ဝန်ကြီးချုပ် အမည်ပေါက် အငြင်းပွားမြေတွင် ခြံစည်းရိုးကာသည်ကို ဆိုင်းငံ့ခိုင်းရန် အကြောင်းမရှိဟု ထားဝယ်စည်ပင်ဆို

0
615

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်အမည်ပေါက်နေသည့် အငြင်းပွားမြေကွက်တွင် ခြံစည်းရိုး ကာရံနေခြင်းကို ဆိုင်းငံ့ခိုင်းထားရန် အကြောင်းမရှိဟု ထားဝယ်မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

ဗိုလ်မှူးကြီး ဦးမြတ်ကို(ငြိမ်း)(လက်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်) အမည်ပေါက်သည်ဆိုသည့် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းရှိ ဦးပိုင်အမှတ် (၃၁၂)၊ ဧရိယာ ၀.၁၅၂ ဧကရှိသည့် မြေကွက်ကို ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ဆိုင်းငံ့ပေးထား ရန် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမား မိသားစုက ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံ ဇန်နဝါရီလ ၂၈ ရက် က တင်ပြချက်အပေါ် ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘယ်သူဖြစ်ဖြစ် ပိုင်ဆိုင်မှုအပြည့် အစုံ ပြသနိုင်တဲ့အတွက် ဆိုင်းငံ့ခိုင်းစရာ အကြောင်းမရှိဘူး”ဟု စည်ပင်သာယာ ရေးအဖွဲ့မှ အဆိုပါတာဝန်ရှိသူက ပြော သည်။

မြေယာအမှုကိစ္စနှင့် ပက်သက်၍ သက်ဆိုင်ရာ တရားရုံးမှ ယင်းမြေကွက် အပေါ် လုပ်ကိုင်နေသည့် လုပ်ငန်းများ ဆိုင်းငံ့ထားရန် တားမြစ်သည့် စာတင်ပြ နိုင်ပါက စည်ပင်ဥပဒေအရ ဆိုင်းငံ့ခိုင်း ခွင့်ရှိသည် ၎င်းက ဆိုသည်။
ခြံစည်းရိုး ကာရံခွင့်ကို ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်မှူးကြီး ဦးမြတ်ကို(ငြိမ်း)၏ မြေနှင့် ပက်သက်၍ ကိုယ်စားလှယ် လွှဲအပ်ခံ ထားရသူ ဦးအုန်းမြင့်အား ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့စွဲပါ စာဖြင့် ခွင့်ပြုထားကြောင်း မူလပိုင်ရှင်ဟုဆိုသည့် လယ်သမား မိသားစုဝင်နှစ်ဦးအား ရဲစခန်း မှဆင့်ခေါ်ထားသည့်စာအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ယင်းမြေကို ခြံစည်းရိုးခတ်ရန် အလုပ်သမားများ ကျင်းတူးနေစဉ် ဒေါ်လွယ်လွယ်ဆိုသူက စည်ပင်မှ ထုတ် ပေးထားသည့် ခြံစည်းရိုးကာရံခွင့် အမိန့်စာပြားကို ဆွဲဖြုတ်ခြင်း၊ အကြမ်း စိုက်ထူထားသည့် တိုင်များအား ဆွဲနှုတ် ခြင်းနှင့် ၎င်းနှင့် အတူပါလာသည့် လူအုပ်စုကလည်း မနီးမဝေးမှ ရန်စ ပြောဆိုနေမှုများကြောင့် ဒေါ်လွယ်လွယ် နှင့် အပေါင်းအပါများကို ပုဒ်မ ၄၄၇^ ၄၂၇ တို့ဖြင့် အရေးယူပေးရန် တိုင်ကြား ထားကြောင်း ဒေါ်လွယ်လွယ်နှင့် ဦးထွန်း ထွန်းဝင်းတို့အား ထားဝယ်ရဲစခန်းမှ ဆင့် ခေါ်စာတွင် ဖော်ပြထားသည်။
မူလပိုင်ရှင်ဆိုသည့် လယ်သမား များကမူ မြေယာပြဿနာများအား မဖြေ ရှင်းမီ အချိန်အတွင်း ခြံစည်းရိုး ကာရံ လာသဖြင့် ဆိုင်းငံ့ထားပေးရန် ကန့် ကွက် စာတင်ထားခြင်းဖြစ်သည်ဟု ဆို သည်။

လွန်ခဲ့သည့် နှစ်ပေါင်း၁၅၀ ခန့် ကတည်းက ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သည့် မြေကွက်အား ဗိုလ်မှူးကြီး ဦးမြတ်ကို (ငြိမ်း) အမည်ပေါက် အနှစ် ၃၀ဂရမ် ရရှိထားသည်ဟု ကြားမိသော်လည်း ယင်းမြေနှင့် ပတ်သက်၍ ထားဝယ် ရဲစခန်းမှ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၅ ရက်ဖြစ်စဉ်အား လာရောက်ဖြေရှင်းရန် လယ်ပိုင်ရှင် မိသားစုဝင် ဒေါ်လွယ် လွယ်အား ဆင့်ခေါ်စာရောက်ရှိ လာသည့် အချိန်မှသာ တရားဝင် သိရှိခဲ့ကြောင်း လယ်သမားမိသားစုဝင် ဦးဇော်ဝင်းက ဆိုသည်။

“ဘိုးဘွားဘီဘင် လက်ထက် ကတည်းက လုပ်လာတဲ့ မြေကွက်ကို အခုမှ သူတို့ပိုင်တယ်ဆိုတော့ ဘယ်လို ဖြေရမလဲ” ဟု လယ်သမားမိသားစုဝင် ဦးထွန်းထွန်းဝင်းက ဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေယာ ပြသနာဖြေရှင်းမှုသည် ပြည်ထောင်စု လွှတ်တော် သိမ်းဆည်းလယ်ယာ မြေ ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ကိုက်ညီမှု မရှိသည့်အတွက် မြေယာလျော်ကြေး မယူခဲ့ဖြင်းဖြစ်ပြီး မြေယာပြဿနာ အား လုံးကို နောင်တက်လာမည့် အစိုးရ အဖွဲ့နှင့် လွှတ်တော်တို့တွင် ဆက်ပြီး အရေးဆို သွားမည်ဟု ဦးဇော်ဝင်းက ပြောသည်။
ယင်းမြေယာကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဦးမြတ်ကို(ငြိမ်း)၏ ကိုယ် စားလှယ် လွှဲအပ်ခြင်းခံရသူ ဦးအုန်း မြင့်အား တနင်္သာရီအပတ်စဉ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ခဏ အကြာ တွင်ဖုန်းပြန်ခေါ်မည်” ဟုပြောဆိုကာ ဖုန်းချသွားခဲ့ပြီး ဖုန်းပြန်မခေါ်သဖြင့် ဖုန်းဖြင့် အကြိမ်ကြိမ် ထပ်မံ ခေါ်ဆို ခဲ့သော်လည်း ဖုန်းမကိုင်တော့သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။