စက်မှုဇုန်နှင့် GDP

0
655

ခုတစ်လော ဒါတွေပြောဖြစ်နေသည်။ ရှင်းအောင်ရေးရရင် GDP  (ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး)  ဆိုတာ ဖွံ့ဖြိုးရေးကို အမှန်တကယ်ဖော်ပြနိုင်တဲ့ အတိုင်းအတာ မဟုတ်သော်ငြား အရေးပါ ပါ၏။ သို့သော်  GDP တက်ရုံဖြင့် ငါကွ လို့ ကြွားလုံးထုတ်မရ။

၂၀၁၀ ခုနှစ် ဦးသိန်းစိန် မတိုင်ခင် GDဏ  ကို လူဦးရေ သန်း ၆၀ ပေါ် အခြေခံ၍ တွက်သည်။ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ပြီးသော လူဦးရေက သန်း ၅၀သာ ရှိသည်ဟု ဆိုသောကြောင့် ဘာမျှလုပ်စရာမလိုဘဲ တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုး (Per Capital GDP)မှာ ဘိုးဘိုးအောင် တန်ခိုးဖြင့် ၁၅ – ၁၆ ရာနှုန်းလောက် တိုးသွားသည်။ စာရင်းသာ  တိုးသွား သော်လည်း လက်တွေ့နေစဉ်ဘ၀မှာ ဘာမှပိုထူး မခြားနားသွား။

စက်မှုဇုန် အကြောင်းရေးတော့ တိုင်းပြည်တိုးတက်ရေးအတွက် စက်မှုဇုန် ကို မကန့်ကွက်ဖို့ အချို့က ဆိုလာပါ သည်။ မကန့်ကွက်ပါ။ GDဏ တိုး ရေးကော၊ စက်မှုဇုန်တည်ဆောက်ရေး ကော ကြိုဆိုပါသည်။ တိုးတက်လာသော GDP  သည် ပြည်သူအားလုံးအတွက် ဖြစ်သင့်သည်။ လူတစ်စုကွက် အကျိုး ရှိမည့် လုံးပြီးဖော်ပြတဲ့ စုစုပေါင်း ပြည် တွင်း ထွက်ကုန်တိုးတက်မှုနှုန်း (GDP Growth Rate) မဖြစ်သင့်၊ Gini Coefficient လေးနှင့်ပါရော တွဲဖော် ပြသင့်သည်။ (Gini Coefficient မှာ တိုင်းပြည်ဝင်ငွေများ မည်သူတို့ထံ၊ မည်မျှ ခွဲဝေဖြန့်စီးသွားကြောင်း တွက် ချက်ခြင်းဖြစ်သည်)
၁၉၇၀ ကျော်လောက်က ဒေါက်တာ မြင့်သိန်းတွက်ပြခဲ့တဲ့ Gငညငက လွဲလို့ မြန်မာပြည် ဘယ်လောက် လက်ဝါး ကြီးအုပ် စီးပွားရေးဖြစ်နေသလဲဟု ချိန် ထိုးစရာ ကိန်းဂဏန်း မမြင်မိပါ။ တချို့ က လက်တစ်ဆုပ်စာလူတွေလက်ထဲ တိုင်းပြည် စီးပွားရေး ၇၀ရာခိုင်နှုန်း လောက်ကျရောက်နေသည် ပြောကြ သည်။ သေသေချာချာ တွက်ချက်ထားတာ မမြင်မိသေး။ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက် ရေးက ကြိမ်းသေပေါက် GDဏ ကိန်း ဂဏန်းတိုးတက်ရေးကို အထောက်အကူ ပြုသည်။

Export-led-growth (ပို့ကုန် တွန်းအားပြု တိုးတက်ရေး) နှင့် Foreign Direct Investment (FDI-နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) ကိုးကွယ် သူများက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်တွဲမြင် သည်။ မြင်ကြပါ ပြဿနာမရှိ။Blind Faith စုံလုံးမှိတ် မယုံကြပါနှင့်။
သင်ကိုယ်တိုင် နိုင်ငံတကာရင်းနှီး မြှုပ်နှံသူတစ်ယောက်အနေနှင့် စဉ်းစား ကြည့်ပါ။ ဘာကိစ္စမြန်မာပြည်မှာ စက်ရုံ လာထောင်ရမည်နည်း။

၁။ မြေဖိုးဈေးပေါမှာလား၊ ပိုင်ဆိုင် မှုဘယ်လောက် စိတ်ချရမလဲ၊ ဥပဒေ အကာအကွယ် ဘယ်လောက်ရမလဲ၊ တရားဥပဒေစိုးမိုးရေးက ဘယ်လောက် စိတ်ချရမလဲ။

