အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးပွဲထပ်လုပ်၊ ပထမအကြိမ်တွင် နိုင်ထားသူ ရှုံးနိမ့်

0
418

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်တွင် ဒုတိယအကြိမ် အုပ်ချုပ်ရေး မှူး ရွေးချယ်ပွဲ ပြုလုပ်ရာ အနိုင်ရ ထားသူ ရှုံးနိမ့်ခဲ့ကြောင်း ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက်က ပြုလုပ် သည့် ပထမအကြိမ် ရွေးချယ်ပွဲ ရလဒ်ကို ရပ်ကွက်သူ ရပ်ကွက်သားများက မကျေ နပ်ကြသဖြင့် ဇန်နဝါရီလ ၃၁ ရက်တွင် ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။

ယခင်အနိုင်ရရှိထားသူက ၅၉ မှတ် ရရှိပြီး၊ ယခုအနိုင်ရရှိခဲ့သူက ၉၁ မှတ် ရရှိကာ ၃၂ မှတ်အကွာဖြင့် အနိုင်ရရှိ ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကော့သောင်းမြို့တွင် မြို့ပေါ် ၁၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲရလဒ်စာရင်းအရ လူသစ်၇ ဦးနှင့် ယခင် အုပ်ချုပ်ရေးမှူး(လူဟောင်း) ၃ ဦး ရွေးချယ်ခံထားရကြောင်း သိရသည်။