ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ တင်သွင်းအကြံပြုဆွေးနွေးချက်

0
404

၁။ နိုင်ငံရေး – ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သောမူများ( ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုဆိုင်ရာကိစ္စရပ်များ)
(က) ၈ ပြည်နယ်မူလည်း ယခု လက်ရှိ လက်တွေ့ အနေအထား နှင့် ကိုက်ညီမှုမရှိပါ။ တိုင်းဒေသကြီးများ အားလုံးသည် ဗမာတိုင်းရင်းသားတို့၏ နေရာအဖြစ် သတ်မှတ်ထားခြင်းမှာ မဖြစ် သင့်ပါ။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ အခြားတိုင်းရင်းသား အများအပြား နေထိုင်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် (ဗမာဟု လွဲမှားစွာ မှတ်ပုံထားခြင်း ခံရသော်လည်း) ဗမာ မဟုတ်သော ထားဝယ်၊ မြိတ် တိုင်းရင်း သား အများစု နေထိုင်ကြပါသည်။

(ခ) ၁၄ ပြည်နယ်မူလည်း မဖြစ် သင့်။ ဗမာလူမျိုးများ ပြည်နယ်ယူနစ် (တိုင်းဒေသကြီး ယူနစ်) အများအပြား ယူထားပြီး အသာစီးယူထားတာမျိုး မဖြစ် သင့်ပါ။
(ဂ) သတ်မှတ်ထားသော တစ်ဆက် တစ်စပ်တည်းရှိသည့် နယ်နိမိတ်တစ်ခု အတွင်း ရှိသင့်ရှိထိုက်သည့် လူဦးရေ အချိုးအစား ရှိပါက တိုင်းရင်းသားများ အနေနှင့် ထိုက်တန်သော နိုင်ငံရေး အဆင့်အတန်း ရရှိသင့်ပါသည်။ ဥပမာ ထားဝယ်၊ (ထားဝယ်ခရိုင်အတွင်း ၈၀ ရာခိုင်နှုန်းနှင့်အထက်နေထိုင်ပြီး နယ်န မိတ်တစ်ခု သီးခြားရှိသည်။ ယင်း ကြောင့် ထိုက်တန်သော နိုင်ငံရေး အဆင့် အတန်း ရှိသင့်ပါသည်)

dawei_party
(ဃ) Federal Unit များ အမည်ကွဲပြားနေခြင်းမရှိသင့်၊ (ယခု ကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ် များ အမည်ကွဲပြားနေခြင်းကို ဆိုလိုသည်။)
၂။ လူမှုရေး – ပြန်လည်နေရာ ချထားရေး နှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များအနက် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) ကိစ္စရပ်များ စစ်ဘေးကြောင့် အိုးအိမ်၊ ဥယျာဉ်ခြံမြေတို့ စွန့်ခွာ ထွက်ပြေးသွား ရသော IDPS များ ၏ မူလနေရာများကို ကုမ္ပဏီ၊ လူတစ်ဦးတို့က နည်းလမ်း အမျိုးမျိုးဖြင့် ရယူထားမှုများ ရှိသည်။ ယင်းကြောင့် IDPS များ  မူရင်းနေရပ်သို့    ပြန်လာပါက နေထိုင်၊လုပ်ကိုင် စားသောက်စရာများ ပျောက်ဆုံးလျက် ရှိသည်။ ယင်းကိစ္စများ ဖြေရှင်းရာတွင် တရားဝင် အထောက်အထား လက်မှတ် ကိုသာ ရည်ညွန်းလုပ်ကိုင် လျက်ရှိသည်။ ယင်းအစား တရားဝင်လက်မှတ် မရှိသော်လည်း နဂိုမူရင်း နေထိုင်လုပ်ကိုင်စားသောက်ခဲ့ကြောင်း မှန်ကန်ပါက IDPS များ ပြန်လည်နေထိုင်ခွင့်ရရေး အသေးစိတ်မူများ လိုအပ်နေပါသည်။

၃။ စီးပွားရေး အခွန်ကောက်ယူခြင်း နှင့်ပြန်လည်ခွဲဝေခြင်း (Tax and Revenue Sharing)
သက်ဆိုင်ရာ ကဏ္ဍများအလိုက် တိကျစွာ သတ်မှတ် ပြဋ္ဌာန်းထားသော ဝင်ငွေနှင့် အခွန်ခွဲ ဝေခံစားသင့် ရာခိုင်နှုန်း အချိုးအစား ရှိရေး၊ ပြည်နယ်အလိုက် ရာခိုင်နှုန်း အချိုးအစား တူညီစရာ မလိုအပ်ပါ။
ဥပမာ ဝင်ငွေရလမ်း နည်းပါးသော ပြည်နယ်များအတွက် ရာခိုင်နှုန်း အချိုး အစား ပိုမိုခံစားခွင့်ပေးသင့်ပါသည်။ ယင်းအတွက် ခိုင်မာသော စီမံခန့်ခွဲမှု ယန္တရားတစ်ခု ရှိရမည်ဖြစ်သည်။

၎။ လုံခြုံရေး နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့် သည့်မူများ အထူးအထွေ မဆွေးနွေးခဲ့ပါ။

၅။ မြေယာနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာမူဝါဒ ကိစ္စရပ်များ၊

