ရေတွင်းထဲရောက် ဆင်သားပေါက်

0
479

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဏိုင်မြို့၊ ချောင်းမွန်ကျေးရွာ၊ ဆီအုန်းစိုက်ခင်းအတွင်းရှိ အလုပ်သမားများသောက်သုံးရန် တူးဖော်ထားသည့် အကျယ် ၄ တောင်၊ အလျား ၅ တောင်၊ အနက် ၁၀ တောင် ခန့်ရှိ ရေတွင်းအတွင်းသို့ ဇန်နဝါရီလ ၁၆ ရက်က အသက် ၃ နှစ်ခန့်အရွယ် အမည်းရောင် တောဆင်ထီးတစ်ကောင်နှင့် အသက် ၅ နှစ်ခန့်ရှိ အမည်းရောင် ဆင်မတစ်ကောင် ပြုတ်ကျသွားခဲ့သည်။

ယင်းကြောင့် သစ်တောဌာနမှမြေတူးစက်ဖြင့် လမ်းကြောင်းကော်ပေးကာ ကယ်ဆယ်ခဲ့ရကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။ မြေပြင်ပေါ် ပြန်ရောက်သွားသော ဆင်နှစ်ကောင်မှာ ဆီအုန်းတော အတွင်း တိုးဝင်ပျောက်ကွယ်သွားကြောင်း ဆီအုန်းအလုပ်သမားများကို ကိုးကား၍ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

new_elephant_2

new_elephant