ထားဝယ်တွင် အင်ဂျင်ပါဝါများသည့် ဆိုင်ကယ်အကြီးစားများ ခေတ်စားလာ

0
374

ထားဝယ်တွင် အင်ဂျင်ပါဝါများ သည့် ဆိုင်ကယ်အကြီးများအား စီးနင်း မောင်းနှင်သူ များပြားလာကြောင်း ဆိုင် ကယ်စီးလူငယ်များနှင့် ဆိုင်ကယ် အရောင်းဆိုင်များထံမှ သိရသည်။

၂၀၀၄ ခုနှစ် မတိုင်မီက ယင်း ဆိုင်ကယ် အမျိုးအစားများသည် ဈေး နှုန်း ကြီးမြင့်သည့်အတွက် လူငယ်အများ စုမှာ ဝယ်မစီးနိုင်ကြဘဲ ၂၀၀၄ နောက် ပိုင်းမှ စတင်ကာ ဈေးသက်သာလာ သည့်အတွက် လူငယ်များအကြား ဝယ်ယူစီးနင်းမောင်းနှင်မှု များပြားလာခဲ့ ကြောင်း ရှမ္မလည်ဆွဲရပ်ကွက်မှ ကိုအောင်ရဲပိုင်က ဆိုသည်။

“ပုံမှန်ဆိုဒ်ရှိတဲ့ ဆိုင်ကယ်တွေနဲ့ စီးရတာချင်း အရသာမတူဘူး” ဟု ကိုအောင်ရဲပိုင်က ပြောသည်။
ယင်း ဆိုင်ကယ်အကြီးများသည် အင်ဂျင်ပါဝါ ၁၂၅-CC မှ ၃၀၀-CC အထိရှိခဲ့ပြီး အနိမ့်ဆုံးဈေးမှာ ငွေကျပ် ၁၀သိန်းခန့်မှ သိန်း၂၀ခန့် အထိရှိကာ လွန်ခဲ့သည့် ၃နှစ်ခန့်က တစ်လလျှင် ဆိုင်ကယ်အကြီး ၁ စီးသာ အရောင်း အဝယ်ဖြစ်ရာမှ ယခုအချိန်တွင် တစ်လ လျှင် ၅စီးအထိ အရောင်းအဝယ် ဖြစ် လာသည်ဟု ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်နေသူ ကိုသက်နိုင်က ဆိုသည်။

အင်ဂျင်ပါဝါများသည့် ယင်းဆိုင် ကယ်များသည် တရုတ်၊ ထိုင်း၊ ဂျပန် စသည့်နိုင်ငံအသီးသီးမှ ထုတ်လုပ်ကြပြီး တံဆိပ်အမျိုးမျိုးရှိကာ ထုတ်လုပ်သည့် နိုင်ငံကိုလိုက်၍ ဈေးနှုန်းကွာခြားမှုရှိ ကြောင်း ဆိုင်ကယ် ဈေးကွက်အတွင်းမှ သိရသည်။