အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအဖွဲများ တွေ့ဆုံပွဲ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသာတက်

0
451

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် ကိုယ်စား လှယ်များနှင့် လူထုအခြေပြု အရပ်ဘက်လူမှုအဖွဲ့အစည်း(CSO))များ တွေ့ဆုံပွဲသို့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲသို့ အရပ်ဘက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လေ့လာသူ ၇၀ ကျော် တက်ရောက် ခဲ့ကြသော်လည်း ဖိတ်ကြား ထားသည့် လွှတ်တော် ကိုယ်စားလှယ်များအနက်မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါတီမှ တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး စုစုပေါင်းကိုယ်စားလှယ် ၃ ဦးသာ တက် ရောက်ခဲ့ ကြသည်။ယင်းတွေ့ဆုံပွဲအတွက် အနိုင်ရ ကိုယ်စားလှယ် အားလုံးကို ဖိတ်ထား သည်ဟု ဖွံ့ဖြိုးမှုမဏ္ဍိုင်အဖွဲ့မှ Program Coordinator ကိုမင်းဝင်းဗိုလ်က ပြော သည်။

“ဒီနေ့ပွဲမှာတော့ လူထုတွေက ကိုယ်စားလှယ်အားလုံး ပြည့်ပြည့်စုံစုံ မတက်ရောက်တဲ့အတွက် မြင်တာက တော့ သိပ်စိတ်မကောင်းဖြစ်တဲ့ အနေ အထားမျိုးတော့ တွေ့ရတယ်၊ ကျွန်တော့် အနေနဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဃှဥတွေ တင်ပြချက်တွေ၊ ချိတ်ဆက် ဆောင်ရွက်မှုတွေ အလေးထားဆောင် ရွက်ဖို့ အင်မတန် အရေးကြီးတယ်လို့ မြင်တယ်၊ NLD အနေနဲ့လည်း နောက် နောင် ဃှဥ တွေနဲ့ ဒီထက်မကပိုပြီးတော့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင်လည်း လုပ်သင့်တယ်လို့ မြင်တယ်” ဟု အရွေး ချယ်ခံရ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည် နယ်၌ ရွေးကောက်ခံကိုယ်စားလှယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၄၀ နေရာ အများဆုံးအနိုင်ရရှိထားပြီး မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၁ နေရာ အနိုင်ရရှိထားကြသည်။

မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် လာမည့် အစိုးရသစ် လွှတ်တော်အသစ်တွင် ပူး ပေါင်း ဆောင်ရွက်မှု ပိုမိုရရှိနိုင်ရန် အတွက် ရည်ရွယ်ကာ အရွေးချယ်ခံထား ရသည့် လွှတ်တော်ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ကိုမင်းဝင်းဗိုလ် က ပြောသည်။
ယခုတွေ့ဆုံပွဲတွင် တက်ရောက်သူ အားနည်းခဲ့သော်လည်း နောင်တွင် ကျင်း ပပြုလုပ်မည့် တွေ့ဆုံပွဲများတွင် ကိုယ် စားလှယ်များ ပါဝင်တက်ရောက်လာ နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကိုမင်းဝင်းဗိုလ်က ပြောသည်။

ယခု တွေ့ဆုံပွဲသည် လွှတ်တော်နှင့် ပြည်သူကြား အစိုးရနှင့် ပြည်သူကြား ချိတ်ဆက်ဆောင်ရွက်မည့် လမ်းစတစ် ခုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးအဖြေရှာ သုံးသပ်ကြမည်ဆိုပါက ပိုပြီးကောင်းမွန်သည့် လမ်းကြောင်း တစ်ခုရရှိလာမည်ဟုလည်း ၎င်းက ပြော သည်။