ဖင်ပိတ်ပေးပါ

0
556

တစ်မျိုးတော့ မတွေးလိုက်နဲ့ဦး။ မောင်ခက်တို့ ဝမ်းလျှောနေလို့ မဟုတ်ရ ပါဘူးဗျာ။ ပြောချင်တာက မောင်ခက်တို့ ဆေးရုံက ကိစ္စ။ ထားဝယ် လေယူ လေသိမ်းနဲ့ ပြောကြေးဆို “ဖန်ကိစ” ပါ။ နေ့တိုင်း မနက်တိုင်း မောင်ခက်တို့ ဆေးရုံမှာ အထူးကုဆရာဝန်ကြီး၊ ဆရာဝန်မကြီးတို့ မလာခင် မောင်ခက်တို့ လို လက်ထောက်ဆရာဝန်တွေက အရင် လူနာကြည့်ရတယ်။ လူနာ ရောင်း (Round) ရတယ်။ အဲသလို မရောင်းခင် နံနက်ချိန်ခါ တေးသံသာ အရင်ကြားရ မှာက လုံချည်အစိမ်းရောင်နဲ့ သူနာပြု ဆရာမကြီးတွေရဲ့ အသံစာစာတွေကိုပါ။

” ဒီအထုပ်တွေကို အိမ်သာ အပေါက် ထဲ ဘာလို့ လာဆို့ထားကြတာလဲဟဲ့၊ နင်တို့ အပေါက် နင်တို့ ပြန်ဆို့ထားကြ ပါလား။”ရုတ်တရက် စစ္စတာကြီးရဲ့ အော်သံ ကြောင့် လူနာရုံထဲ လူနာလှည့်ကြည့်နေတဲ့ မောင်ခက်တောင် အနေခက်သွားတယ်။ ဒါပေမယ့် စစ္စတာကြီးတို့ကို နားလည် ပေးနိုင်သွားတယ်။ သည်ကိစ္စကို သိသွား တော့မှပေါ့။စစ္စတာ သူနာပြုတွေ၊ ဆေးရုံ သန့် ရှင်းရေး လုပ်သားတွေရဲ့ ဒုက္ခကို မသိသူ တွေကတော့ အပေါက်ဆိုးလှချည်လား ဆိုပြီးပြောချင် ပြောမိလိမ့်မယ်။ သည် ဆေးရုံ ဆက်ဆံရေး ကျဲတယ် ပြောချင် တယ် ပြောကြလိမ့်မယ်။ ဘာလဲ ဖေ့ဘုတ် ပေါ် တက်သွားချင်လား။ ဓာတ်ပုံ ရိုက်ပြီး တင်လိုက်ရမလားဆိုပြီး လာလာချည် တတ် ကြသေးတယ်။ ဒါပေမယ့် သုမန ကျောက ဒဏ်ချက်တွေက အရှိုးရာတွေ အစင်းလိုက် အမြောင်းလိုက်ဆိုတော့ ကိုယ်တွေ အချင်းချင်းပဲ သိတာပေါ့။ အဲသည် ဓာတ်ပုံတွေပေါ့။ ဓာတ်တော် အပုံလိုက် အပုံလိုက် တွေပေါ့ဗျာ။
ပြဿနာက ဒီလို။
close_pown
ကိုယ့်လူနာတွေက အိမ်သာတက် တက်ပြီး ကိုယ့်ကိစ္စ ကိုယ် မရှင်းကြတာပဲ။ ပိုဆိုးတာက ကိုယ့်ကိစ္စကိုယ် မရှင်းတဲ့ အပြင် ကိုယ့်ကိစ္စနဲ့ သူများကို ရှုပ်အောင် လုပ်သွားသေးတာပဲ။ သူများတွေ ဆိုတာ ကိုယ်တို့ဆေးရုံဝန်ထမ်းတွေကို တိုင်ပတ် အောင် လုပ်သွားတာပေါ့။ လူနာတွေဆိုတော့ ကိုယ့် အလေး အပေါ့ကို အိမ်သာထိ သွားစွန့်နိုင်တဲ့သူ ရှိတယ်။ မစွန့်နိုင်တဲ့သူ ရှိတယ်။ မစွန့် နိုင်တဲ့ သူတွေကျတော့ ကုတင်နားလေးမှာ အလေးအိုး၊ အပေါ့အိုးလေးနဲ့ စွန့်ပြီး သွားလောင်းရတာပေါ့။ အဲသည်အထဲမှာ အပေါ့အိုးအလေးအိုး ဆေးတာ ပျင်းကြတဲ့ ဒါမှမဟုတ်လည်း ဆေးဖို့ အဆင်မပြေတဲ့ သူတွေကျတော့ ပလပ်စတစ်အိတ်က အလေးအိုးမှာ စွပ်လိုက်ပြီး ကိစ္စရှင်းခိုင်း တယ်။ ပြီးရင်တော့ အဲသည်ချီးထုပ် ကလေးတွေ၊ သေးထုပ်ကလေးတွေကို ချီးရောင် (အိမ်သာ)မှာ သွားချထားလိုက် ကြတယ်။ မောင်ခက်တို့ လူနာစောင့်တွေ လုပ်ပုံ လုပ်ပုံ။

