နောက်လယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ပြန်ရွေးမည်

0
457

မြိတ်မြို့နယ် နောက်လယ် ရပ်ကွက် တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဒုတိယအကြိမ် ပြန်လည်ကျင်းပမည်ဟု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ် ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်ထံမှ သိရသည်။

ယင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဇန်နဝါရီ ၉ ရက်က ပြုလုပ် ခဲ့ပြီး ဦးယဉ်ထွေး ၂၇ မဲ၊ ဦးလှအောင် ၁၇ မဲ၊ လက်ရှိအုပ်ချုပ်ရေးမှူး ဦးထွန်း ဝင်းသိန်း ၁၆ မဲ၊ ဦးဝေယံဖြိုးလွင် ၃ မဲ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

မဲအများဆုံးဖြင့် အနိုင်ရခဲ့သူ ဦးယဉ်ထွေး၏ ဖခင်ဖြစ်သူသည် နိုင်ငံ ခြားသား မှတ်ပုံတင်လက်မှတ် ကိုင် ဆောင်ထားသူတစ်ဦးဖြစ်၍ ရပ်ကွက်^ ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေအခန်း(၃) ပုဒ်မ (၅)အရနိုင်ငံသားမိဘနှစ်ပါးမှ မွေး ဖွားသောနိုင်ငံသားဖြစ်ခြင်းဟူသော အချက်ဖြင့် ငြိစွန်းမှုရှိနေသည်ဟု ဆိုကာ ဆယ်အိမ်စုမှူး ၈ ဦးတို့က မြို့နယ်အုပ် ချုပ်ရေးမှူးရုံးသို့ ကန့်ကွက်ခဲ့ကြောင်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။”ဆယ်အိမ်စုမှူးတွေကို သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီ မှုရှိ^မရှိကိုပြန်လည်စိစစ်ပြီး အခုရက်ပိုင်း အတွင်း ပြန်ရွေးသွားပါမယ်”ဟု ကြီးကြပ် ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မဲအများဆုံးဖြင့် အနိုင်ရခဲ့သည့် ဦး ယဉ်ထွေးက လက်ရှိဆုံးဖြတ်ချက်အပေါ် ကျေနပ်သည်ဟု ပြောသည်။ဦးယဉ်ထွေးသည် နိုင်ငံခြားသား ဖခင်နှင့် နိုင်ငံသားမိခင်မှမွေးဖွားသော တရုတ် ဗမာလူမျိုးဖြစ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၆ အရ ၆/မ အရ (နိုင်)- – – – -ရရှိကိုင်ဆောင်ထား သူဖြစ်ကြောင်း ၎င်းထံမှသိရသည်။”ဆယ်အိမ်စုမှူးတွေကစ ပြန်လည် စိစစ်မယ်အုပ်ချုပ်ရေးမှူးကိုလည်း ပြန်ရွေးမယ်ဆိုတော့ လက်ခံပါတယ်”ဟု ယင်းရပ်ကွက် ဆယ်အိမ်စုမှူးတစ်ဦးက ပြောသည်။

ထို့ပြင်ပထမအကြိမ်တုန်းက ဝင် ရောက်အရွေးခံသည့် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းသိန်းသည် ရပ်ကွက်^ ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေအခန်း(၃) ပုဒ်မ(၅)အရ သက်ဆိုင်ရာရပ်ကွက်^ကျေး ရွာများအတွင် တစ်ဆက်တည်း အနည်း ဆုံး ဆယ်နှစ် နေထိုင်လျက်ရှိသူမဟုတ် သဖြင့် ရွေးချယ်ခံပိုင်ခွင့်မရှိကြောင်း ကြီး ကြပ်ရေးအဖွဲ့မှ သိရသည်။