ အကောင်အထည်ဖော် လုပ် ဆောင်နိုင်ခြင်း မရှိသေးပေ။
ဘုတ်ကျွန်းကို နိုင်ငံခြားသားများ သွားရောက်လည်ပတ်ခွင့်မပြုသေးပေ။