တစ်ခါတလေ ချီးထုပ်ကလေး တွေက အိတ်အမည်းကြီးနဲ့ထုပ်ပြီး အသာ လေး ချချ သွားကြတော့ မြင်ရတဲ့သူက ရုတ်တရက်ဆို လန့်တာပေါ့လို့။ မတော် ပေါက်ကွဲ ပစ္စည်းတွေပါတဲ့ အထုပ်ကြီး ဖြစ်နေရင် ဒုက္ခ။ အထုပ်မည်းမည်း မြင် တိုင်း လန့်ရတာလည်း အမော။ ကိုယ်တို့ ဆေးရုံမှာလေ။
ဒါ့အပြင် ကိုယ့်လူနာစောင့်တွေက ချီးထုပ်ကလေးတွေကို နေရာတကျ ဖြစ် စေချင်ဇောနဲ့ စေတနာ ဗရပွနဲ့ အဲသည် ပလတ်စတစ် အိတ်နဲ့ ထည့်ထားတဲ့ ချီး အထုပ်လိုက်ကို အိမ်သာပေါက်ထဲ ထိုး ထည့်ထားခဲ့ကြသေးတတ်ပါပကော။ အဲသည်မှာ အိမ်သာအပေါက်တွေ၊ အိမ် သာ ပိုက်တွေ ပိတ်ကုန်တာပါပဲ။ ရေ လောင်းချလို့လည်း မရ။ ထိုးချလို့လည်း မရတော့။

တစ်ရက် လူနာတစ်ရာ ဆေးရုံ တက်တယ်ပဲ ထားဦး၊ ချီးထုပ် တစ်ရာ ရသွားပြီ။ လူနာစောင့် တစ်ယောက်စီပဲ ခွင့်ပြုအုံးတော့။ ချီးထုပ် နှစ်ရာ ရသွားပြီ။ ဒါတောင် လူနာစောင့် တစ်ယောက်စီပဲ ညအိပ်ခွင့် ပေးတာကို ပွစိပွစိ လုပ်ချင် တတ်ကြသေးတာ။
ဧည့်တွေ့ချိန် လာတဲ့ လူနာ စောင့် တွေရဲ့ အထုပ်တွေ မပါသေးဘူး။ ပြင်ပ လူနာကြည့်ပေးချိန်မှာ လာပြကြတဲ့ လူနာ တွေရဲ့ အထုပ်တွေ ထည့်မတွက် ရသေး ဘူး။ တစ်နေ့ တစ်ခါအပြင် ထပ်ဆောင်း အပို အားပေးကြတဲ့ “လျှော ဘရားသား” လူနာတွေရဲ့ အထုပ်တွေ မပါသေး ဘဲနဲ့နော်။ ချီးထုပ်က တစ်ရာ နှစ်ရာ၊ မဗေဒါက တစ်ပင်တည်း ဖြစ်နေ တော့ တယ်။

အဲသလို ပိတ်နေ ဆို့နေတဲ့ အိမ် သာတွေကို လစဉ်လတိုင်း ပြင်ရ ဆင်ရ ပြုရပြင်ရတဲ့ စရိတ်က တစ်နှစ် တစ်နှစ်ကို သိန်းဆယ်ဂဏန်း ကျော်နေတယ် ဆိုတာ မျက်လုံးပြူးချင်စရာ ဖြစ်နေတော့တယ်။ မယုံဘူးချီးစား ပြောမှ ယုံမယ်ဆိုလည်း သည် ကုန်ကျစရိတ်တွေက တကယ်ကို ချီးစားသွားတာပါ။ ကိုယ့် လူနာတွေသာ စည်းကမ်း ရှိလိုက်မယ် ဆိုရင် တစ်နှစ်ဆို သည်ကုန်ကျစရိတ် အပိုတွေ ထွက် လာမယ်။ စက်ကိရိယာ အပိုတွေ ဝယ်ယူ ကုသနိုင်မယ်။ ခေတ်မီ ဆေးရုံကြီး တည် ဆောက်နိုင်မယ်လေ။ အခုတော့ “အချစ် ကို စားသော ကိန်ဂဏန်းများ” ရုပ်ရှင် မဟုတ်ဘဲ “ချီးကို စားသော ကိန်းဂဏန်း များ” ဖြစ်နေတယ်။
တလောက ရန်ကုန်ဆေးရုံကြီးမှာ လူငယ်တွေ ဆေးရုံသန့်ရှင်းရေးအတွက် အင်တိုက်အားတိုက် လုပ်အားဒါန ပြုတဲ့ သတင်းတစ်ပုဒ် တက်လာသေးတယ်။ အိမ်သာတွေ ဆေးကြ၊ အမှိုက်ကောက် ကြတဲ့ ပုံတွေလည်းကြည့်ရင်း သာဓုခေါ် မိပါတယ်။ ပြောင်းလဲချိန်တန်ပြီလေ။

