အနီးယာဉ်ရပ်နားစခန်းဝင်း ပြင်ပတွင် ဂိတ်ထိုးသည့် ယာဉ်လိုင်းများအား လိုင်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်

0
379

အနီးယာဉ်ရပ်နားစခန်းဝင်း (အခွန် လွတ်ဈေး)ပြင်ပတွင် ဂိတ်ထိုးသည့် ယာဉ် လိုင်းများအား ယာဉ်လိုင်းပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဟု ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေး ဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(မထသ)မှ သိရသည်။ကားဝင်းအပြင်ဘက်တွင် ဂိတ်ထိုး ရပ်နားသည့် ယာဉ်လိုင်းများနှင့် ထား ဝယ်မြို့၊ စည်ပင်သာယာဈေးကြီးအနီး ရပ်နားနေကြသည့် ယာဉ်လိုင်းများအား ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ အရေးယူသွားမည်ဟု ထားဝယ်မြို့နယ် (မထသ) ဥက္ကဋ္ဌ ဦးပိုသိန်းက ဆိုသည်။

အနီးယာဉ်ရပ်နားစခန်းအတွင်း ကားရပ်နားမှု နည်းပါးလာပြီး အရောင်း အဝယ်ကျဆင်းလာခြင်းကြောင့် ဈေး ဆိုင်ခန်းပိုင်ရှင်များမှ ဒီဇင်ဘာလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးကာ သက် ဆိုင်ရာ ဌာနများထံ တိုင်ကြားစာပေးပို့ ခဲ့ပြီးနောက်ပိုင်း ၎င်းက ယင်းသို့ ပြော ခြင်း ဖြစ်သည်။
အခွန်လွတ်ဈေး ကားဝင်းအတွင်း ယာဉ်အချို့မရပ်နားသည်မှာ နှစ်ချီ ကြာ မြင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့် အောက် တိုဘာလမှ စတင်ကာ ရောင်းအား သိသိ သာသာကျဆင်းလာသည့်အတွက် ကား ဝင်းအတွင်း ဆိုင်ရောင်းချသူများမှ စု ပေါင်းလက်မှတ်ထိုးကာ သက်ဆိုင်ရာ ဌာနများထံ စာဖြင့်တင်ပြခဲ့ခြင်း ဖြစ် သည်ဟု အခွန်လွတ်ဈေးအတွင်း ထမင်း ဆိုင်ရောင်းချနေသည့် ကိုဟန်ဝင်းက ဆိုသည်။

“ဆိုင်တွေ ရောင်းအားကောင်းမှ သက်ဆိုင်ရာအခွန်အခတွေလည်း ပေး ဆောင်ဖို့ အဆင်ပြေမယ်”ဟု ကိုဟန်ဝင်း ကပြောသည်။
အခွန်လွတ်ဈေး ကားဝင်းအတွင်း သို့ ထားဝယ်ခရိုင်အတွင်း ပြေးဆွဲ နေသည့် ယာဉ်လိုင်းပေါင်းစုံ (သရက် ချောင်းမြို့နယ်မပါ) ဝင်ရောက် ရပ်နား စေရန်အတွက် သက်ဆိုင်ရာ ဌာနများမှ ကြီးကြပ်ပေးစေချင်သည်ဟု ၎င်းက ဆက်ပြောသည်။ယာဉ်လိုင်းများကို ကြီးကြပ်နိုင်ရန် အတွက် မထသအဖွဲ့အား ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ယင်းကိစ္စတွင် မထသ အဖွဲ့ လုပ်ငန်းလုပ်ဆောင်မှု အားနည်းနေ သလို ယာဉ်လိုင်းများကလည်း ပြုပြင် ရန်လိုအပ်သည်ဟု အနီးယာဉ် ရပ်နား စခန်း ကားဝင်းအား ကန်ထရိုက်ဆွဲထား သည့် ကိုဝင်းဇော်ထွန်းက ဆိုသည်။
“တစ်ဦး တစ်ယောက် တည်းလုပ် တာထက် သက်ဆိုင်ရာဌာနတွေ ပူး ပေါင်းပြီး လုပ်စေချင်တယ်”high_way_bus_daweiဟု ကိုဝင်း ဇော်ထွန်း ကပြောသည်။
ယင်းကိစ္စအား လွန်ခဲ့သည့် ၈ နှစ် ခန့်မှ စတင်ညှိနှိုင်းလုပ်ဆောင်ခဲ့သော် လည်း ယခုအချိန်ထိ အဆင်မပြေနိုင် သေးဘဲ အရင်က (မထသ) က ထွက်ဖမ်း ပေမယ့် အရာမရောက်ဖြစ်ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

အရင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ မထွက်ရှိသေးသည့် အတွက် (မထသ)အနေဖြင့် လုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲဖြစ်နေခဲ့ပြီး ယခုအချိန်တွင် ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာပြီဖြစ်သည့်အတွက် ပိုမိုလုပ် ဆောင်နိုင်တော့မည်ဟု ထားဝယ် မြို့နယ် (မထသ) ဥက္ကဋ္ဌက တုံ့ပြန်ပြောကြား သည်။

ကားများက ကားဝင်းအတွင်း မရပ် နားဘဲ မြို့အတွင်း နီးစပ်ရာ လူအတင်/ အချ၊ ပစ္စည်းအတင်^အချ ပြုလုပ်နေကြ သည့်အတွက် ခရီးသည်များဝင်ရောက်မှုနည်းပါးလာကာ ရောင်းအား ကျဆင်း လာသည်ဟု ကားဝင်းအတွင်း ဆိုင်ခန်း တွင် ကုန်စုံဆိုင်ရောင်းချသူ အမျိုးသမီး တစ်ဦးက ဆိုသည်။” စည်စည်ကားကား ဖြစ်ပြီးတော့ ရောင်းအား ဝယ်အားတက်စေချင် တယ် “ယင်းအမျိုးသမီးက ဆိုသည်။
ယင်း အနီးယာဉ်စခန်း (အခွန်လွတ် ဈေး)ရှိ ဈေးဆိုင်ခန်းများအား အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ ငှားရမ်း၍ ကုန်ပစ္စည်းအမျိုးမျိုးနှင့် ကား ဂိတ်အဖြစ် ဖွင့်လှစ်နေသည့် ဆိုင်ခန်း ပေါင်း ၈၅ ခန်း ရှိကာ တစ်ရက်လျှင်ပျမ်းမျှ ကား အစီးရေ ၂၅စီးခန့် ဝင်ထွက် သွားလာနေကြောင်း ဆိုင်ရောင်းချနေသူများထံမှ သိရသည်။