ကုန်တင်ကားကြီးများ အဝေးပြေး ကားကြီးဝင်းအသစ်တွင် ရပ်နားရမည်

0
458

မြိတ်မြို့နယ်အတွင်းသို့ ဝင်လာသည့် ကုန်တင်ကားကြီးများသည် ဖေဖော်ဝါရီ လ ၅ ရက်မှစပြီး အဝေးပြေးကားကြီးဝင်း တွင် ရပ်နားရမည်ဖြစ်ကြောင်း မြိတ်မြို့ နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းကားကြီးဝင်းတွင် ရပ်နားပြီး ကုန်ပစ္စည်းများကို တခြားကားငယ်များ ဖြင့် မြို့တွင်းသို့ ပေးပို့ရမည်ဟု အထက် ပါ တာဝန်ရှိသူက ပြောသည်။
ကားအဝင်အထွက် တစ်ခေါက် လျှင် ကုန်တင်ကားတစ်စီးအတွက် ဂိတ် ကြေး ကျပ် ၃၀၀၀နှုန်း ကောက်ခံသွား မည်ဖြစ်ပြီး ယာဉ်အသင်း အခန်းတစ်ခန်း ကို တစ်လလျှင် တစ်သိန်းနှုန်းဖြင့် လည်း ကောင်း၊ တစ်နှစ်လုံး အတွက် ၁၀ သိန်း နှုန်းဖြင့် ငှားရမ်းပေးသွားမည်ဟု သိရ သည်။

ကုန်ကားအသင်းများနှင့် ကုန်ကား ကြီးများအားလုံး သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရ သည်။

ကုန်တင်ကားကြီးတစ်ချို့သည် မြိတ်မြို့တွင်းသို့ ဝင်ထွက်ကာ ကုန်စည် အတင်အချ ပြုလုပ်လျက်ရှိသည့်အတွက် လမ်းပျက်စီးခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့ မှုများ ကြုံတွေ့နေရကြောင်း မြို့ခံတချို့ က ပြောသည်။