၂။ လျှပ်စစ်မီး ဘယ်ဈေးနဲ့ ဘယ် လောက်စိတ်ချချရမလဲ။
၃။ အလုပ်သမားခ ဈေးသက် သာမလား၊ အလုပ်သမားတွေစွမ်းဆောင် ရည်တွေကော ကောင်းပါ့မလား၊ မကြာ ခဏ သပိတ်မှောက်ကြမှာလား၊ အလုပ် သမားပြဿနာ အငြင်းပွားမှုတွေ ဖြေရှင်း တဲ့ စနစ်ကကော အလုပ်ဖြစ်ပါ့မလား။
၎။ လိုင်စင်လျှောက်တာတွေ အ ကောက်ခွန် ရှင်းလင်းတာတွေ မြန်ဆန် သွက်လက် Online Service ရနိုင် သလား။
၅။ ကုန်သွင်းကုန်ထုတ် သယ်ယူ ပို့ဆောင် သိုလှောင်ရေး အခြေခံ အဆောက် အဦနှင့် ဝန်ဆောင်မှုက ကောင်းမှာလား။
၆။ ဘဏ်ငွေပေးငွေချေစနစ်တွေ အဆင်ပြေချောမွေ့မှာလား။
၇။ ပတ်ဝန်းကျင်ရေးရာ စံနှုန်းစံ ထားတွေက တင်းကြပ်လွန်းလား။
၈။ ကုန်ကြမ်းဈေး ပေါပေါရမလား၊ ဒါမှမဟုတ် ပေါချောင်ကောင်း အနီး အနားက လွယ်လွယ်ဝယ်ယူကူသွင်း လို့ရ မလား။
၉။ ပို့ရမည့် ဈေးကွက်နှင့်နီး သယ်ယူ စရိတ် သက်သာမှာလား။
၁၀။ Internet ကကောင်းရဲ့လား။
၁၁။ အဆင့်မြင့်ထွက်ကုန်အတွက် လိုအပ်တဲ့ ဆင့်ကဲနည်းပညာဝန်ဆောင် မှုပေးတာတွေ ရနိုင်လား။
၁၃။ အရင်းကြေဖို့က အနည်းဆုံး ၁၀ နှစ်လောက်ရှိတော့ နိုင်ငံရေးတည် ငြိမ်မှုရှိပါ့မလား။
၁၄။ အာမခံစနစ်တွေကကော လွယ် လွယ်ကူကူ ဝန်ဆောင်မှုရနိုင်မလား။
၁၅။ စီးပွားရေးအငြင်းပွားမှု ဖြေရှင်း ရင် နိုင်ငံတကာ Arbitration  အရ ဆောင်ရွက်နိုင်မှုရှိမရှိ။
၁၆။ မူပိုင်ခွင့် အကာအကွယ်ဘယ် လောက်ပေးမလဲ။
၁၇။ ကုန်ကျစရိတ် ကာမိအောင် ပြည်တွင်းထုတ်ရောင်းနိုင်မှုရှိမရှိ၊ ပြည် တွင်းဝယ်လိုအားကို အားကိုးလို့ရမရ။
၁၈။ အခြားပြိုင်ဘက်များကို နိုင်နိုင် မဲ့ အားသာချက် ရှိ^မရှိ။
၁၉။ အခြား ပေါချောင်ကောင်းသွား ထုတ်လုပ်နိုင်မဲ့ အချဉ်နေရာ ရှိ^မရှိ။
၂၀။ ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ Hard Currency အလွယ်တကူ တိုင်း ပြည်ထဲက ပြန်ထုတ်ယူသွားလို့ ရနိုင် မနိုင်။
၂၁။ ဖွံ့ဖြိုးဆဲတိုင်းပြည်မို့ အ နောက်နိုင်ငံဈေးကွက်က မျက်နှာသာ ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့် ရနိုင် မနိုင်။
ဒါတွေ အားလုံးထည့် စဉ်းစားမှာပါ။

