ရော်ဘာလုပ်ငန်း ထက်ဝက်နီးပါး ရပ်ဆိုင်း

0
459

မွန်ပြည်နယ်၏ အဓိက စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ရာဘာလုပ်ငန်း သည် ဈေးနှုန်းကျလာသည့်အတွက် လက်ရှိတွင် လုပ်ငန်း ထက်ဝက်နီးပါးခန့် ရပ်နားထားရသည်ဟု မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များ အသင်းက ခန့် မှန်းသည်။ မွန်ပြည်နယ်အတွင်း လက်ရှိ ရော်ဘာဈေးသည် RSS-3 အဆင့်ရှိ အပါး အမျိုးအစား တစ်ပေါင်လျှင်ကျပ် ၅၂၀ ဝန်းကျင်သာရှိပြီး တစ်နေ့လှန်း ဟုခေါ်သည့် အထူအမျိုးအစား တစ် ပေါင်လျှင် ကျပ် ၅၀၀ အောက်သာ ရှိသည်ဟု ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။

ရာဘာဈေးသည် ၂၀၁၁ ခုနှစ် ခန့်က RSS-3 အဆင့်ရှိ ရာဘာ တစ်ပေါင်လျှင် ကျပ် ၁၈၀၀ ထိရှိခဲ့ရာမှ နှစ်စဉ် နှစ်တိုင်း ဆက်တိုက် ဈေးနှုန်း ကျဆင်းလာရာ ယခုနှစ်တွင် တစ်ပေါင် လျှင် ၅၀၀ ကျပ်ဝန်းကျင်ဖြင့် အနိမ့်ဆုံး ဈေးသို့ ရောက်ရှိနေသည်။“ရာခိုင်နှုန်းနဲ့ ပြောလို့ရှိရင် ၄၀ ရာခိုင်နှုန်းလောက် ၃၅ ရာခိုင်နှုန်း လောက်လှီးတဲ့ လူမရှိဘူး” ဟု မွန်ပြည် နယ် ရာဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။
လက်ရှိတွင် လုပ်ကိုင်နေသူများမှာ လည်း လူငှားဖြင့် မဟုတ်ဘဲ ကိုယ်တိုင် အစေးလှီးကြခြင်းဖြစ်ကြောင်း နိုင်ကျန် ရစ်က ပြောသည်။
“အလုပ်သမားခ ပေးရတာနဲ့ မကာ မိကြဘူးလေ၊ တချို့ကျတော့လည်း ကိုယ့်ခြံပဲ တစ်ပြားပဲရရ တစ်ကျပ်ပဲ ရရဆိုပြီး ကိုယ်တိုင်လုပ်ယူနေကြ တာ တော့ ရှိတယ်၊ အလုပ်သမားငှားပြီး လုပ်ရတဲ့လူတွေကတော့ မလုပ်ကြ တော့ ဘူး ဒီအတိုင်းပဲ ပစ်ထားကြတယ်” ဟု မုဒုံမြို့နယ်မှ ရာဘာ လုပ်ငန်းရှင် ဒေါ်တင်အိက ပြောသည်။

မွန်ပြည်နယ်သည် ရာဘာစိုက် ပျိုးမှု အများဆုံးဒေသတစ်ခု ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရှိ ရာဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစား စိုက်ပျိုးသူများဖြစ်ကြောင်း ရာဘာလုပ် ငန်းရှင်းများအသင်းမှ သိရသည်။မွန်ပြည်နယ်တွင် ရာဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရာဘာ စိုက်ပျိုး မြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းခန့်က ရာဘာထုတ်လုပ် နိုင်သည့် အနေအထားရှိသည်။