၁၀ နှစ်အောက် ဘောလုံးပွဲ အသက်ကြီး ကစားသမား ပါမပါ စိစစ်ရန် တိုင်စာပို့

0
423

မူလတန်းပေါင်းစုံအသက် ၁၀ နှစ် အောက်ဘောလုံးပြိုင်ပွဲတွင် အသက်ကြီး ကစားသမားပါမပါ စိစစ်ပေးရန် ထား ဝယ်ခရိုင် အား^ကာထံတိုင်ကြားစာပေး ပို့ထားသည်ဟု ယင်းတိုင်ကြားစာနှင့် မူလတန်း ကျောင်းအကျိုးတော်ဆောင် များထံမှ သိရသည်။

ထားဝယ်မြို့၊ အ.ထ.က ၁ ကစား ကွင်းတွင် ကျင်းပသည့်အသက် ၁၀ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် နယ်မြေ (၈) အသင်းမှ ကစား သမား များကို အသက်အရွယ်နှင့်ကိုယ်ခန္ဓာ ထွားကျိုင်း မှုအပေါ် သံသယရှိသဖြင့် နယ်မြေ(၆) နည်းပြနှင့်နယ်မြေ (၁၁)မှ အုပ်ချုပ်သူ တို့က ယင်းကိစ္စအား စိစစ်ပေးရန်အတွက် ခရိုင် အား^ကာသို့ လိပ်မူကာ ဇန်နဝါရီ လ ၂၅ ရက်က တိုင်ကြားခဲ့ကြောင်း ပုံကျွန်းရပ် မူလတန်းကျောင်းမှ ကျောင်း အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ဆိုသည်။
football_player_under_10
“ကျန်အသင်းတွေမှာလည်း အသက် ကြီးသူတွေ ပါနိုင်တယ်လို့ သံသယ ဖြစ်မိတယ်”ဟု ဦးကိုကိုနိုင်က ပြော သည်။
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နယ်မြေ(၈) အသင်းတွင် ကစားသမား ၃ဦး အသက် ၁၀ နှစ်ကျော်နေသည်ဟု မသင်္ကာ သည့်အတွက် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၅ရက်တွင် ခရိုင်အား/ကာထံတင်ပြ တိုင်ကြားခဲ့သဖြင့် စစ်ဆေးရာ ကစား သမား(ဂိုးသမား)တစ်ဦး အသက်ကြီးနေ သည်ဟု စစ်ဆေးတွေ့ရှိသည့်အတွက် အသင်းမှ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း ပညာရေးလေ့ကျင့်ရေးကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာကြီး (နယ် မြေ၁၁ အုပ်ချုပ်သူ) ဦးဌေးသန်းက ဆို သည်။
“ဆရာကြီး အတော်များများက အသင်းအများစုမှာ ဒီလိုကစားသမားတွေ ပါဝင်လိမ့်မယ်လို့ သံသယဖြစ်နေကြ တယ်”ဟု ဆရာကြီးဦးဌေးသန်းက ပြော သည်။
အရွယ်တူကလေးများ ပင်ကိုယ် အရည်အချင်း အတိုင်းမှန်မှန်ကန်ကန် ကစားနိုင်ရန်အတွက် သက်ဆိုင်ရာနယ် မြေအုပ်စုအသင်းအုပ်ချုပ်သူများတွင် တာဝန်ရှိကြောင်း ဆရာကြီးဦးဌေးသန်း က ဆိုသည်။

အသက်ကြီး နေသည်ဟုဆိုသည့် ကျောင်းသားမှာ နိုဝင်ဘာလ လူရွေး ချယ်ခဲ့သည့် အချိန်တွင် အသက် ၁၀နှစ်ပြည့်ခဲ့ပြီး ပြိုင်ပွဲကစားချိန်တွင် ၁၀နှစ်ထက် တစ်လသာ ပိုနေခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းက ဆရာ^ ဆရာမများလူစာရင်းတင်လိုက်ချိန်တွင် ရောနှောပါဝင်သွားခြင်းသာ ဖြစ်သည်ဟု နယ်မြေ(၈)တာဝန်ခံက ဆိုသည်။

“ကလေးက ပါခွင့်မရတော့လို့ အမြဲတမ်း ငိုနေတော့တာ”ဟု အဆိုပါ တာဝန်ခံက ပြောသည်။
ပထမဆုံး အကြိမ်ကျင်းပသည့်ယင်း ပြိုင်ပွဲနှင့် ပတ်သက်သည့်စည်းမျဉ်းစည်း ကမ်းများကို ထုတ်ပြန်ထားပြီးဖြစ်ပြီး ကစားသမားများ၏အသက်အရွယ်ကို ကျောင်းဝင်ခွင့် ပုံစံဖြင့်သာ ဆုံးဖြတ်ထား ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် အားက စားနှင့် ကာယပညာဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုး က ဆိုသည်။

မူလတန်း ပေါင်းစုံအသက် ၁၀ နှစ်အောက် ဘောလုံးပြိုင်ပွဲအား ထား ဝယ်ဒေသရှိ မူလတန်းကျောင်းများအား နယ်မြေအုပ်စု ၁၃ စုခွဲကာ ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ ထားဝယ်မြို့ အထက(၁)ကျောင်းရှေ့ရှိ ဘောလုံး ကွင်းတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာဗိုလ် လုပွဲအား ဇန်နဝါရီလ ၃၁ရက်တွင် ကျင်းပပြုလုပ်သွားမည်ဟု သက်ဆိုင်ရာ နယ်မြေအသင်းများမှ အုပ်ချုပ်သူနည်းပြ များထံမှ သိရသည်။