အံဒင်ကျောက်မီးသွေး ဆန့်ကျင်ရေး ဆိုင်းဘုတ်များ ကျေးရွာ ၁၀ တွင် စိုက်ထူ

0
457

လာမည့် အစိုးရသစ်လက်ထက်တွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ကန့်ကွက်သည့် ဒေသခံတို့၏ အသံကို ပိုမိုအာရုံ စိုက်လာရန် ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းက စတင်ကာ ရေးမြို့ နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာမှ အစပြုကာ ကျောက်မီးသွေးဆန့်ကျင်ရေး ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခဲ့ကြောင်း အံဒင်လူငယ်အဖွဲ့ထံမှ သိရသည်။


အံဒင်လူငယ်များ ဦးဆောင်ကာ ဖာလိန်ဒေသကျေးရွာများဖြစ်သည့် အံဒင်၊ ငါးမျှားစခန်း၊ အံဒင်ရွာသစ်၊ နှီးကရုတ်၊ ရေပေါ်သောင်၊ သာဂရံ၊ နှီးနူ၊ ပလိုင်သိမ်၊ ဂူဂတောနှင့် ဒူးယား ကျေးရွာတို့တွင် ဆိုင်းဘုတ်များ လိုက်လံ စိုက်ထူခဲ့ကြပြီး ကျေးရွာသူ^သားများက “ဒီဒေသဟာ ဘယ်သူ့နေရာ၊ ဒို့ရဲ့ဒေသ ပါ၊  ဒို့ရဲ့ဒေသသာယာဖို့ ဒို့တွေ ကြိုး စားစို့၊ ဒို့ဒေသ သာယာဖို့ တာဝန် ယူကြစို့၊ ဒို့ဒေသ အေးချမ်းဖို့ ဒို့တွေ ဆောင်ရွက်စို့၊ ဒို့ဒေသတိုးတက်ဖို့ လုပ် ဆောင်ကြပါစို့” စသည့် ကြွေးကြော် သံများ ကြွေးကြော်ခဲ့ကြသည်။
ဆိုင်းဘုတ်များတွင် ကျောက်မီး သွေး ဆန့်ကျင်ရေး စာသားများအပြင် ဒေသ အဓိက အရင်းအမြစ် ထွက်ကုန် များ၊ လုပ်ငန်းများ၏ ဝင်ငွေများကိုလည်း ဖော်ပြထားသည်။

no_coal_no_ttcl
“ဒီဗွီနိုင်းထဲမှာ အံဒင်ဒေသက ထွက် ရှိတဲ့ ၂၀၁၄ တစ်နှစ်စာအတွက် ကွမ်း သီး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပင် လယ် ငါးဖမ်းလုပ်ငန်းကရတဲ့ အဓိက ဝင်ငွေ တွေကို ဒေသခံတွေ သိစေချင်တဲ့အတွက် ဖော်ပြထားပါတယ်”ဟု အံဒင် လူငယ် အဖွဲ့မှ မိသီရိဦးက ပြောသည်။
သဘာဝသယံဇာတ အရင်းအမြစ် တန်ဖိုးကို ဖာလိန်ဒေသခံများ ပိုမိုသိရှိ လာစေရန်၊ ဖာလိန်ဒေသ စည်းလုံးမှု ပိုမိုရရှိလာစေရန်၊ အစိုးရသစ်လက်ထက် တွင်လည်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း ကန့်ကွက်နေသည့်ဒေသခံတို့၏ အသံကို ပိုမိုအာရုံ စိုက်လာရန် ယင်းသို့ စိုက်ထူ ခြင်းဖြစ်ကြောင်း မိသီရိဦးက ပြောသည်။
ထို့အပြင် ပြည်ထောင်စုလျှပ်စစ် ဒုဝန်ကြီး ဦးအောင်သန်းဦးက အံဒင် ကျောက်မီးသွေး စက်ရုံစီမံကိန်းနှင့် ပတ် သက်ပြီးအံဒင်ဒေသခံများ သဘောမတူမီ ကာလအတွင်းEIA/SIA လုပ်ငန်းများ အပါအဝင် အခြားသော စူးစမ်းလေ့လာ မှုလုပ်ငန်းများ မပြုလုပ်ဘဲ ခေတ္တဆိုင်း ငံ့ထားမည်ဟု ၂၀၁၅ ဒီဇင်ဘာလ ၃၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြော ကြားခဲ့သည်ကို ဒေသခံများသိရှိနားလည် လာစေရန်အတွက်လည်း ရည်ရွယ်သည် ဟု ၎င်းက ပြောသည်။
တိုယိုထိုင်းကုမ္ပဏီမှ ဒေါ်လာသန်း ၂၇၀၀ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးဖြင့် လည်ပတ်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် ပြည်ထောင်စု အစိုးရနှင့် ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက် ကMOA လက်မှတ်ရေးထိုးခဲ့သည်။