ထားဝယ်သို့ မိမိအစီအစဉ်ဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ပိုများ

0
651

ထားဝယ်ဒေသသို့ မိမိအစီအစဉ် ဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသား ခရီးသွားများ ပိုမိုများပြား ကြောင်း ထားဝယ်ခရိုင်ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန (ထားဝယ်ရုံးခွဲ) မှ သိရသည်။

နိုင်ငံခြားသား ခရီးသွားများမှ ထားဝယ်ဒေသအတွင်းသို့ Package (ခရီးသွားကုမ္ပဏီ၏) အစီအစဉ်ဖြင့် လာ ရောက်လည်ပတ်မှုမှာ မရှိသလောက် နည်းပါးခဲ့ပြီး မိမိအစီအစဉ် (FIT) ဖြင့် လာရောက်လည်ပတ်မှုမှာ ပိုမိုများပြား ခဲ့ပြီး ထားဝယ်သို့ ဝင်ပေါက်အသီးသီးမှ လာရောက်လည်ပတ်ကြကြောင်း ခရိုင် ဟိုတယ်/ခရီးမှ တာဝန်ရှိသူက ဆိုသည်”မိမိ အစီအစဉ်နဲ့လာရောက်ကြ တာက ဒေသခံအောက်ခြေလူတန်းစားတွေ ပိုအကျိုးရှိမယ်လို့ထင်တယ်” ဟု ခရိုင် ဟိုတယ်/ခရီး တာဝန်ရှိသူ ကပြောသည်။
tourist_dawei
ထိုကဲ့သို့ ဝင်ရောက်ရာတွင် နိုင်ငံ ခြားသားအများစုမှာ မိမိအစီအစဉ်ဖြင့် ထီးခီးနယ်စပ်ပေါက်မှ ဝင်ရောက်မှုများ ပြားကာ ပင်လယ်ကမ်းခြေဒေသနှင့် ပင် လယ်အတွင်းရှိ ကျွန်းများကို သွားရောက် လေ့လာရန် ပိုမိုစိတ်ဝင်စားကြသည်ဟု ထားဝယ်ဒေသခံဧည့်လမ်းညွှန် ကိုတင် နိုင်က ဆိုသည်။
“နိုင်ငံခြားသား အဝင်များတော့ ဆက်စပ်လုပ်ငန်းတွေ အကုန်လုံး အဆင် ပြေနိုင်တယ်”ဟု ဒေသခံဧည့်လမ်းညွှန် ကိုတင်နိုင်က ပြောသည်။
သို့ရာတွင် ကျွန်းခရီးစဉ်များအား တရားဝင် စီစဉ်ပေး၍မရသည့်အတွက် အဆင်မပြေဖြစ်ရကာ မြိတ်ကျွန်းစုကဲ့သို့ တရားဝင်ခရီးစဉ်များဖြင့် ခွင့်ပြုပေးသင့် သည်ဟု ကိုတင်နိုင်က ဆက်ပြောသည်။

ပင်လယ်အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြားသားများ သွားရောက်လည် ပတ်ခွင့်အား နေပြည်တော်အခြေစိုက် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအထိ တင်ပြရပြီး ခွင့်ပြုချက်ရမှသာ သွား ရောက်လည်ပတ်ခွင့် ရှိသည်ဟု ထားဝယ် ခရိုင် ဟိုတယ်/ခရီး တာဝန်ရှိသူက ပြောသည်။
နိုင်ငံခြားသားများ ထားဝယ်ဒေသ သို့ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်နှင့် စက်ဘီး များဖြင့် ဝင်ရောက်မှုများရှိခဲ့ကြောင်း ထားဝယ်ဒေသခံများထံမှ သိရသည်။
ထိုင်းနိုင်ငံမှ ထားဝယ်ဒေသသို့ ထီးခီးနယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံ ခြားသားဝင်ရောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် လေးသောင်းခွဲကျော် (၄၆၈၉၆) ဦးရှိခဲ့ကာ၂၀၁၆ခုနှစ် ဇန်န ဝါရီလတွင် ၄၈၄၆ဦးဝင်ရောက်မှု ရှိခဲ့ ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ခရီး ရုံးမှတ်တမ်းအရ သိရသည်။