ဒီအချက်တွေ တစ်ခုခြင်း စဉ်းစား ရင် တရုတ်ပြည်မှာ အလုံးအရင်းနှင့် ဈေးပေါပေါ ထုတ်တဲ့ ပို့ကုန်ပစ္စည်း မြန်မာ ပြည်မှာလာထုတ်ဖို့ ခက်ပါ လိမ့်မည်။ တရုတ်ပြည်မှာ လုပ်ခဈေး တက်လာလို့ ဒါမှမဟုတ် နိုင်ငံရေးအရ ပြဿနာတက် လာလို့ လာထုတ်မဲ့ စက်မှု ကုန်ပစ္စည်းအချို့ ရှိနိုင်မည်။ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းလာထုတ်ရန် အလား အလာ မရှိပါ။ စားသောက်ကုန်အချို့ တော့ ထုတ်ကောင်း ထုတ်နိုင်သည်။ ဒါကြောင့်  ပတ်ဝန်းကျင် ပြဿနာရှိတဲ့ ရေနံဓာတုစက်ရုံ၊ ပြည်တွင်းဆောက် လုပ်ရေးကိုမှန်းပြီး လာမယ့် ဘိလပ်မြေ၊ သုတ်ဆေး၊ သံမဏိလိုလုပ်ငန်းမျိုး၊ ငါးကြင်းဆီနဲ့ငါကြင်းကြော်မယ့် ကိုလာ ကိုလာတို့၊ ဘီယာစက်ရုံတို့ ဆောက်ပြီး (သူ့ငွေ သယ်လာမှာထက်) ကိုယ့်ဈေး ကွက်နှိုက်ပြီး ငွေပြန်သဲ့ သွားမယ့် လုပ် ငန်းမျိုးတွေ များပါလိမ့်မည်။

တဖက်မှာလည်း စက်မှုဇုန်အောင်မြင် အောင်ဆိုပြီး မဟားတယား အခွင့်အရေး တွေပေးပြန်ရင်လည်း အခွန်အခ အနည်း အကျဉ်း အလုပ်အကိုင် မဆိုသလောက် လေးနဲ့ အခွင့်ထူးခံ စက်ရုံတွေပဲရောက်လာ ပတ်ဝန်းကျင်၊ လူမှုရေးပြသနာတွေနဲ့ “ဂျပန်ဗိုလ်ကြီး ဂျပန်ပြန် ဗိုက်တစ်လုံးနဲ့ ကျန်”ဆိုတဲ့အဖြစ် ရောက်မှာလည်း စိုးရိမ်ပါသည်။ ပြည်တွင်းလုပ်ငန်းရှင်တွေ ကျတော့လဲ Sနဇ (အထူးစီးပွားရေးဇုန်) မှာ ရတဲ့ အခွင့်အရေးမျိုးမရဘဲ စီးပွားရေး လုပ်ရကြပ်ပြီး ဖယ်ကြဉ်ခံရနိုင်သည်။ ကိုယ်ကျိုး စီးပွားသိပ်ကာကွယ်ပြန်ရင် လည်း စက်မှုဇုန်တွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။

ဒီတော့ စက်မှုဇုန်နှင့် GDP  ကို မျက်စိထဲမြင်အောင် ပြောရရင် ကမ္ဘာဇ ဘဏ်မှာလုပ်ရတဲ့ လုံခြုံရေး ဝန်ထမ်းနှင့် ငွေတွေ တစ်နေ့တစ်နေ့ မမော နိုင်မပမ်း နိုင်ရေတွက်နေရတဲ့ စာရေးတွေနဲ့ သွားတူ  ပါတယ်။ ကိုယ်ငွေလည်းမဟုတ် သယ် ပေးလိုက်ရ၊ ရေတွက်ပေးလိုက်ရနဲ့ တနေ့တနေ့သန်းချီပြီး ငွေတွေနဲ့ထိတွေ့ နေရပေမယ့် ညနေရောက်တော့ ဒုံရင်းက ဒုံရင်းပေးထားတဲ့ လစာလေးနဲ့ အရှိအဖြစ် စားသောက် အိပ်စက်ရုံပါပဲ။ တစ်ခုတော့ ရှိတာပေါ့။  ကိုယ်အလုပ်လုပ်တဲ့ဘဏ် အဲ့ဒီလောက် တစ်နေ့တစ်နေ့ကို ငွေတွေ ကိုင်တွယ်နေရတော့ ဝန်ဆောင်မှု အခ ကြေးငွေရမှာပေါ့။ သူဌေးအလုပ်ဖြစ်ရင် တော့ အလုပ်မပြတ်ဘူး၊ ဘောနပ်လေး မှန်မှန်ရမယ် ဒါထက်မပိုပါဘူး။ စီးပွား ရေးကပ် ကျလို့ ဘဏ်တွေ ဒေဝါလီခံရရင် ဒါမှ မဟုတ် ဘဏ်စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဘဏ်ပိတ်ရင်တော့ ကိုယ်လဲခံပေါ့။ အလုပ်ဖြစ် နေတုန်းတော့ ယူနီဖောင်းလေး ခပ်ကြော့ကြော့ဝတ်၊ သူများငွေတွေ သိန်း သန်းချီပြီး နေ့စဉ်အလုပ်များ ခါးချိပေါ့။

