ဝင်းစိန်ဆရာတော် ရုပ်ကလာပ် ပင့်ဆောင်ပူဇော်အခမ်းအနားသို့ လူထောင်ချီ ရောက်ဖူးမျှော်

0
511

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ အတောင် ၄၀၀ နှစ် ၆၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီးကို ဦးစီးတည်ထား ကိုးကွယ် ခဲ့သည့် ဝင်းစိန်တောရ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရ မဟာထေရ် ရုပ်ကလာပ်အား နိဗ္ဗာန်စံ ကျောင်းသို့ ပင့်ဆောင်ပူဇော် သည့် အခမ်းအနားတွင် လူပေါင်းထောင် နှင့်ချီ လာရောက် ဖူးမျှော်ခဲ့ကြသည်။

win_sein_taw_ya
ဆရာတော်သည် သက်တော် ၉၅ နှစ်၊ ဝါတော် ၄၅ ဝါတွင် ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ လူကြီး ရောဂါဖြင့်ပျံ လွန်တော်မူခဲ့ပြီး ဆရာတော် ၏ရုပ်ကလာပ်ကို ဆရာတော် စံကျောင်း တွင်ပင် အပူဇော်ခံထားခဲ့သည်။
အမြဲတမ်း အပူဇော်ခံထားရန် အတွက် ဆရာတော်ရုပ်ကလာပ်အား ဆရာတော် မွေးနေ့ဖြစ်သည့် ပြာသို လဆုတ် ၁၀ ရက် (ဖေဖော်ဝါရီ ၃) တွင် နိဗ္ဗာန် စံကျောင်းသို့ ပင့်ဆောင် ပူဇော်ခဲ့သည်ဟု ဝင်းစိန်တောရကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ပြောသည်။
ဆရာတော်၏ ၉၅ နှစ်မြောက် မွေးနေ့လည်းဖြစ်သည့် ယင်းအခမ်း အနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်လည်း လာရောက် ဖူးမြော်ခဲ့ပြီး ထိုင်းနိုင်ငံမှ သီလရှင်များလည်း လာရောက်ဖူးမျှော် ခဲ့ကြသည်။

ဝင်းစိန်ဆရာတော်ဘုရားကြီးသည် သာသနာပြုဧရိယာ ၅၀၀ နီးပါးအတွင်း စေတီပုထိုးပေါင်း ၆၀၀ ကျော် သာသနိ က အဆောက် အဦးပေါင်း ၃၀ ကျော်နှင့် ကမ္ဘာ့အကြီးဆုံး အတောင် ၄၀၀ပြည့် လျောင်းတော်မူဘုရားကြီးကိုလည်း တည်ထားခဲ့သည်။ ထို့အပြင် အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ် ပွားတော်နှင့် တည်ဆောက်ဆဲ အတောင် ၆၀၀ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆရာတော်ဘုရား ၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ်၊လက်တက်ကျေးရွာ တွင်လည်း အတောင် ၁၈၀ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား တော်ကို တည်ထားခဲ့သည်။

မွန်ပြည်နယ်သားများသာမက မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးပြည်သူတို့ကလည်း ဆရာတော်ကို ကြည်ညိုကိုးကွယ်ကြသည့်အပြင် ထိုင်း ဘုရင်မင်းမြတ်၏ ကြည်ညိုမှုကိုလည်း ခံယူခဲ့ရသည်။