ဒုတိယတန်းကျောင်းသားကို ဒဏ်ရာပေါ်အောင် ရိုက်သည့်ကျောင်းဆရာ ခံဝန်ထိုးရ

0
526

ကော့သောင်းမြို့၊ အမှတ် (၁)အခြေခံ ပညာအထက်တန်းကျောင်းပညာသင်ကြားနေသည့် ဒုတိယတန်းကျောင်းသားအား အိမ်စာမပြီးသည့်အတွက် ဒဏ်ရာရအောင် ရိုက်နှက်ခဲ့သည့်ကျောင်းဆရာကို နောက်တစ်ကြိမ်မပြုလုပ်ရန် ကျောင်းအုပ်ကြီး ရုံးခန်းတွင်
ဝန်ခံလက်မှတ်ထိုးခိုင်းခဲ့ေ ကြာင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။


ဒုတိယတန်း (A) အခန်းတွင်ပညာသင်ကြားနေသည့် ကျောင်းသားအား အိမ်စာမပြီးဟုဆိုကာ ဇနန် ဝါရလီ၁၄ရက်တွင် ဆရာလုပ်သူက ကြိမ်လုံးဖြင့် ရိုက်ခဲ့ရာကလေး၏ လက်ပြင်နှင့်တင်ပါးအောက်ပိုင်းတွင် ကြိမ်လုံးအရာပေါ်သည်အထိ ဖြစ်ခဲ့သည်ဟု လေး၏ဖခင်ဖြစ်သူကပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ကလေးမိဘက တိုင်ကြားခြင်း မရှိ သော်လည်း Facebook လူမူကွန်ရက်ပေါ်တွင်ဖော်ပြခဲ့သည် ကိုတွေ့ရှိသောကြောင့်ကျောင်းအုပ်ဆရာကြီးမှ သိရှိကာခေါ်ယူ သတိပေးခံဝန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။”

ကျွန်တော် တို့က တိုင်လိုက်ရင်စာသင်ခန်းထဲမှာ ကလေးအပေါ် ဆရာဆက်ဆံရေး မပြေလည်မှာစိုးလို့ တိုင်တာ၊ တောတာမလုပ်တာပါ ကိုယ့်သားသမီးအဲလိုအရိုက်ခံရတာကိုတော့ စိတ်မကောင်းဘူး” ဟု ၎င်းက ပြောသည်။အဆိုပါ ကျောင်းဆရာမှာ ကလေး အရိုက်ကြမ်းသောကြောင့် ပထမတစ်ခါခေါ်ယူ သတိပေးခဲ့ရပြီးဖြစ်ကာ ယခုအခါတွင် ဒုတိယအကြိမ် ခေါ်ယူသတိပေးကာ ခံဝန်ထိုးခိုင်းခဲ့ကြောင်း အ.ထ.က (၁)ကျောင်းအုပ် ကြီး ကဆိုသည်။”နောက်တစ်ခါဆိုရင် ကလေးမိဘတွေရဲ့ ဆန္ဒအတိုင်း ကျောင်းဆရာကိုအပြစ်ပေးမယ်” ဟု ကျောင်းအုပ်ကြီးကဆိုသည်။မူလတန်းအရွယ် ကလေးသူငယ်များကိုတုတ်ကိုင် မဆုံးမရန်နှင့် ကြမ်းကြမ်းထန်ထန် မပြောဆိုရန် အစည်းအဝေးခေါ်ယူတိုင်း သတိပေးထားသည် ဟု ၎င်းက ပြောသည်။