အမျိုးသမီးတစ်ဦး သေဆုံးသည်ကို အပုပ်နံ့ထွက်မှ လူသိ

0
403

ကော့သောင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ အောင်သုခရပ်ကွက်ရှိ နေအိမ်တွင် ဇန်နဝါရီ ၁၇ ရက်က အပုပ်နံ့ ထွက်နေ သည့်အတွက် သွားရောက် စစ်ဆေးရာမှ အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို တွေ့ရကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရှိရသည်။

အသက် ၅၀ ကျော်ခန့်ရှိသည့် အဆိုပါ အမျိုးသမီးအား အခန်းထဲတွင် ပက်လက်အနေအထားဖြင့် ဒဏ်ရာတစ်စုံ တစ်ရာ မရှိဘဲသေဆုံးသည်ကို တွေ့ရ ကြောင်း အထက်ပါရဲစခန်းမှ သိရသည်။

“မချိုက ကျန်းမာရေးကောင်းမွန်မှု မရှိဘူး ထင်တယ်၊ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကတော့သွားလာနေတာ မြင်နေ ရတာပဲ” ဟု ယင်းအိမ်အနီးတွင် နေထိုင် သူတစ်ဦးက ပြောသည်။သေဆုံးသူတွင် နေအိမ်တွင် တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး အခြားသူများ မှ အပြောအဆို သိပ်မရှိဟု သိရပြီး ယခု လိုသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။