စက်မှုဇုန်နှင့်GDP  ဆိုတာလည်း ဒီအတိုင်းပဲ အလုံးတွေကြီးနေပြီး ဟန် ကိုယ့်ဖို့ပဲ ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲ ကြပါကုန်။
နောက် တစ်ဆက်တည်း ကိစ္စက အလုပ်အကိုင် ရရှိရေးပါ။ မိတ်ဆွေထဲက စီးပွားရေးပညာရှင်များ ပညာအလင်း ပြပါဦး။

အလုပ်လက်မဲ့ ပြဿနာဘယ်လို ဖြေရှင်းမှာလဲလို့။ ထိုင်းမိတ်ဆွေတစ် ယောက်ကပေးတဲ့ အချက်အလက်ထဲမှာ ဘတ် ၆၇ သန်းကို ရေနံဓာတုစက်ရုံမှာရင်းနှီးမြှုပ်နှံရင် လူတစ်ယောက်ပဲ အလုပ်ရတယ်။ ဒါပေမဲ့ အဲဒီ့ငွေနဲ့ သားရေ လုပ်ငန်းမှာ ရင်းနှီးရင် လူ ၁၃၂ ယောက်လောက် အလုပ်ရ တယ်တဲ့။ ဒါမှန်ရင် ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်မှာ အလုပ်အကိုင် အခွင့်အလမ်း သိပ်မရနိုင်ဘူးလို့ သုံးသပ်လို့ ရတာပေါ့။ လူငါးသောင်း တစ်သိန်းလောက်တော့ အလုပ်ရနိုင်ပေမယ့် ဆယ်သန်းလောက် ရှိမယ့် အလုပ်လက်မဲ့တွေအတွက် ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ဘ၀ပဲ။ ကျောင်းတုန်းကLewis Model Dual Sector Growth  ကို သင်ခဲ့ရဖူးတယ်။ မြို့တွေမှာ စက်ရုံတွေထောင်ခြင်းအားဖြင့် ကျေး လက်အလုပ်လက်မဲ့တွေအလုပ်ရ ကျေးလက်ထွက်ကုန် ကုန်ကြမ်းတွေ လည်း ဈေးကောင်းရတော့ ရွာတွေလဲ မြေသယံဇာတနဲ့ လူအချိုးကိုက်၊ စိုက်ပျိုးရေးဖွံဖြိုး၊ မြို့ကလုပ်သားတွေပို့တဲ့ ငွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဝယ်အားကောင်းလို့၊ စက်ရုံတွေအလုပ်ဖြစ် အားလုံးအဆင်ချော နေသည်။ မြန်မာပြည်တွင်လည်း စက်မှုဇုန်ဖွံ့ဖြိုးရေးအားနှင့် အင်နှင့် ဆောင်ရွက်တာမြင်တော့ ကန့်ကွက်စရာမရှိပါ။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလာပြီး စက်ရုံတွေပေါ အလုပ်အကိုင်တွေရမယ်ဆို တာက နည်းနည်းများမျက်စိစုံ မှိတ်ယုံလွန်းလားလို့။ အထည်ချုပ် လုပ်ငန်းတွေ၊ လာရင်တော့ လူတစ်သန်းလောက်ထိ အလုပ်ရကောင်း ရနိုင်ပါလိမ့်မယ်။ ဘယ်သူတွေက ဘယ်စက်ရုံ တွေထောင်ပြီး ဘာတွေ ထုတ်ဘာတွေကို ရောင်းကြမှာလဲ။

တရုတ်စက်မှုကုန်တွေနဲ့ယှဉ်ပြီး ကမ္ဘာ့ရောင်းကုန်ပစ္စည်း ပြိုင် ထုတ်နိုင်မှာလား။ ထိုင်းကထုတ်တဲ့သကြားက အရည်အသွေးပို ကောင်း ပြီး မြန်မာပြည် ကထုတ်တဲ့သကြားထက် ပိုဈေးပေါနေတယ်။ ဘယ်လို လုပ်ကြမလဲ။ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းက သိပ်ယှဉ်ပြိုင်စွမ်းမရှိ ဖြစ်နေရင် သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းနှင့်  ပြည်တွင်း လုပ် ငန်းရှင်တွေ အရှိန်ယူမှာလား။ အခုအချိန် မှာတော့ ဖွံဖြိုးမှုနိမ့်ကျနေတဲ့ အဆင့်က ရုန်းထွက်ဖို့ ကြိုးစားနေဆဲပေါ့။ သို့သော် Middle Income Trapက ခုန်ထွက်နိုင်အောင်လည်း ကြိုစဉ်းစားထားဖို့လို မလို။ စာရေးဆရာကြီး မောင်စူးစမ်းစာတွေ တောင့်တမိပါရဲ့။