ကိုယ်တို့ ဆေးရုံမှာများ မတော် တဆရောက်လာပြီး သန့်ရှင်းရေး လာ လုပ်ပေးကြရင် သူတို့ ဒါနစိတ်တွေ ပျောက်သွားမှာတောင် စိုးရိမ်မိတယ် ညီမလေးရယ်ပါပဲ။ သည်ဆေးရုံက လူနာ တွေ အတော်စည်းကမ်းမဲ့ပါလား ပြော ရင် လက်သည်းဆိတ် လက်ထိပ်က နာ တာပါပဲ။
ချီးထုပ်တွေ မပိတ်အောင်လို့ ဆေးရုံ အိမ်သာမှာ အိမ်သာစောင့် ထားရအောင် လည်း သန့်ရှင်းရေး ဝန်ထမ်းတွေမှာက လူနဲ့ဝန်က မမျှ။ အဲသည်လောက် ထိုင် စောင့်နေရအောင်လည်း မအားကြ။ စီစီတီဗွီတပ်ပြီး လာဆို့တဲ့သူ ဒဏ်ရိုက်ပါ လားဆိုလည်း မသင့်တော်ပြန်ဘူး။ ကိုယ့် လူနာတွေ လူနာစောင့်တွေ ကိုယ်တိုင်က စည်းကမ်းရှိမှပဲဖြစ်မယ့် ကိစ္စကိုး။ ကိုယ့် တာဝန် ကိုယ်ယူတတ်မှ ဖြစ်မှာကိုး။ ကိုယ်တွေမှာတော့ ချော့တစ်ဖုံ ဟောက် တစ်လှည့် စည်းကမ်းရှိအောင် ပြောဆိုနေ ရတာကတော့ နေ့စဉ် နေ့တိုင်းပါပဲ။ ကိုယ်တို့ လက်ထောက် ဆရာဝန်တွေရဲ့ တာဝန်တွေထဲမှာကိုက အဲသည် အိမ်သာ သန့်ရှင်းရေးကလည်း ပါသကိုး။ ဆရာ ဝန်ဆိုတာလည်း အိမ်သာစောင့်နတ် တစ် မျိုးပါပဲလေ။

ဒေါ်အောင်ဆန်းစုကြည် တစ်ခါ တုန်းက ပြောခဲ့ဖူးတယ်လေ။ လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ကြတာကိုက နိုင်ငံရေး လုပ်နေတယ် ဆိုတာလေ။ လက်သီး လက်မောင်းတန်းပြီး ဒို့အရေး ထအော်နေမှ နိုင်ငံရေး လုပ်နေတာ မဟုတ် ပါဘူး။ ကိုယ့်ချီးထုပ်ကို စနစ်တကျ စွန့်ပစ်တာလည်း နိုင်ငံရေးလုပ်နေတာ ပဲလို့ မောင်ခက်က လူနာတွေကို ပြော ပြောပြနေမိတယ်။မောင်ခက် ငယ်ငယ်တုန်းက ကာ တွန်းတစ်ကွက်ကို မျက်စိထဲ ပြန်မြင် ယောင်မိတယ်။
ပြာဂလောင် ပြာလချောင် ကာတွန်း လေး။ ပြာဂလောင်တို့ ညီအစ်ကို အဲယား ကွန်းဘတ်စ်ကြီး စီးတော့ အေးလွန်း ချမ်းလွန်းလို့ ခိုက်ခိုက်တုန်ကြတာပေါ့။ အဲတော့ ပြာဂလောင် ပြာလချောင်တို့က အရှေ့ခုံမှာ ထိုင်နေတဲ့ သူ့အဖေကြီးကို လှမ်းအော်ပြောတာပေါ့။

“ဖေကြီး ဖင်ပိတ်ပေးပါ။ ဖင်ပိတ် ပေးပါဗျို့။” ဆိုပြီးတော့လေ။ ပြောချင် တာက အဲယာကွန်း ပိတ်ပေးဖို့။ ကားပေါ် က အဲယားကွန်းကို အဲယားကွန်းမှန်း မသိတော့ ပန်ကာ ထင်ပြီး ပြောတာလေ။ ပန်ကာ (Fan) ပိတ်ပေးဖို့။
(Fan) ဖင်ပိတ်ပေးပါ ဆိုပြီးတော့ လေ။ အဲတော့မှ သူ့အဖေကြီးကလည်း ထအော်တော့တယ်။

“သားတို့ ဒါ ပန်ကာ(Fan) မဟုတ် ဘူး။ အဲယားကွန်းလို့ခေါ်တယ်။ လေအေး စက်ပေါ့ကွယ်။” ဆိုပြီးတော့။
မောင်ခက်တို့ ဆေးရုံမှာလည်း နေ့စဉ် နေ့တိုင်း မနက်ခင်း ချိန်ခါ စစ္စ တာကြီးတို့ရဲ့ တေးသံသာ” ဖင်ပိတ်ပေး ပါ” သံစဉ်ကိုတော့ ဆက်နားမထောင် လိုတော့ပါ။

ကိုယ့်တာဝန် ကိုယ်ယူနိုင်သော လူသားများ ဖြစ်ပါရစေ။