မရှိလည်း ဖြစ်သူ ( အယ်ဒီတာ့အာဘော်)

0
499

အမျိုးသား ဒီမိုကရေစီအဖွဲ့၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးနှင့် စပ်ဆိုင်သည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးသာဖြစ်ကြောင်း ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်မတိုင်မီတွင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌများနှင့်ပတ်သက်သည့်သတင်းများကို သတင်းဌာနအချို့ကဖော်ပြခဲ့ပြီး NLD ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းအမည်စာရင်းနှင့်ပတ်သက်ပြီး အတည်မပြုသေးကြောင်း ပြန်ရှင်းလင်းသည့်သတင်းများကိုလည်း ဖော်ပြခဲ့ကြသည်။
ယခုထုတ်ပြန်ချက်သည် သတင်းပြန်ကြားရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မည်သူ့ကိုမျှ ယုံတော့ဟူသည့်သဘောဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ စကားကို ပြန်ကိုးကားရပါက ပါတီတွင် သင်ပေး၍မရသူ တစ်ယောက် မျှမရှိသည့်သဘောပင် ဖြစ်သွားသည်။
NLD ပါတီတွင် ခေါင်းဆောင်နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်မရှိလျှင်ဟု စဉ်းစားသူတိုင်း တစ်ယောက်မျှမတွေ့ဟု ပြောကြသည်ကို လူတိုင်းအသိပင်။
ဗဟိုဦးစီးစနစ် ကျင့်သုံးလွန်းသည်ကိုလည်း လူတိုင်းအသိ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြား သတင်းထုတ်ပြန်မည့်သူမရှိ သည့်အခြေအနေမျိုးအထိ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
သတင်းထုတ်ပြန်ရန်အတွက်ပင် လူခွဲမရှိ၊ ယုံကြည်ရသူမရှိသည့်အခြေအနေမျိုး အထိ မဖြစ်သင့်ပေ။ ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာအလိုက်လက်လွှဲနိုင်သော၊ ယုံကြည်ရသောသူများ ရှိလာစေရန်လက်လွှဲထား၊ ယုံကြည်ထားရမည်ဖြစ်သည်။

မရှိလည်း ဖြစ်အောင် စီမံထားခြင်းသည်စီမံခန့်ခွဲမှု ၊ ခေါင်းဆောင်မှုအမူအကျင့် ကောင်းများအနက်မှ တစ်ခုဖြစ်သည်။ အဖွဲ့အစည်းတစ်ရပ်တွင် ဖွဲ့စည်းတည်ဆောက် ပုံ ခိုင်မာခြင်းကို ပြသနေသည်။ လူထုသည်အပြောင်းအလဲအတွက်ဟု မျက်စိမှိတ်မဲ ပေးခဲ့ကြသည်။ အပြောင်းအလဲအတွက်ဟု အားနည်းချွတ်ယွင်းချက်များကို နားလည် ပေးခဲ့ကြသည်။ သို့သော် ယင်း သို့နားလည်ပေးနေသည့် အခြေအနေမှ လျောကျသွား သည့်အဆင့်သို့ မရောက်အောင် ထိန်းထားသင့်ပေသည်။

လက်ရှိအနေအထားမှာ သိမ်မွေ့လွန်းသည်ကို အားလုံးအသိပင်ဖြစ်သော်လည်း ဇန်နဝါရီ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်က အခြားမည်သူ့ကို မျှမယုံရ၊ လူခွဲထားမရအနေအထားသို့ လူသိရှင်ကြားရောက်သွားသည့် အနေအထား ဖြစ်သွားသည်။ နောက်ပိုင်းအရေးကြုံလာပါက ထိုသို့သောသိမ်မွေ့လွန်းသည့် အနေအထား အဖန်ဖန် ကြုံနိုင်ရာ ကိုယ်မရှိလည်း ဖြစ်သည့်အနေအထား ဖန်တီးပေး ထားနိုင်မှသာနောက်မျိုးဆက်များအထိ ပါတီ၏ ဖွဲ့စည်းတည်ဆောက်ပုံ ခိုင်မာ အားကောင်းနေမည် ဖြစ်သည်။
တိုင်းပြည်ရှေ့ရေးအတွက် မမောစေရေး လူအပေါ် အခြေမခံဘဲအဖွဲ့အစည်း ခိုင်မာအားကောင်းခြင်း (Institutionalization) ကိုတည်ဆောက်ရေး မီးမောင်းထိုးပြ လိုရင်းဖြစ်သည်။