သဘာဝသယံဇာတ စီမံခန့်ခွဲခြင်း နှင့် ခွဲဝေခြင်း ဆိုင်ရာ ကိစ္စရပ်များ

(က) မြေယာစိုက်ပျိုးရေး လုပ်ငန်း များကို အမည်ခံကာ သိမ်းယူထားသော မြေယာများ ပြန်ပေးသင့်သည်။ လက် ပြောင်း ရောင်းချခြင်းကို လုံးဝ လက်မခံ နိုင်ပါ။ IDPS များကို ပြန်လည်နေရာ ချထားရေး အတွက်လည်း ယင်းမြေယာ များ အရေးပါပါသည်။
နိုင်ငံအဝန်းနှစ်ပေါင်း ၄၀ ၊ ၅၀ ကျော်တည်ရှိနေသော ပြည်ထဲရေးအမည် မပေါက်သေးသည့် ကျေးရွာများကိုပြည် ထဲရေးအမည်ပေါက်အောင် သတ်မှတ်ရေး မူများ ထားရှိရန်။ကိုလိုနီခေတ်ကတည်းက သတ်မှတ် ထားသော သတ္တုတွင်းနယ်မြေဧရိယာ များနှင့် သစ်တောဧရိယာများကို ခေတ် နှင့် လျော်ညီအောင် တိတိကျကျ ပြန် လည်ပြင် ဆင်သတ်မှတ်ပေးရန်။

(ခ) သဘာဝသယံဇာတ စီမံခန့် ခွဲခြင်း နှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များယခုအခါနိုင်ငံအတွင်း သဘာဝ သယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း မမျှတမှုများရှိနေသည်။ဥပမာတစ်ခု ထုတ်ပြရလျှင် တနင်္သာရီ တိုင်းဒေသကြီး သဘာဝသယံ ဇာတ လွန်စွာပေါများ၍ နိုင်ငံတော်၏ ဝင်ငွေကို အများဆုံး ရယူပေးနေသော ဒေသဖြစ်သည်။ သို့သော် ဌာနေတိုင်း ရင်းသားဒေသခံများ အတွက်မူ လွန်စွာ နည်းပါးလွန်းသည်။ သဘာဝ ဓာတ်ငွေ့မှ ဆိုလျှင် လုံးဝခံစား ခွင့် မရသလောက် ဖြစ်ပါသည်။ရန်ကုန်တွင် လျှပ်စစ်မီး တစ်ယူနစ် ၅၀ ကျပ်သို့ တိုးမြှင့်ကောက်ခံ၍ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြနေချိန်တွင် ဒေသ အတွင်းတွင် တစ်ယူနစ် ၇၄၀ ကျပ်ပေးနေရသော်လည်း အသံမထွက် နိုင်ခဲ့ပါ။ ဒေသပြည်သူလူထုသည် စကားနည်း၍ အလွန်ရိုးသားကြပါသည်။ စွမ်းအင်သိုက်ပေါ်က လျှပ်စစ်ငတ် နေကြသူများဖြစ်ကြောင်း ထားဝယ် တိုင်းရင်းသားများပါ တီတည်ထောင်ပြီးမှ ယင်းကိစ္စကို လူသိ ရှင်ကြားဖော်ထုတ်ခွင့် ရခဲ့သည်။
ယင်းအတွက် ဒေသထွက် ရောင်းချ လိုက်ပြီးသည့် သဘာဝဓာတ်ငွေ့ ကို ထိုင်းနိုင်ငံမှ ဈေးကြီးပေး၍ပြန်ဝယ် သုံး ရန် တနင်္သာရီတိုင်းအစိုးရက စီစဉ်ခဲ့ သည်။ ထိုနောက် လျှပ်စစ်ဓာတ်အားပေး စက်များကို ငှားရမ်းပြီး လျှပ်စစ်ပေး ဝေသဖြင့် ယခုအခါ တစ်ယူနစ်ကို ကျပ် ၃၀၀ နှင့် သုံးနေရပါသည်။

u_ayemin_2
စက်ငှားခ၊ တစ်ယူနစ် ဝယ်ယူခ တို့နှင့် ပတ်သက်၍စာချုပ် ချုပ်စဉ်က အမေရိကန်တစ်ဒေါ်လာကို ၈၀၀ ကျပ် နှုန်း ဖြစ်သော်လည်း၊ ယခုအခါ တစ် ဒေါ်လာ ၁၃၀၀ ကျော်ဖြစ်လာသောအခါ အရှုံးပေါ်နေသဖြင့် တစ်ယူနစ် ၃၀၀ ကျပ် အထက်ပေးဆောင်ရေး အသံထွက် လာ ပါသည်။
ထိုသို့ သဘာဝသယံဇာတ စီမံခန့် ခွဲခြင်း နှင့် ခွဲဝေခြင်း မမျှတမှုများကြောင့် ဒေသအတွင်း စက်ရုံများမတည် ဆောက် နိုင်သဖြင့် မိသားစုအတော်များ များသည် နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ် ကိုင်လျက် ရှိသည်။

သို့အတွက် သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်များ အလိုက် သဘာဝသယံဇာတ ကို ပြည်ထောင်စုအစိုးရနှင့် အချိုးညီစွာ စီမံခန့်ခွဲပိုင်ခွင့်ရရှိရေး။ စီမံခန့်ခွဲခွင့် လုပ်ပိုင်ခွင့် အခန်းကဏ္ဍ ကို ပြည်ထောင် စုနှင့် ပြည်နယ်/တိုင်းဒေသကြီး များ အတွင်း တိကျစွာခွဲဝေသတ်မှတ်ရန် လိုသည်။ ပြည်သူများပူးပေါင်း ပါဝင်ဆုံးဖြတ်နိုင်ခွင့်ပြုရမည်။ စီမံခန့်ခွဲမှု လမ်းကြောင်းကို Bottom-upကို အခြေခံသည့် ပုံစံဖြင့် ပြည်သူလူထုများမှ ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ထား သူများက အများသဘောတူ လုပ်ထုံး လုပ်နည်းအတိုင်း စီမံအုပ်ချုပ်ရမည်။

အားလုံးကိုကျေးဇူးတင်ပါသည်။